Saturday, May 30, 2015

ကော့သောင်း-ရနောင်း နှစ်နိုင်ငံနယ်စပ် လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးကျင်းပ


ကော့သောင်း မေ ၂၉

မြန်မာနိုင်ငံ ကော့သောင်းမြို့ နှင့် ထိုင်းနိုင်ငံရနောင်းမြို့ နှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးတစ်ရပ် ကို မေ ၂၆ ရက်က ထိုင်းနိုင်ငံ ရနောင်းမြို့ Heritage ConventionCenter ၌ ကျင်းပသည်။


အစည်းအဝေးတွင် အိမ်ရှင် ထိုင်းနိုင်ငံ လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်မှုနှင့် လူသားလုံခြုံရေးမူဝါဒ ဆိုင်ရာဌာန၊ ရနောင်းခရိုင်ဌာနမှူး၊ ရနောင်း-ကော့သောင်း(BCATIP) ဥက္ကဋ္ဌMs.Supaporm Na Nakara နှင့် မြန်မာနိုင်ငံ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ကော့သောင်း-ရနောင်း(BCATIP) ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး တင်ဦးတို့က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသည့် ကော့သောင်း-ရနောင်း နှစ် နိုင်ငံနယ်စပ် လူကုန် ကူးမှုများ တိုက်ဖျက်ရေးဆိုင်ရာ ဌာနဆိုင်ရာကိုယ်စားလှယ်များက နှစ် နိုင်ငံနယ်စပ်အတွင်း လူကုန်ကူးမှု ပြဿနာများ၊ ရွှေ့ပြောင်းအလုပ် သမားများကိစ္စများကို အပြန်အလှန်တင်ပြညှိနှိုင်းဆွေးနွေးကြသည်။


အဆိုပါ ကော့သောင်း-ရနောင်း နှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှု ပူး ပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံ ရေးရုံးများအစည်းအဝေးကို မြန်မာ-ထိုင်းနှစ်နိုင်ငံ အလှည့်ကျ ပုံမှန် ကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် တစ်လျှောက်ဖြစ်ပွားလေ့ရှိသည့် လူ မှောင်ခိုလူကုန်ကူးမှု ပြဿနာများ၊ တစ်ဖက်နိုင်ငံအတွင်း တရားဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် အလုပ်ရှင်ပြဿနာများ၊ ငါးဖမ်းလှေ လုပ်သားပြဿနာများ၊ နယ်စပ်ဖြတ် ကျော်မှုခင်းကိစ္စများ မဖြစ်ပေါ်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment