ရန်ကုန် မေ ၃၁
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ တတိယ
အကြိမ်မြောက် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနားကို
ယနေ့ ညနေ (၃) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်၌ ကျင်းပသည်။
ယနေ့ ကျင်းပသည့် တတိယအကြိမ် (၂၀၁၄-၂၀၁၅)
အမျိုးသားသတင်းဆုချီးမြှင့်ပွဲတွင် သတင်း သူရဲကောင်းဆု၊ အကောင်းဆုံး သတင်းကာတွန်းဆု၊
အကောင်းဆုံး သတင်းဓာတ်ပုံဆုနှင့် အကောင်းဆုံး သတင်းရုပ်/သံဆု စုစုပေါင်း (၄) မျိုးကို
ပေးအပ်ချီးမြှင့်ခဲ့သည်။