Tuesday, April 28, 2015

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့၌ ကြည့်ရှု လေ့လာ




ကွမ်ကျိုး ဧပြီ ၂၇
 
ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာ လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ကွမ်ကျိုးမြို့ရှိ ကန်တုံ တာဝါ (Canton Tower) သို့ သွားရောက် လေ့လာကြရာ ကန်တုံတာဝါ (Canton Tower) ဒုတိယ အထွေထွေ မန်နေဂျာ Mr. Wu Hao Zhong နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံ ရှင်းလင်း ပြသကြသည်။

ဆက်လက်၍ ကန်တုံ တာဝါမှ ကွမ်ကျိုးမြို့ရှုခင်းအား ကြည်ရှုကြသည်။ ကန်တုံ တာဝါသည် အာရှတွင် တတိယအမြင့်ဆုံး တာဝါတစ်ခုဖြစ်ပြီး အထပ်ပေါင်း ၁၁၈ ထပ်ရှိကာ ၆၀၀ မီတာခန့် မြင့်သည်။ ၎င်း တာဝါအား (၅)နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့ဝင်များသည် ဧပြီ ၂၆ ရက် နံနက်ပိုင်း တွင် ကွမ်ကျိုးမြို့ LEAFUN HI - TECH COMPANY သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် ကွမ်ကျိုးမြို့ Yushu Community သို့ ရောက်ရှိရာ အုပ်ချုပ်ရေးမှူး Mr. Xie Jie Ying က လိုက်လံ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကွမ်ကျိုးမြို့ ဖွံ့ဖြိုးတိုးတက်ရေးဇုံသို့ ရောက်ရှိကြရာ ပြခန်း အတွင်းရေးမှူး မစ္စတာ ချန်းကျယ်ဇီနှင့် တာဝန်ရှိ သူများက ကြိုဆိုကြပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
၎င်းနောက် ကွမ်ကျိုးမြို့မှ လေကြောင်းခရီးဖြင့် ပေကျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်၌ တရုတ်ပြည် သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး မြင့်သိန်းနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။
ထို့နောက် မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ ခေတ္တတည်းခိုမည့် ပေကျင်းမြို့ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) သို့ ရောက်ရှိကြသည်။

No comments:

Post a Comment