Tuesday, April 28, 2015

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေး



ပေကျင်း ဧပြီ ၂၇
 
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဌာနဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့နှင့် ဧပြီ ၂၆ ရက် ည ၆ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျောက်ယူထိုင်နိုင်ငံတော် ဧည့်ဂေဟာ (Diaoyuttai State Guesthouse) ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အတူ ပြည်သူ့လွှ တ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုး သာ၊ သူရ ဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ တရုတ်ပြည်သူ့ သမ္မ တနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့ဝင်များအား ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့က ဂုဏ်ပြု ညစာ စား ပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

No comments:

Post a Comment