Tuesday, April 28, 2015

ကမ္ဘာတွင်ပထမဆုံး တည်ထားသည့် ကျောက်စိမ်းစေတီတော် အထက်ဌာပနာသွင်းခြင်းနှင့် ရွှေထီးတော်တင်လှူပွဲ ကျင်းပနိုင်ရေး ဆွေးနွေး





အမရပူရ ဧပြီ ၂၇
 
မန္တလေးတိုင်းခရိုင် အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်သည့် ဝေရောစနကျောက် စိမ်း စေတီတော်မြတ်ကြီး၏ အထက်ဌာပနာ ပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပရေး ညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ စေတီတော်အတွင်းရှိ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်ပြီး လုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် သစ်တောနှင့် သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးသန်းစိုးမြင့်က စေတီတော်မြတ်ကြီး၏ အထက်ဌာပနာ ပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု လုပ်ငန်း အခြေအနေကိုလည်းကောင်း၊ အလှူရှင်ဦးစိုးနိုင်က ကျောက်စိမ်းစေတီတော် တည်ဆောက်ပြီး စီးမှုအခြေအနေ နှင့် ရွှေထီးတော် တင်လှူပူဇော်မည့် အစီအစဉ်များကိုလည်းကောင်း၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေ ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို မှာကြားကာ သက်ဆိုင်ရာ တာဝန်ရှိသူများအား လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေရောစနကျောက်စိမ်း စေတီတော်မြတ်နှင့် ပရိဝုဏ်အတွင်း သာသနိက အဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရွှေထီးတော်တင်လှူ ပူဇော်နိုင်ရန်အတွက် လုပ်ငန်းများ ကြိုတင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုကြပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။
မန္တလေးခရိုင် အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်သည့် ဝေရောစနကျောက်စိမ်း စေ တီတော် မြတ်သည် ကမ္ဘာတွင် ပထမဆုံး တည်ထားကိုးကွယ်မည့် ကျောက်စိမ်းစေတီတော် ဖြစ်သည်။

No comments:

Post a Comment