Thursday, April 30, 2015

တစ်နေ့တန်(၂၀၀)ကျ ဆာတာကေးဆန်စက် တည်ဆောက်လျက်ရှိ


နေပြည်တော် ဧပြီ(၃၀)
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ဒုတိယဝန်ကြီး ဦးအုန်းသန်း တို့သည် ယနေ့ နံနက်(၇)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ စက်မှုလယ်ယာ စနစ် ဧက (၃၀၀၀) တဆက်တစပ်တည်း စိုက်ကွင်းတွင် ပုလဲသွယ်စပ် မျိုးစပါးများ ဝတ်မှုံကူးပွဲတော် ကျင်းပနေမှုများ ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ အကူအညီပေးသည့် ခေတ်မီ ကူဘိုတာ ထွန်စက်များ၊ ကူဘိုတာရိတ်သိမ်း ခြွေလှေ့စက်ကြီးများ ခင်းကျင်းပြသထားမှုများ အားလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် ငလိုက်ဆည်ရေ သောက်စနစ်၏ လက်တံမြောင်း ဝဲ၊ ယာရှိ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေသည့် စပါးခင်းများနှင့် ပုလဲ သွယ်စပ်မျိုးစပါး စိုက်ခင်းကြီးများနှင့် ရင့်မှည့် ဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်-ပျဉ်းမနား လမ်းဟောင်းအနီး မြန်မာလယ်ယာ စီးပွားအများပိုင် ကုမ္ပဏီလီမိတက် MAPCO (မပ်ကို) ၏ တစ်နေ့တန်(၂၀၀)ကျ ခေတ်မီ ဆာတာကေး ဆန်စက် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စက်ကိရိယာများ တပ်ဆင်ပြီးစီးမှု၊ အခြောက်ခံ စက်ကိရိယာများ တပ်ဆင်ပြီးစီးမှု၊ Silo တပ်ဆင်နေမှု လုပ်ငန်းများနှင့် တောင်သူများအား ဝန်ဆောင်မှုပေးရန် အသင့် ရောက်ရှိလာသော ဆိုနာလီကာ ထွန်စက်များအား ကြည့်ရှုအားပေး သည်။
နိုင်ငံတော်ရှိ လူဦးရေ (၅၂)သန်း၏ စားသုံးမှု လိုအပ်ချက်အား အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်သည့်အပြင် မမျှော်လင့်ဘဲ ဖြစ်ပေါ် လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ၊ လူများကြောင့် ဖြစ်ပေါ် တတ်သော ဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေး၍ ဆန်စပါး ဖူလုံရေးကို အားသွန်စိုက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည်။
ပညာရှင်များ အနေဖြင့် စံပြစိုက်ကွင်းများ ထူထောင်ပြီး သိပ္ပံနည်းကျ စိုက်နည်းစနစ်များ၊ အထွက်နှုန်း တိုးတက်စေမည့် မျိုးစေ့ထုတ် ပညာရပ်များကို ပျံ့နှံ့အောင် လေ့ကျင့်ပေးနိုင်ရေးအား တစ်ရာသီပြီးတစ်ရာသီ ကြိုးစားလုပ်ဆောင်လျက် ရှိသည်။

No comments:

Post a Comment