Tuesday, April 28, 2015

လျှပ်စစ်မြစ်ရေတင် လုပ်ငန်းဖြင့် ပဲတီစိမ်း စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းကြည့်ရှု




ညောင်ဦး ဧပြီ ၂၇
 
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သန်းသည် စိုက်ပျိုး
ရေး ညှိနှိုင်းမှု အဖွဲ့များလိုက်ပါလျက် ဧပြီ ၂၄ ရက်က ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ စိုက်ပျိုး
ရေးနှင့် ဆည်ငယ်၊ ကန်ငယ်များ ပြုပြင်မှုလုပ်ငန်းများကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် လောကနန္ဒာ မြစ်ရေတင် လုပ်ငန်းကို စစ်ဆေးရာ ရေအရင်းအမြစ် အသုံးချ
ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဝင်းဆန်းက ယခုနှစ်အတွင်း နွေသီးနှံလျာထားမှု အပေါ် ရေပေးဝေခဲ့
သည့်အခြေအနေ၊ လက်ရှိရေစုကန်တွင် စုဆောင်းကျန်ရှိသည့် ရေပမာဏ၊ ဧရာဝတီမြစ်ရေ တက်လာမှုအခြေ
အနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဝန်ကြီးက လျှပ်စစ်မီးရရှိမှု ယခင်နှစ်ကထက်ပိုကောင်းမွန်လာပြီ
ဖြစ်၍ လျာထားနွေသီးနှံ ပြည့်မီကျော်လွန်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စက်များ ကြံ့ခိုင်ရေးပုံမှန်ဆောင်ရွက်
ရန်တို့ကို မှာကြားခဲ့သည်။
ယင်းမှတစ်ဆင့် ဝန်ကြီးနှင့်အဖွဲ့သည် လောကနန္ဒာမြစ်ရေတင်ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော
တောင်သူ ဦးသိန်းဟန်၏ ပဲတီစိမ်းစိုက်ခင်းကို စစ်ဆေးခဲ့သည်။ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးလှမြင့်
အောင်က ဦးသိန်းဟန်၏ စိုက်ခင်းမှ ယမန်နှစ်က တစ်ဧကတင်း ၂ဝ ထွက်ရှိခဲ့ကြောင်း၊ လက်ရှိဖြစ်ထွန်းမှုအရ
တစ်ဧက ၂၅ တင်းအထက် ထွက်ရှိနိုင်ကြောင်းနှင့် ပဲတီစိမ်းသီးနှံမှာ ယခုနှစ်ဈေးကောင်းသဖြင့် တောင်သူများ
ဝင်ငွေတိုး၍ ရရှိစေသည့် သီးနှံဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့များအနေဖြင့် တောင်သူများအား ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ဝင်ငွေတိုးတက်
ရရှိစေမည့် သီးနှံများကို ရွေးချယ်ပေးရန် လိုအပ်ကြောင်းနှင့် စိုက်ပျိုးပြီးပါကလည်း အောင်မြင်ဖြစ်ထွန်းရေး
အတွက် အချိန်အခါအလိုက် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးက မှာကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် စုတည်ကျေးရွာအုပ်စု၊ စပါးသင်ကျေးရွာ အနီးရှိ စပါးသင်သောက်သုံး
ရေကန် ပြုပြင်ပြီးစီးမှုကို စစ်ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ ကန်ထိန်းသိမ်းရေးကော်မတီ
ဖွဲ့စည်းပြီး ရေကန်ရည်ရှည် တည်တန့်အောင် ဆောင်ရွက်ကြရန်နှင့် နယ်မြေဒေသနှင့် ကိုက်ညီသည့် ထန်းပင်များ
ကိုလည်း စိုက်ပျိုးကြပြီး ပင်အိုများနေရာတွင် ပင်ပျိုးများ အစားထိုးနိုင်ရေး လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြား
တိုက်တွန်းခဲ့သည်။

No comments:

Post a Comment