Monday, April 27, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ အကြီး အကဲ မစ္စတာ လျောင်ချွမ်းရင် အားလက်ခံတွေ့ဆုံ ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးဆွေးနွေး




ကွာလာလမ်ပူ ဧပြီ ၂၆
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် ညနေ နာရီ တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ အကြီး အကဲဖြစ်သူ အုပ်ချုပ်ရေးမှူးချုပ် မစ္စတာ လျောင်ချွမ်းရင် အား ကွာလာလမ်ပူမြို့ Mandarin Orientalဟိုတယ်၊ Citrine Room လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေး၊ မြန်မာ နိုင်ငံနှင့် ဟောင်ကောင်အကြား လေကြောင်းဆက်သွယ်မှု တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ်တွင် ဟောင်ကောင်အစိုးရ အဖွဲ့၏ ဘဏ္ဍာရေး အတွင်းဝန် မစ္စတာ ဂျွန်ဆန်ချွမ်းဝါ၊ ၂ဝ၁၄ ခုနှစ်တွင် ဟောင်ကောင်ကူး သန်းရောင်းဝယ် ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန အတွင်းဝန် မစ္စတာ ဂရီဂိုရီ ဆိုခမ်းလျောင်တို့ လာရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ဟောင်ကောင်သည် စတုတ္ထမြောက်နေ ရာတွင် ရပ်တည် လျက်ရှိသည်။ ဟောင်ကောင်က မြန်မာနိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ ကျောက်မျက်နှင့် ပုလဲ လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ဆောင် ရွက်လျက်ရှိပြီး သီလဝါအထူး စီးပွားရေးဇုန်တွင် ဟောင်ကောင် အထည်ချုပ်လုပ်ငန်းများ က မြေဧက ၄ဝဝ ငှားရမ်းလုပ် ကိုင်လျက်ရှိကြောင်း သိရှိ ရသည်။

No comments:

Post a Comment