Wednesday, April 29, 2015

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ယူနန်ပြည်နယ် ကွန်မြူနစ် ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန်နှင့် တွေ့ဆုံ

ကူမင်း- ဧပြီ ၂၉
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်  အဖွဲ့သည် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယဝန်ကြီး Mr. Chen Fengxiang ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်တို့နှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့ သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ထိုမှတစ်ဆင့် စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက်ကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစုသို့ ရောက်ရှိရာ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ လီယွင်စစ်က စိုက်ပျိုးသီးနှံများ ထုတ်လုပ်ဖြန့်ဖြူးတင်ပို့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကိုယ်စားလှယ် အဖွဲ့သည် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစု၏ ဇီဝနည်းပညာစိုက်ပျိုးရေးပြခန်းအား လှည့်လည်ကြည့်ရှု လေ့လာသည်။
ထို့နောက် ယူနန်တိုင်းရင်းသားကျေးရွာကို သွားရောက်ကြည့်ရှုလေ့လာပြီး မူဆိုး တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဖွဲ့၏ ကပြဖျော်ဖြေမှုအား ကြည့်ရှု အားပေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန်နှင့် ဒေသစံတော်ချိန် ည ၆ နာရီခွဲတွင် ကူမင်းမြို့ရှိ ခေတ္တ တည်းခိုသည့် KAIWAH PLAZA ဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲအပြီးတွင် ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေး မှူး မစ္စတာ လီကျိဟန် က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

No comments:

Post a Comment