Monday, April 27, 2015

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများအတွက် မှတ်တမ်းများ ထားရှိဆောင်ရွက်နေခြင်း အား သိရှိနိုင်ရန် သတင်း ထုတ်ပြန်ခြင်း



ပြန်ကြားရေး ဝန်ကြီးဌာနသည် ယခင်စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲအား အစိုးရသစ် လက်ထက်တွင် ခေတ်စနစ် နှင့် လျော်ညီစွာ ၂၄--၂ဝ၁၃ ရက်နေ့မှစ၍  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများအတွက် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်းနှင့် ထုတ်ဝေစာများ အား မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိခြင်း၊ တစ်နှစ်အတွင်းထုတ်ဝေသော စာအုပ်စာတမ်းများ နှစ်စဉ်စာရင်းပြုစု မှတ်တမ်းထားရှိခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေများနှင့် အညီ
လက်ခံရရှိသော စာအုပ်စာစောင်များကို ၁၉၈၄ ခုနှစ်မှစ၍ ၂ဝ၁၄ ခုနှစ်အထိ သက်ဆိုင်ရာနှစ်အလိုက် မြန်မာနိုင်ငံအတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများ နှစ်ချုပ် စာရင်းစာအုပ် ၂၈ အုပ် ထားရှိပြီး မှတ်တမ်းတင် သိမ်းဆည်းထားပါသည်။
ယခင်က စာအုပ်စာစောင်များကို မှတ်တမ်းအဖြစ်သိမ်းဆည်းခဲ့ရာ ရေရှည်ထား သိုသိမ်းဆည်းရန် နေရာအခက် အခဲရှိသဖြင့် အရေးကြီးသည်ဟုယူဆရသော စာအုပ်စာစောင်များကိုသာ ဆက်လက်သိမ်းဆည်းနိုင်ပြီး အများစုမှာ နှစ်ရှည်ဆက် လက်ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့သည့်အတွက် လက်ရှိတွင် နှစ်အဆက် ဆက်မှတ် တမ်းဖြင့် သိမ်းဆည်းထားသော စာအုပ်စာစောင် ၂၅၇၇၂ အုပ်သာရှိပါသည်။ ယခုအခါ အသစ်ပြဋ္ဌာန်း သည့်ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေများအရ ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှပေးပို့လာသည့် Electronic Document များကိုလည်း ရေရှည်သိမ်းဆည်းမှတ်တမ်းထားရှိရန် ဆောင်ရွက် လျက်ရှိပါသည်။
ထို့ပြင် နှစ်စဉ်တစ်နှစ်အတွင်း ထုတ်ဝေသောစာအုပ်စာ တမ်းများစာရင်း ကိုလည်း ဆက်လက်ပြုစုမှတ်တမ်း ထားရှိပြီး ယင်းစာအုပ်စာရင်းကို လေ့လာလိုသူများအတွက် စီဒီဖြင့်ဖြန့်ဝေပေးနိုင်ရေး ၂ဝ၁၄ ခုနှစ်မှ စတင် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ကြောင့် နှစ်စဉ်မြန်မာနိုင်ငံအတွင်း ထုတ်ဝေခဲ့သော စာအုပ်စာစောင် များနှင့်ပတ်သက်၍ သုတေသန ပြုလိုသူများ၊ စာအုပ်စာရင်း ပြုစုလိုသူများ၊ မူပိုင်ခွင့်အတွက် အထောက်အထားအဖြစ် လေ့လာအသုံးပြုလို သူများ အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တယ်လီဖုန်းအမှတ် ဝ၆၇- ၄၁၂၂၄၂၊ ဝ၉-၈၆၃၆၆၈ဝ တို့သို့ ဆက်သွယ်ပြီး အခမဲ့လေ့လာဖတ်ရှုမှတ်တမ်းပြုနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါ သည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment