Wednesday, April 29, 2015

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ


ရန်ကုန်- ဧပြီ ၂၉
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီးနောက် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ   နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး တိုင်းဒေ သကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေ သကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးတီခွန်မြတ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။                  


No comments:

Post a Comment