Tuesday, April 28, 2015

နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ခင်ခင်ဝင်း လူမှုစီးပွားရေးမှ တစ်ဆင့် တောင့်တင်း ခိုင်မာစေခြင်း ဖိုရမ်သို့ တက်ရောက်





နေပြည်တော် ဧပြီ ၂၇

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်ခင်ခင်ဝင်းသည် ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (Plenary Theatre) ၌ ကျင်းပသည့် လူမှုစီးပွားရေးမှတစ်ဆင့် တောင့်တင်း ခိုင်မာ စေခြင်း ဖိုရမ်သို့ တက်ရောက်သည်။

ဖိုရမ်တွင် မလေးရှားနိုင်ငံ ၀န်ကြီးချုပ်၏ဇနီး ဒါတင်ပါတူကာ ဆာရီရော့မာမန်ဆွာ က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြား သည်။
ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Yunus စင်တာ၏ အုပ်ချုပ်မှု ဒါရိုက်တာ Ms. Lamiya Morshed က လူမှုစီးပွားသီအိုရီနှင့် လက်တွေ့ ကျင့်သုံးမှု ဥပမာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Telecom Trust မှ ဦးဆောင် ညွှန်ကြားရေးမှူး Mrs.Parveen Mahmad က လူမှုစီးပွား လုပ်ငန်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ မူဝါဒများနှင့် ဘဏ္ဍာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

No comments:

Post a Comment