Monday, April 27, 2015

မလေးရှားနိုင်ငံ ၀န်ကြီးချုပ်နှင့်ဇနီးတို့က အာဆီယံနိုင်ငံများမှ နိုင်ငံအကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများအား ညစာစားပွဲတည်ခင်းဧည့်ခံ


ကွာလာလမ်ပူ ဧပြီ ၂၆
(၁၂) ကြိမ်မြောက် အာဆီယံခေါင်းဆောင်မှု ဖိုရမ်သို့ တက်ရောက်လာ ကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတွတ်ဆရီ မူဟာမက် နာဂျစ်ဘင်တွန်း အဗ္ဗဒူလ် ရာဇတ်နှင့် ဇနီးတို့က ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် ကွာလာ လမ်ပူမြို့ရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ၌ ညစာစားပွဲ (Gala Dinner) ဖြင့် တည်ခင်းဧည့်ခံသည်။

ရှေးဦးစွာ ညစာစားပွဲသို့ အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် အကြီး အကဲများ၊ ဇနီးများက နိုင်ငံအလိုက် အက္ခရာစဉ် အတိုင်း ခန်းမအတွင်း သို့ ဝင်ရောက်လာကြရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရင်းနှီးစွာ ကြိုဆိုနှုတ် ဆက်ပြီး မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။ ထို့နောက် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများ စုပေါင်း ကာ မှတ်တမ်း တင်ဓာတ် ပုံရိုက်ကြသည်။
ထို့နောက် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများနှင့် ဇနီး များသည် ညစာစားပွဲကျင်းပသည့် ခန်းမအတွင်း သို့ ရောက်ရှိလာကြရာ အစီ အစဉ်အရ မလေးရှားအနုပညာရှင်များက ရိုးရာသီချင်း၊ အကအလှများဖြင့် သီဆိုဖျော် ဖြေကြို ဆိုသည်။
ယင်းနောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ များနှင့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများသည် ညစာကို အတူတကွ သုံးဆောင်ကြသည်။

No comments:

Post a Comment