Sunday, April 26, 2015

ကုလားချောင်းကျေးရွာအနီး လက်နက်ကိုင်တစ်ဦး ဖမ်းဆီးရမိ




နေပြည်တော်  ဧပြီ  ၂၆
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားချောင်း ကျေးရွာအနီး မြောက်ဘက် တောင်ကြောတွင်  လက်နက် ကိုင်တစ်ဦး ခိုအောင်းလျက် ရှိကြောင်း ဧပြီ ၂၅ ရက်တွင် ဒေသခံ ပြည်သူများ၏ သတင်း ပို့ချက်အရ သိရှိရသဖြင့်   တပ်မတော် စစ်ကြောင်းများက စပါးဆိပ်-ကုလားချောင်း နယ်မြေအတွင်း အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းရှာဖွေခဲ့ရာ ကုလားချောင်းကျေးရွာ ၏မြောက်ဘက် မီတာ ၁၀၀၀ ခန့်တွင်   ထွန်းထွန်းဝင်း ၃၁ နှစ်() ဦးထွန်းခိုင်အား အမ်(၂၂) ပုံစံ သေနတ် လက်၊ ၎င်းကျည် ၃၀ တောင့်၊ ကျည်အိမ် ခု၊ လက်ပစ်ဗုံး လုံး၊ ချပ်ဝတ်တန်ဆာ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ  သတင်းများဖော်ထုတ်၍ ရခိုင်ပြည်နယ်အတွင်း  လက်နက်ကိုင်အဖွဲ့များ  စိမ့် ဝင်လှုပ်ရှားမှုမရှိစေရေး အသေးစိတ်နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


No comments:

Post a Comment