Tuesday, April 28, 2015

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ဧပြီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်-အရှေ့အာရှ နှင့် ဧပြီလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ လူဇန်းမြို့တွင် ကျင်းပသော ကမ္ဘာ့ခရီးသွား လုပ်ငန်းဖိုရမ်များသို့ တက်ရောက်





နေပြည်တော် ဧပြီ ၂၇ 
 
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ဧပြီလ (၁၉)ရက် နံနက်တွင် ဂျာကာတာမြို့၊ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပ ပြုလုပ်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ အခွင့်အလမ်းများဆိုင်ရာ နံနက်ခင်း စကားဝိုင်း၊ သတင်းခေတ်တွင် စီးပွားရေး လုပ်ငန်းများ၏ အနာဂါတ် အလုပ်ရုံဆွေးနွေးပွဲ၊ အာဆီယံ ပေါင်းစည်းရေးနှင့် နောက်ပိုင်း ခရီးသွားလာမှု အဆင် ပြေ လွယ်ကူရေး အလုပ်ရုံဆွေးနွေးပွဲနှင့် အခြား ဆက်စပ် အစည်းအဝေးတို့တွင် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူ တက်ရောက် ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့စီးပွားရေး ဖိုရမ်စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၊ အဖွဲ့ဝင် Mr. Philip Rosler နှင့် တွေ့ ဆုံ ဆွေးနွေးသည်။
ထို့နောက် ဧပြီ(၂၀)ရက် နံနက်တွင် ပြည်ထောင်စု ၀န်ကြီးသည် နံနက်ခင်း ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်တွင် ပါဝင် တက်ရောက် ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် (၂၄) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်-အရှေ့အာရှဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ယင်းအခမ်း အနားတွင် အင်ဒိုနီးရှား သမ္မတ Joko Widodo၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် Samdech Techo Hun Sen၊ ရုရှားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Arkady Dvorkovich နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Nguyen Xuan Phuc တို့ တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် ဧပြီ(၂၁) ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့၏ (၄) နိုင်ငံ ပူးပေါင်း မြှင့် တင်ရေးနှင့် ဖွံ့ဖြိုးရေးနံနက်ခင်း အစည်းအဝေးသို့ တက်ရောက်သည်။
ဧပြီ(၂၂) ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆွစ်ဇာလန်နိုင်ငံ၊ လူဇန်းမြို့၊ ပဲလေ့စ် ဟိုတယ်၌ ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ ခရီးသွား လုပ်ငန်းဖိုရမ် အကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ယင်းအစည်းအဝေးတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် ပိုမိုဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများ၊ လူငယ်အတတ် ပညာရှင်၊ လုပ်ငန်းရှင်များ တိုးတက်ဖွံ့ဖြိုးရေး၊ မြို့ပြဒေသနှင့် မြို့ကြီးပြကြီးများကြောင့် ဖြစ်ပေါ်နိုင်သည့် ပြဿနာနှင့် အခက်အခဲများ စပ်လျဉ်း၍ ဆွေးနွေးသည်။
ဧပြီ (၂၃)ရက် နံနက်တွင် ပြည်ထောင်စုဝန်ကြီးသည် လူဇန်းမြို့ စီးပွားရေး အဆောက်အအုံတွင် ကျင်းပသည့် စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ခရီးသွား လုပ်ငန်းဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ယင်းအခမ်းအနားသို့ ဆွစ်ဇာလန်နှင့် ဥရောပနိုင်ငံများ၊ အဖွဲ့အစည်းများမှ အစိုးရနှင့် ပုဂ္ဂလိက အခန်းကဏ္ဍတို့မှ ပုဂ္ဂိုလ်များ၊ ဘူတန်နိုင်ငံမှ Her Majesty the Queen Mother Sangay Choden Wangchuck တို့တက်ရောက် အမှာစကား ပြော ကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ဧပြီ (၂၃)ရက် မွန်းလွဲပိုင်းတွင် လူဇန်းမြို့တွင် ဖွင့်လှစ်ထားသည့် SHI Co., Ltd ၏ ဟိုတယ်လုပ်ငန်း ဆိုင်ရာ သင်တန်းသို့ သွားရောက်လေ့လာခဲ့ရာ အဆိုပါ ကျောင်း၏ Regional Director SHL Asia ဖြစ်သူ Mr.Bart Ferwerda က သင်တန်းကျောင်း ဖွင့်လှစ်ထားမှု အခြေအနေကို လိုက်လံ ရှင်းလင်း ပြသခဲ့ပါသည်။
အဆိုပါ ကျောင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသင်းချုပ်၊ ခရီးသွား ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်၊ ပုဂ္ဂလိက သင်တန်းကျောင်းများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်ရန်နှင့် ကျောင်းသား/ကျောင်းသူများ အပြန်အလှန် လေ့လာရေး အစီအစဉ်များ လုပ်ကိုင်နိုင်ရန် ဆွေးနွေးသည်။
ဧပြီ(၂၄)ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ဘီဘီစီ အသံလွှင့်ဌာနမှ ကမ္မကထပြုဆောင်ရွက် သည့် တွေ့ဆုံဆွေးနွေး ပွဲသို့ အခြားလုပ်ငန်းရှင်နှင့် ပညာရှင် (၃) ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၄င်းတို့ထံမှ လိုအပ်သည့် အကူအညီ ရရှိရေး အတွက် ညှိနှိုင်းဆွေးနွေးသည်။
ညနေပိုင်းတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးပွဲများ၏ ရလဒ်များကို ပြန်လည် ဖော်ထုတ်ညှိနှိုင်းသည်။
ယင်းဖိုရမ်ကို ပြည်ထောင်စု ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသင်းချုပ်၏ အမှုဆောင်များ ဖြစ်ကြသော ဦးဖြိုးဝေ ရာဇာနှင့် ဦးကျော်မင်းထင်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment