Thursday, April 30, 2015

အမေရိကန်ပြည်ထောင်စုက မြန်မာလူငယ်များ အတွက်ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းများ နှစ်စဉ်ခေါ်ယူ ပို့ချလျက်ရှိ


ရန်ကုန် ဧပြီ ၂၉
တတိယအကြိမ် မြန်မာလူငယ် ခေါင်းဆောင်မှု အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မှ ကျောင်းသား ကျောင်းသူ ၁၇ ဦးနှင့် ဆရာ ဆရာမ သုံးဦး တို့သည် အမေရိကန်ပြည်ထောင်စု၌ ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၂၈ ရက်အထိ လေးပတ်ကြာ ခေါင်း ဆောင်မှုဆိုင်ရာ သင်ခန်းစာများကို စာတွေ့ လက်တွေ့လေ့လာသင်ယူခွင့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးမှ သိရသည်။



အဆိုပါ မြန်မာလူငယ်ခေါင်းဆောင် မှုအစီအစဉ်နှင့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ် (South East Asia Youth Leadership Program - SEAYLP)တွင် ၂ဝ၁၅ခုနှစ်၌ လေ့လာသင်ယူခွင့် ရရှိခဲ့ကြ သူများ၏တွေ့ဆုံပွဲကို ယမန် နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အစီအစဉ်များသို့ အတန်း ပညာထူးချွန်ပြီး လူမှုအထောက် အကူပြုလုပ်ငန်းများတွင် စိတ်ပါဝင် စားသူ၊ ပရဟိတ အကျိုးဆောင် လုပ်ငန်းများကို လုပ်ဆောင်နေသူ၊ အင်္ဂလိပ်စာအရည်အသွေး ကောင်း မွန်ပြီး ဆက်သွယ်ပြောဆိုနိုင်သူ စသည့် အခြေခံအချက်များကို အဓိကထား ရွေးချယ်ကြောင်း သိရသည်။
အုပ်ချုပ်သူအဖြစ် လိုက်ပါမည့် ဆရာ ဆရာမများကို ရွေးချယ်ရာတွင် သင်ကြားရေးအပိုင်း၌ လက်တွေ့ သင်ကြား နေသည့် ဆရာဆရာမများ၊ လူငယ်များနှင့်ပူးတွဲပြီး စီမံကိန်းများ လုပ်ဆောင်နေသူများကို ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ်ခေါင်းဆောင်မှုအစီ အစဉ်ကို ၂ဝ၁၂ ခုနှစ်တွင် ကျောင်းသား ကျောင်းသူ ၁၅ ဦးနှင့် အုပ်ချုပ်သူ ဆရာ ဆရာမ သုံးဦးတို့ကို ရွေးချယ်ကာ စတင်ခဲ့ခြင်းဖြစ်သည်။ မူလအစီအစဉ် အရ နှစ်နှစ်တစ်ကြိမ် ရွေးချယ် စေ လွှတ်ရန်သတ်မှတ်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်၌ ကျောင်းသား ကျောင်းသူ ၁၈ ဦးနှင့် ဆရာ ဆရာမ နှစ်ဦး စုစုပေါင်း ၂ဝ ကို စေလွှတ်ခဲ့ပြီးနောက်တွင် အစီအစဉ် အောင်မြင်ခြင်း၊ ကျောင်း သား ကျောင်းသူများ၏ ခေါင်းဆောင် မှုစွမ်းရည် တိုးတက်လာသည်ကိုတွေ့ရှိ ရခြင်းတို့ကြောင့် ၂ဝ၁၅ ခုနှစ်မှ စတင် ကာ နှစ်စဉ် စေလွှတ်ရန် ပြင်ဆင် သတ်မှတ်ပေးခဲ့သည်။ မြန်မာလူငယ် ခေါင်းဆောင်မှု သင်တန်းသို့ ပထမ အကြိမ်မှ တတိယ အကြိမ်အထိ မြန်မာ နိုင်ငံမှအုပ်ချုပ်သူ အပါအဝင် လူငယ် ၅၈ ဦးတို့က အမေရိကန်ပြည်ထောင်စု သို့ သွားရောက်ပြီး သင်တန်းတက် ရောက်ခဲ့ကြသည်။
ထို့အပြင် ၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက် မှ ၂၆ ရက်အထိ အမေရိကန် ပြည်ထောင်စု၌ပြုလုပ်သည့် အရှေ့ တောင်အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ် (South East Asia Youth Leadership Program - SEAYLP) သို့ အသက်(၁၅)နှစ်မှ (၁၇)နှစ်အရွယ်ရှိ မြန်မာကျောင်းသား ကျောင်းသူ ငါးဦးနှင့် အုပ်ချုပ်သူ ဆရာတစ်ဦးတို့ ပါဝင်ခွင့်ရရှိခဲ့ သည်။
ရန်ကုန်မြို့ အမေရိကန်သံရုံး Cultural Affairs ဌာနမှ တာဝန်ရှိ သူတစ်ဦးက"SEAYLPဆိုရင် အရှေ့ တောင် အာရှမှာရှိနေတဲ့ ကျောင်း သား ကျောင်းသူတွေကို စေလွှတ်တာ ဖြစ်တဲ့အတွက် အခြားသော အရှေ့ တောင်အာရှ နိုင်ငံတွေက ကျောင်း သား ကျောင်းသူတွေနဲ့လည်း တွေ့ဆုံ ခွင့်ရမယ်။ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ဝါရှင်တန် ဒီစီမြို့တော်ကို သွားရပါတယ်။ သင်တန်းတက်ရုံသာမကပဲ သူတို့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေ တိုးတက်လာအောင်လည်း သင်ပေး ပါတယ်။ နောက် မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ချစ်ကြည် ရေးအစီအစဉ်ဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံအကြောင်း အရာတွေကို ပိုပြီးတော့ သိလာအောင် သင်ကြား ပေးတယ်။ ဒါ့အပြင် အမေရိကန် ယဉ်ကျေးမှုကို သိရှိနိုင်အောင် Home Stay အစီစဉ်တွေ ပါရှိတယ်။ မြန်မာပြည်ကို ပြန်ရောက်ရှိတဲ့အခါ မှာFollow up Project လို့ ခေါ်တဲ့Group Activity တစ်ခုကို လုပ်ရပါ တယ်။
ဟိုမှာရှိနေစဉ်ကတည်းက အဲဒီ project အတွက် စဉ်းစားလာပါ တယ်။ မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ မှာ ဒီ project ကို အကောင်ထည်ဖော် ပါတယ်''ဟု ပြောကြားသည်။
လာမည့်နှစ်အတွက် မြန်မာလူငယ် ခေါင်းဆောင်မှုအစီအစဉ်(Burma Youth Leadership Program - BYLP))နှင့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ်(South East Asia Youth Leader-ship Program - SEAYLP) လျှောက်လွှာများကို မကြာမီလများ အတွင်း ခေါ်ယူသွားမည်ဖြစ်ပြီး စိတ် ပါဝင်စားသူ လူငယ်များသည် အမေရိ ကန်သံရုံး၏ ဝက်ဘ်ဆိုက်၊ ဖေ့ဘွတ် စာမျက်နှာ၊ ရန်ကုန်မြို့ အမေရိကန်စင် တာနှင့် မန္တလေးမြို့ရှိ ဂျက်ဖာစင် စင်တာများ၌ လျောက်လွှာများကို ရယူပြီး ရန်ကုန်မြို့ အမေရိကန်သံရုံး နှင့်RangoonUSECA@state.gov တို့သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၁ ၅ဝ၃၁၁၅၊ ဝ၁ ၅ဝ၅၁၁၄၊ ဝ၁ ၅ဝ၅၁၁၅၊ လိုင်းခွဲနံပတ် ၄၅၄၇ နှင့် ၄၃၆၉ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် မြန်မာ လူငယ်များအတွက် ခေါင်းဆောင်မှု သင်တန်းအစီအစဉ်များ သာမက ပညာရှင်များHubert H. Humphrey Fellowship Program၊Fullbright Master’s Degree Program နှင့်Fullbright Foreign Language Teaching Assistant ပညာသင်ဆု များပါ ပေးအပ်လျက်ရှိကြောင်း သိရသည်။
သတင်း-မြတ်သန္တာမောင်

ဓာတ်ပုံ-အငယ်လေး 

No comments:

Post a Comment