Wednesday, April 29, 2015

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ မလေးရှား တပ်မတော်ကြည်း တပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဧပြီ - ၂၉
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြား ချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော မလေးရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Tan  Sri  Raja  Mohamed Affandi bin Raja Mohamed Noor အား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပ သည်။

ရှေးဦးစွာ မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာ ဇေယျာ သီရိဗိမာန် သို့ မော်တော်ယာဉ်ဖြင့်ရောက်ရှိလာရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီး ချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး  ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
ယင်းနောက် အခမ်းအနား တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်များမှ အရာရှိကြီးများအား အပြန် အလှန် မိတ်ဆက်ပေးကြသည်။
၎င်းနောက် မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်သည် ဇေယျာသီရိ ဗိမာန် ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး မလေးရှား တပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မလေးရှားတပ်မတော်မှ အရာရှိကြီး များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားစစ်သံမှူး Colonel  Mohd  Yasin  Bin  Usop  တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ယခုကဲ့သို့ တပ်မတော်အရာရှိကြီးများ အပြန်အလှန် ချစ်ကြည်ရေး လည်ပတ်ခြင်းကြောင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ တပ်မတော်ဆေးတက္ကသိုလ်နှင့် မလေးရှားနိုင်ငံ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် တို့ သုတေ သန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အလုပ်ရုံဆွေးနွေး ပွဲများ ပြုလုပ်ရေး၊ အခြားသော တပ်မတော် ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ အပြန် အလှန်ဆောင်ရွက်ရေးကိစ္စရပ်များ၊ အကြမ်းဖက်မှု ကာကွယ် တားဆီး နှိမ်နင်းနိုင်ရန် သတင်းအချက်အလက်များ ပူးပေါင်းဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ်မတော် နှစ်ရပ် အကြား ရင်းနှီးမှုပိုမိုတိုးတက်ရန်အတွက် နယ်ပယ်အသီးသီးတွင်   ထိတွေ့ ဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

(မြ၀တီ)

No comments:

Post a Comment