Tuesday, April 28, 2015

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး နေပြည်တော်သို့ ပြန်လည် ရောက်ရှိ

နေပြည်တော် ဧပြီ (၂၈)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီမြို့တို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လန်ကာဝီမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာကြသည်။


နိုင်ငံတော် သမ္မတနှင့် ဇနီး ၊ အဖွဲ့ဝင်များအား မလေးရှားနိုင်ငံ ကီဒါပြည်နယ် ၀န်ကြီးနှင့် ဇနီး၊ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်မြင့်နှင့် ဇနီးနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန် ရှိသူများက လန်ကာဝီ လေဆိပ်၌  လိုက်လံ ပို့ဆောင် နှုတ်ဆက်ကြပြီး မလေးရှားနိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့က ဂုဏ်ပြုနှုတ်ဆက် ကြသည်။
နိုင်ငံတော် သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ နံနက် (၁၀) နာရီ မိနစ် (၄၀) တွင် ပြန်လည် ရောက်ရှိကြရာ  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စု ၀န်ကြီးများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

နိုင်ငံတော် သမ္မတနှင့် ဇနီးနှင့်အတူ ခရီးစဉ်တွင် လိုက်ပါ သွားကြသည့် ပြည်ထောင်စု ၀န်ကြီးများ၊ တာဝန် ရှိသူများလည်း ပြန်လည် လိုက်ပါလာကြသည်။

No comments:

Post a Comment