Thursday, April 30, 2015

ဒုတိယအကြိမ် မြန်မာ-သြစတြေးလျအဆင့်မြင့်အရာအရာရှိကြီးများ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဧပြီ ၃၀
ဒုတိယအကြိမ် မြန်မာ-သြစတြေးလျ အဆင့်မြင့် အရာရှိကြီးများ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ The Lake Garden ဟိုတယ်၌ ကျင်းပရာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

အလားတူ South East Asia Mainland and Regional Division, Department of Foreign Affairs and Trade မှ First Assistant Secreatary ဖြစ်သူMrCraig Chittickကလည်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ဦးစားပေး မဟာဗျူဟာ များနှင့် အစီအစဉ်များကို လည်းကောင်း၊ Mr Craig Chittick က သြစတြေးလျနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ Develop ment Cooperation မှ Counsellor ဖြစ်သူ Nick Cumpston က မြန်မာနိုင်ငံ တွင် ကူညီဆောင်ရွက် ပေးသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Mr Craig Chittick က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ သြစတြေးလျနိုင်ငံမှ ကူညီ ဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး ဧရိယာများတွင် ကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။



No comments:

Post a Comment