Tuesday, March 31, 2015

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း(Final Draft) ကို နှစ်ဖက်သဘောတူညှိနှိုင်း ပြုစုရေးဆွဲ ပြီးစီးကြောင်း အတည်ပြုချက်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန် ရေတပ်ဦးစီးချုပ် Admiral Muhammad Zakaullah NI(M) အား လက်ခံတွေ့ဆုံ





နေပြည်တော်   မတ် ၃၁
မြန်မာ- ပါကစ္စတန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှာ ရှည်လျား ကောင်းမွန်သော ဆက်ဆံရေး ရှိပါကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်မှ စတင်၍ ခေါင်းဆောင်များ တည်ဆောက်ခဲ့သော ကောင်းမွန် သည့် မိတ်ဆွေနိုင်ငံ ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်း၍ ပိုမို အရှိန်မြှင့်တင်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌  ပါကစ္စတန်ရေတပ်ဦးစီးချုပ် Admiral  Muhammad  Zakaullah NI(M)   အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံ နမ့်ငွမ်း(၁) ရေအား လျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ




ဗီယင်ကျန်း မတ် ၃၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မတ် ၃၁ ရက်နံနက်ပိုင်းတွင် လာအိုသမ္မတ ရုံးဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုသံ အမတ်ကြီး နှင့်ဇနီးတို့နှင့် အတူ လာအိုနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံတည်ရှိရာ  နမ့်ငွမ်း (၁) ရေအားလျှပ်စစ်စက်ရုံသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

အမျိုးသားလွှတ်တော် (၃၇)ရက်မြောက်နေ့ အစည်းအဝေးကျင်းပ




နေပြည်တော် မတ် ၃၁
အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၇) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ() နာရီတွင် ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်းနှင့် အဆို တင်သွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပါကစ္စတန်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော် မတ် ၃၁
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပါကစ္စတန် ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟာမက်ဇာကော်လာ အဲန်အိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နယ်သာလန်မိဖုရား ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အသေးစားငွေကြေးဝန် ဆောင်မှု လုပ်ငန်းများ သွားရောက်လေ့လာ




ရန်ကုန်    မတ်   ၃၁
နယ်သာလန် နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် ယနေ့ နံနက် ()နာရီတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံသားများ အားလုံး ပါဝင်သည့် ငွေကြေး ကဏ္ဍ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ စကားဝိုင်း ဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးပွဲတွင် UNCDF ,IFC, WB, GIZ, LIFT, USAID, IMF, JICA, EU  နှင့် CGAP အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြသည်။

သမ္မတအိမ်တော် သတင်းထောက်များ သတင်းရယူနိုင်ရေးရှင်းလင်းဆွေးနွေး




နေပြည်တော် မတ်  ၃၁
သမ္မတအိမ်တော် သတင်းထောက်များ သတင်းရယူနိုင်ရေး ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က နိုင်ငံတော်သမ္မတ အိမ်တော်သို့ သတင်း ၀င်ရောက်ရယူနိုင်ရန် သတ်မှတ်ထားသော သတင်းထောက်များသည် ဧပြီလ(၁)ရက်မှ စတင်ပြီး သတင်းရယူနိုင်တော့မည် ဖြစ်ပါကြောင်း၊ သတင်းထုတ်ပြန်/ ရယူနိုင်ရေး အတွက် ရုံးခန်း နေရာ စီစဉ်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်း ဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr. Nicholas Coppel အား လက်ခံတွေ့ဆုံ




နေပြည်တော် မတ် ၃၁
အမျိုးသား လွှတ်တော်ဥ က္ကဋ္ဌ ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

" ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တင်မကပါဘူး၊ အလင်းတန်းတွေ ပေါ်လာပြီဖြစ်တယ်လို့ ကျွန်တော်တို့ပြော လို့ရပါပြီ "(နိုင်ငံတော်သမ္မတ)











ရန်ကုန်  မတ် ၃၁
မြန်မာ့သတင်းစဉ်(သတင်းအဖွဲ့)
(နိုင်ငံတော်သမ္မတ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ် အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေး ဆွဲပြီးစီးကြောင်း အတည်ပြုချက်အား ယနေ့နံနက်ပိုင်းတွင် လက်မှတ်ရေး ထိုး  နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူအများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို အကောင်အထည်ဖော် မည့် ခြေလှမ်းသစ်ဖြစ်သည့် ယနေ့အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတနှင့်တာဝန်ရှိသူများ အားတွေ့ဆုံမေးမြန်းခဲ့မှု များကို မြန်မာ့ သတင်း စဉ်မှ စုစည်းဖော်ပြ လိုက်ပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်
ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ။ ငြိမ်းချမ်းရေး အတွက် မျှော်လင့် ချက် ရောင်ခြည် တင်မကပါဘူး၊ အလင်းတန်းတွေ ပေါ်လာပြီ ဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါပြီ။ မကြာခင် ငြိမ်းချမ်းရေးရဖို့လည်း အားလုံးဝိုင်းပြီး ဆုတောင်းပေးကြပါ။
ဦးရဲထွဋ် (ပြည်ထောင်စုဝန်ကြီး)
ဒီနေ့ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းတွင်တဲ့ အဖြစ် အပျက် နှစ်ခု ရှိတဲ့ နေ့လို့ ပြောလို့ရပါပြီ။ နိုင်ငံတော်သမ္မတကြီးက ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်က နိုင်ငံတော် သမ္မတ အဖြစ် စတင်တာဝန်ထမ်း ဆောင်တဲ့ အချိန် မှာပြောခဲ့ တဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို စတော့မယ့် လို့ ပြောကြား ခဲ့ပါတယ်။ ဒီလိုပြောခဲ့ပြီး လေးနှစ်မြောက်တဲ့ ဒီနေ့မှာ ငြိမ်းချမ်းရေး တံခါးကို ပွင့်စေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီနေ့က သမိုင်းဝင်တဲ့ ဖြစ်ရပ်နှစ်ခုရှိတဲ့ နေ့လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့သမိုင်းမှာ စစ်ပွဲကို အောင်နိုင်တဲ့ သမ္မတတွေ၊ ဗိုလ်ချုပ်တွေ အများကြီး ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် တဲ့ နိုင်ငံ့ခေါင်း ဆောင်တွေ၊ စစ်ခေါင်း ဆောင်တွေက လက်ချိုးရေလို့ရပါတယ်။
ဒီနေ့မှာတော့ နိုင်ငံခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး နှင့်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်တဲ့ ရှားရှားပါးပါး နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော် ခေါင်းဆောင်များအဖြစ် သမိုင်းဝင်သွားပြီ လို့ ပြောလိုပါတယ်။
ဒီစာချုပ်မူကြမ်းကို မကြာခင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေက စဉ်းစားပြီး လက်ခံ သဘောတူရင် လက်မှတ်ရေး ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်ရမှာပါ။ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာလည်း အားလုံးက စိတ်ရှည် သီးခံပြီး ဆောင်ရွက်ရမှာပေါ့ ဒီလို ဆောင်ရွက်နိုင်ပြီ ဆိုရင်တော့ ပြည်သူအားလုံးမျှော်လင့်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးကို အပြည့်အဝကျင့်သုံးနိုင် တဲ့ ပြည်ထောင်စုစနစ်ကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မြန်မာ့သမိုင်းမှာ ပဋိပက္ခတွေ စပြီးဖြစ်ကတည်းက ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် အစိုးရ အဆက်ဆက်က ကိုယ့်နည်းကိုယ့် ဟန်နဲ့ကြိုးစားခဲ့ကြတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ တာဝန် ယူပြီး ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး မှုကတော့ အရင်တုန်း က ဆောင်ရွက်ခဲ့ပုံနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းလည်းကွာခြား တယ်။ နောက်တစ်ခါ ပါဝင်တဲ့ အရေ အတွက် လည်း အရမ်းများတယ်။ အမျိုးမျိုးသော အဖွဲ့အစည်းတွေက စုစည်းပြီး ဒီလိုမျိုး သဘောတူနိုင် တဲ့အတွက် ဒီမှာပါဝင်ခဲ့တဲ့ အောက်ခြေက အထောက်အကူပြု ဝန်ထမ်းကနေစပြီး အဆုံးအဖြတ်ပေးတဲ့ ခေါင်းဆောင်တွေ အားလုံး ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သူရဲကောင်း တွေပါ လို့ ကျွန်တော်ပြော ချင်ပါတယ်။
ဦးခင်ရီ (ပြည်ထောင်စုဝန်ကြီး)
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းကော်မတီမှာ အဖွဲ့ဝင် တစ်ဦးပါ။ အခုလို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အစည်းအဝေးတွေ စခဲ့ကတည်းက ပါဝင်ခဲ့ပြီး အခုလို သဘောတူစာချုပ်မူကြမ်းရတဲ့ အထိ တော်တော်လေးကြိုး စားခဲ့ရပါတယ်။ ပါဝင်တဲ့ အဖွဲ့အစည်း တွေရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်၊ အထက်အကြီးအကဲများရဲ့ ငြိမ်းချမ်းရေးအတွက် ချမှတ်ပေးတဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ ကြိုးစားပမ်းစား လေးနှစ်နီးပါး ဆောင် ရွက်ခဲ့ ပါတယ်။ ဒီနေ့မှာ မူကြမ်း ကြီးကို သဘောတူ ညီမှုရရှိတာ အလွန်ဝမ်း သာစရာ ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတော့မယ်။ ဒါပြီးရင် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက်အလွန် ဝမ်းသာစရာ ကောင်းပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေတယ်။ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက် အောင် လုပ်လို့မရဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငြိမ်းချမ်းရေးက အဓိကကျတယ်။ ငြိမ်းချမ်း ရေးမှာ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးက ပထမဆုံးအဆင့်ပဲ။ ဒီအဆင့်ကို လှမ်းနိုင်ပြီ ဖြစ်တဲ့ အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစ လို့ ပြောချင်ပါတယ်။
ဒုတိယအဆင့် သဘောတူညီချက်ဖြစ်တဲ့ NCA တစ်ခုလုံး ပေါ်ထွက် လာဖို့အတွက် UPWC နှင့် NCCT တို့ရဲ့Final Draft ကို ဒီနေ့ အတည်ပြုခဲ့ပြီးပါပြီ။ ဒါကို ခေါင်းဆောင်တွေကို ကျွန်တော်တို့ တင်ပြပြီးရင် သတ်မှတ်ရက်တွေအတိုင်းNCA စာချုပ်ကြီးကို လက်မှတ်ထိုးမှာပါ။ NCA လက်မှတ် ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါ တယ်။
ဦးစောကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ဒီနေ့မှာ လက်မှတ်ရေး ထိုးတာဖြစ်ပါတယ်။ ဒီစာချုပ်ရရှိဖို့က တစ်နှစ်ကျော် မှာကြိုးစား လာခဲ့တဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရတဲ့ ရလဒ်ပဲဖြစ်တယ်။ တစ်ပြည်လုံး ငြိမ်းချမ်းရေးရရှိဖို့အတွက် ပထမခြေလှမ်း လည်း ဖြစ် တယ်။ ပြည်သူပြည်သား တစ်ရပ်လုံး ရယူလိုတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီး ဆွေးနွေး သွား ဖို့ ဖြစ်ပါတယ်။ နိုင်ငံတော် အတွက် ရှေ့အလား အလာကောင်း တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (အဖွဲ့ဝင်)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ကျွန်တော်တို့ ဒီအစည်းအဝေး ဆွေးနွေးလာတာ တော်တော်လေးကြာပြီ။ တရားဝင် ခုနစ်ကြိမ်။ အဲဒီထဲမှာ ကျွန်တော်တို့ သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ အများ ကြီးရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေကလည်း ရှေ့ဆက် လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော်တဲ့နေရာမှာ တရားဝင် သုံးဖို့၊ ကိုးကားဖို့ဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ နှစ်ပေါင်း ၆ဝ ကျော်ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကိုရပ်စဲဖို့အတွက် အပေါ်ယံနဲ့ လုပ်လို့ မရပါဘူး။ ပြည်တွင်းစစ်ရဲ့ တကယ့်ပြဿနာကို စတင် ဖြစ်ပွားစေတဲ့အကြောင်း အရင်းတွေကို ဘယ်လိုကိုင်တွယ် ရမလဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးရပါတယ်။ အဲဒါကြောင့် အခုကျွန်တော်တို့ သဘောတူနိုင်တဲ့ စာချုပ်မူကြမ်းဟာ သာမန်သဘောတူ စာချုပ်မူကြမ်းမဟုတ်ဘဲ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြန်လည်ထူထောင်မ လဲ ဆိုတဲ့အပိုင်းပါတယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုဆွေးနွေးကြ မလဲ၊ ဘာအကြောင်းအရာတွေ ဆွေးနွေးကြမလဲဆိုတာ ပါတယ်။ ဆွေးနွေးပွဲကာလမှာ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်မလဲ။ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ ရပ်တည်ရေးက ဘယ်ပုံစံ ဖြစ်မလဲဆိုတာကို ဘက်ပေါင်းစုံက ဆွေးနွေးရပါတယ်။
အဓိကအရေးကြီးဆုံးက အပစ်အခတ်ရပ်စဲရေးကာလမှာ နှစ်ဖက်တပ်က လိုက်နာရမယ့် အဆင့်တွေ၊ စစ်သည်တော် တွေရဲ့ ကျင့်ဝတ်၊ ပြဿနာမဖြစ်အောင် နှစ်ဖက်လုံးက ကြိုးစားပြီး ဆောင်ရွက်ရမှာဖြစ် တယ်။ တစ်ခုခုဖြစ်ရင် နှစ်ဖက်စလုံးက ချက်ချင်း ပူးပေါင်းပြီးစောင့်ကြည့်ဖို့လိုတယ်။ ချက်ချင်းဖြေရှင်းဖို့လိုတယ်။ အဲဒီအတွက် ပူး တွဲစောင့်ကြည့် ရေးကော်မတီကိုဘယ်လိုဖွဲ့စည်းရမလဲ အဲဒါတွေကအစ ကျွန်တော်တို့ အသေးစိတ်သဘောတူထားပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ အခုသဘောတူထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ဟာ ဒီတိုင်းပြည်ရဲ့ ပြဿနာတစ်ခုလုံးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာ အသေးစိတ်ပါတဲ့အတွက် အင်မတန်မှ ပြည့်စုံတဲ့ သဘောတူစာချုပ်ဖြစ်တယ်လို့ ပြောချင်တယ်။နို င်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေးကို အလေးအနက် ထားပြီးဆောင်ရွက်တယ် ဆိုတာကို ကျွန်တော်တို့ အနေနဲ့ သတိထားမိပါတယ်။ ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ ၂ဝ၁၁ သြဂုတ်လမှာ သမ္မတ ဦးသိန်းစိန်က အပစ်အခတ် ရပ်စဲရေးလုပ်မယ် ဖိတ်ခေါ်တော့ ကျွန်တော်တို့ရေးတဲ့ စာတွေကို သတိထားမိကြမှာပါ။ အစိုးရကတကယ်လုပ်ပါ့ မလားလို့ အများကြီးသံသယတွေရှိခဲ့တယ်။ အခုလုပ်ရင်းနဲ့ သမ္မတကြီးကိုယ်တိုင် ပါဝင်ပတ်သက်တာကို တွေ့ရတော့ အစိုးရဘက်က ဒီအစိုးရအနေနဲ့ တကယ်ငြိမ်းချမ်းရေး လိုလားပြီး ဆောင်ရွက်ချင်တယ်ဆိုတာ သက်သေသဘောနဲ့ မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးကို ပြောချင်တာက အခုသဘော တူစာချုပ်ကပထမအဆင့်ပဲ ရှိသေးတယ်။ ရှေ့ဆက်သွားရ မယ့် ကဏ္ဍအသီးသီးမှာလူထုရဲ့ အားပေးမှုကို ကျွန်တော်တို့ လိုလားပါတယ်။ ဒီတိုင်းပြည် ငြိမ်းချမ်းဖို့ကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ အစိုးရ သက်သက်ပဲလုပ်လို့မရပါဘူး။ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပတ်သက်မှ ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ပါတယ်။ လူထုရဲ့အားပေးမှုကို မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တွေ ထိပ်သီးညီလာခံခေါ်နိုင်ဖို့ အမြန်ဆုံး၊ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ အမြန်ဆုံးလုပ်ဖို့ ပြင်ဆင်ပါမယ်။ ဒီနေ့ ပြီးရင် မနက်ဖြန်နားပြီး လာမယ့်နှစ်ရက်အတွင်းမှာNCCT အစည်းအဝေးလုပ်ပါမယ်။ ဒီအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ ထိပ်သီး အစည်းအဝေး ဘယ်တော့ခေါ်မယ်ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံးခေါ်ချင်တယ်။ အမြန်ဆုံး ဆွေးနွေးချင်တယ်။


ဦးနိုင်ဟံသာ (အဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ (NCCT)

ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ နှစ်ပေါင်း ၇ဝ နီးပါး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံရေး ပြဿနာပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့အတွက် လက်နက်ကိုင်ပဋိပက္ခကို ဦးစွာရပ်စဲဖို့လိုပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် တွေ့ဆုံ ဆွေးနွေးပွဲဟာ အောင်မြင်ဖို့မလွယ်ဘူး။ ဒါကြောင့် တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ အပစ်ရပ်ဖို့ အစိုးရကိုယ်စားလှယ် UPWC နဲ့ တိုင်းရင်း သား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စား လှယ် ကျွန်တော်တို့နဲ့ NCCT တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးလာကြတာ အချိန်ကာလ အားဖြင့် တစ်နှစ်နဲ့ ငါးလ၊ အကြိမ်ပေါင်းအားဖြင့် တရားဝင် ခုနစ်ကြိမ်နဲ့ အလွတ်သဘော အကြိမ် ၂ဝ ကျော် ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒီလို အချိန်ကာလ ကြာမြင့်စွာနဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့အခါ မှNCCT နဲ့ UPWC အကြား အကြိုအဆင့်သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ NCCT ကို ၂ဝ၁၃ လိုင်ဇာမှာ တိုင်းရင်းသား လက်နက်ကိုင်ညီလာခံက ဖွဲ့စည်း တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့မှ တစ်ဖွဲ့ကို ကိုယ်စားလှယ် တစ်ဦးကျနဲ့ ဖွဲ့စည်းထားတဲ့NCCT ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ အလုပ်အဖွဲ့သာ ဖြစ်ပါတယ်။NCCT ဟာ တိုင်းရင်းသားလက်နက်ကိုင် ညီလာခံက ချမှတ်ထားတဲ့ အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ညှိနှိုင်း ဆွေးနွေးနေတာဖြစ်ပါတယ်။ အခု NCCT အနေနဲ့ ညှိနှိုင်း ရရှိထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ဟာ ပဏာမအဆင့် သဘော တူညီချက်ပဲဖြစ်ပါတယ်။NCCT က ကိုယ်စားလှယ်အဖွဲ့သာ ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲခြင်း အခြေခံလုပ်ပိုင် ခွင့် မူဘောင်အောက်မှာ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီရရှိထားတဲ့ သဘောတူ ညီချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှာ တင်ပြပြီးတော့ အဲဒီ အစည်းအဝေးကနေ သဘောတူလက်ခံမှ အပြီးသတ် အတည်ဖြစ်မှာဖြစ်ပါတယ်။ အဲဒီ ထိပ်သီးအစည်း အဝေးကြီး ကနေ ပြင်ဆင်ဖြည့်စွက်စရာ အနည်းငယ်ရှိပါလိမ့်မယ်။ အဖွဲ့အစည်းအသီး သီးက ထိပ်သီးခေါင်းဆောင်များ သဘောတူ လက်ခံလာအောင် ကျွန်တော်တို့ NCCT အဖွဲ့ဝင်များက ကြိုးစားပြီးတော့ ရှင်းလင်းတင်ပြရပါဦးမယ်။
ဒေါက်တာကျော်ရင်လှိုင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲအစီအစဉ် (ဒါရိုက်တာ)
မြန်မာနိုင်ငံငြိမ်းချမ်းရေြး ပန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) နဲ့ ပတ် သက်ရင် လွန်ခဲ့တဲ့ ၁၈ လလောက်မှာ ရာပေါင်းများစွာသော အစည်း အဝေးတွေနဲ့ အပင်ပန်းခံပြီး နှစ်ဦးနှစ်ဖက်က ကြိုးစားခဲ့တော့ ဒီနေ့ကတော့ အဲဒီကြိုးစားမှုတွေရဲ့ အသီး အပွင့်အဖြစ်နဲ့ ကျွန်တော်တို့ကတော့ အရမ်းဝမ်းသာပါ တယ်။ ဖော်မပြနိုင်လောက်အောင် ပါပဲ။ တိုင်းပြည်အတွက်လည်း အလွန်ပဲကောင်းသွား လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အခက်အခဲတွေ ကျော်ဖြတ်ရတယ်ဆိုတာက တစ်ခါ တစ်ခါကျရင် တစ်ဖက်နဲ့ တစ်ဖက်က Issue တွေ အပေါ် မှာ နားလည်မှုပုံစံချင်းမတူညီတဲ့ အပိုင်းလေးတွေ ရှိပါ တယ်။ အဲဒီအပိုင်းလေးတွေနဲ့ ပတ်သက်ပြီးတော့ အပြန် အလှန်ဆွေးနွေးပြီးတော့Common and distended ပေါ့။ တူညီတဲ့ နားလည်မှုရအောင် လုပ်ရတဲ့အပိုင်း။ အဲဒီအပိုင်းတွေက အစပိုင်းမှာတော့ ခက်ခဲပါတယ်။ နောက်ပိုင်း တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှုတွေရှိလာတဲ့ အခါကျတော့ နှစ်ဖက်က ဟိုဘက် ဒီဘက်ပုံစံမျိုး မဟုတ် ဘဲနဲ့ နှစ်ဦးနှစ်ဖက် အားလုံးလက်ခံနိုင်တဲ့ သဘောတူညီ ချက်ကြီးကို စပြီးတော့ ကြိုးစားတဲ့အ ခါမှာတော့ အခက် အခဲတွေ ရှိသော်ငြားလည်း အားလုံးကို ကျော်လွှားသွား နိုင်ပါတယ်။ မဖြစ်မနေ ကြီးမားတဲ့အခက်အခဲဆိုတာကို ကျွန်တော့်အနေ နဲ့တော့ မတွေ့ခဲ့ပါဘူး။ ကျော်လွှားနိုင်လို့ ဒါတွေမရှိခဲ့လို့လည်း ကျွန်တော်တို့ ဒီနေ့ တကယ့်သဘော တူညီချက်ကြီးကို ရခဲ့တာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အချိန်အတိအကျကိုတော့ ပြောဖို့ခက်ပါတယ်။ သို့သော် လည်း ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်နေ့ကထက်စာရင် အဲဒီလက်မှတ်ရေးထိုးဖို့က တအားနီးသွားပြီ။ ဒီတော့ လာမယ့် တစ်လအတွင်းမှာ ဒါတွေ ဖြစ်တန်ကောင်းတယ် လို့တော့ မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ကလည်း ဒါက အစိုးရတစ်ဖွဲ့တည်းကိုး။ တိုင်းရင်းသားတွေဘက်မှာက အဖွဲ့ပေါင်း မြောက်မြားစွာ ရှိတယ်ဆိုတော့ ဒီအဖွဲ့တွေ စုစည်းပြီးတော့ ဒီကိစ္စကို ပြန်ပြီးတော့ ပြောကြ၊ ဆိုကြမယ် ဆိုတော့ အချက်တစ်ချက်အနေနဲ့ လုပ်ကြရတာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်ထင် ပါတယ်။ မဝေးတော့တဲ့ ကာလတစ်ခုမှာ သဘောတူ ညီချက်ကြီးကို အောင်အောင် မြင်မြင်နဲ့ လက်မှတ်ရေးထိုး သွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒီနေ့ သဘောတူညီချက်လက်မှတ်ရေးထိုးတာဟာ အများကြီး အကျိုး သက်ရောက် မှုတွေ ရှိနိုင်ပါတယ်။ လက်မှတ်ရေးထိုးပွဲ ပြီးသွားလို့ရှိရင် ကျွန်တော်တို့က အပြန်အ လှန်စောင့်ကြည့်တဲ့ အဖွဲ့တွေ အားလုံးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဆိုတော့ ဒါတွေ ဆောင်ရွက် တာနဲ့အမျှ ပြည်နယ်တွေမှာ ပိုပြီး ငြိမ်းချမ်း လာမယ်။ ငြိမ်းချမ်းလာတာနဲ့အမျှ အခြားအဖွဲ့တွေမှာ လည်း ဒီရဲ့အကျိုး သက်ရောက်မှုတွေ အများကြီးရလာမှာ ဖြစ်ပါတယ်။
 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ကိုးရီယားသမ္မတနိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ




နေပြည်တော်  မတ် ၃၁
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် ကိုရီးယား သမ္မတ နိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သော အဖွဲ့အား ယနေ့  နံနက် နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ တွေ့ဆုံ ဆွေးနွေးသည်။

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့ ကျင်းပ




နေပြည်တော်  မတ် ၃၁
ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၆) ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၅ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏ အတည် ပြုချက်ရယူခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းပါ အချက်များ အားလုံး နှစ်ဖက် သဘောတူညီမှု ရရှိ UPWC နှင့် NCCT အကြား ပဏာမ သဘောတူညီကြောင်း မတ် ၃၁ ရက်တွင် လက်မှတ်ရေးထိုးမည်



တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေးအတွက် UPWC နှင့်NCCT တို့၏ (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအား မတ် ၃ဝ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)၌ သတ္တမရက်မြောက်နေ့ အစည်းအဝေးအဖြစ် ပြန်လည် ကျင်းပခဲ့သည်။ ယနေ့ကျင်းပသော အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA)နောက်ဆုံးမူကြမ်းတွင် ပါဝင်သည့်အချက်များ အားလုံးကို သဘော တူညီနိုင်ခဲ့သည့် အပေါ် နှစ်ဖက် ကိုယ်စားလှယ်များ၏ သဘောထား အမြင်များကို ကောက်နုတ်ဖော်ပြပါသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Director ဖြစ်သူ Mr. Mamoru Yamamoto ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် မတ်လ ၃၀ ရက်
 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Director ဖြစ်သူ Mr. Mamoru Yamamoto ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၄ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ခဲ့သည်။

ကိုးကန့်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေအိမ်အတွင်းမှ ကျပ်သိန်းပေါင်း ၁ဝ၉၃၉ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် မတ် ၃ဝ
 
တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသအတွင်း နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ဒေသခံပြည်သူ အချို့၏ သတင်းပေးချက်အရ ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ခိုအောင်းနေထိုင်သည့် တာရွှေထန်ကျေးရွာ အရှေ့မြောက်ဘက် ကြွယ်ပါးရွာအနီး ခြံဝင်း အတွင်းရှိ နှစ်ထပ်အိမ် တစ်လုံးအား ဝင်ရောက်ရှင်း လင်းစဉ် နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၅၅၁၂ ပြား 

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်၏ ပထမဆုံး ကမ္ဘာပတ်ခရီး မန္တလေးမြို့မှ တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ ထွက်ခွာပျံသန်း




မန္တလေး မတ် ၃၀

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse-2 သည် ၎င်း၏ ကမ္ဘာပတ် ခရီးစဉ်ကို မတ် ၉ ရက်ကစတင်ခဲ့ရာမှ မန္တလေး မြို့တွင် (၁၂) ရက်ကြာ ရပ်နားခဲ့ပြီး ယနေ့ နံနက် (၃) နာရီခွဲတွင် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ ဆက်လက် ထွက်ခွာ ပျံသန်းသွား ပြီ ဖြစ်သည်။

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ ကျင်းပ




နေပြည်တော် မတ် ၃၀
 
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ ကျင်းပ





နေပြည်တော် မတ် ၃၀
 
အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၆) ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်း၏ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊ SEA Games နှင့် မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများအတွက် ကျင်းပလျက်ရှိသော ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ Boxing လက်ဝှေ့၊ မြန်မာ့ ရိုးရာလက်ဝှေ့၊ ဘက်စကက်ဘော၊ ဟော်ကီ၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ် စသည့် အားကစား နည်းများအား ဆုကြေးစနစ်အဖြစ် အမျိုးသား၊ အမျိုးသမီး (၂)မျိုး စလုံး ပါဝင်နိုင်မည့် Pro Sport System ကျင့်သုံး အကောင် အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ 

ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကျင်းပ




နေပြည်တော် မတ် ၃၀
 
ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၈)ဦး ထပ်မံခန့်အပ် တာဝန် ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိ





ဗီယင်ကျန်း မတ် ၃၀
 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်တို့ ဦးဆောင် သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ တရားဝင် ချစ်ကြည် ရေး ခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ ၀က်ထေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။

Monday, March 30, 2015

ခရီးသွားကဏ္ဍ၏ အမှတ်တရပုံရိပ်တစ်ခု (ဆောင်းပါး)

မျိုးမြင့်သန်း (မန်းစက်မြေ)
ကောလာဟလမျိုးမှတစ်ပါး အမှန်တကယ် ဖြစ်ရပ်တစ်ခုနှင့်ပတ်သက်၍ ကောင်းသတင်း၊ မကောင်းသတင်းပျံ့နှံ့မှု အပေါ် တွင် မြန်မာစာပေလောက၌ ရေးသားသုံးနှုန်းလေ့ရှိသောစကားပုံတစ်ခုမှာ ''ဟုတ်လို့ကျော် ပုပ်လို့ပေါ်'' ဟူ၍ မှတ်သားခဲ့ မိဖူးပါသည်။ ယခုလည်း အဟုတ်မှန်၍ တကယ်ကျော်ခဲ့သည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ၏ အမှတ်တရ မှတ်တိုင်တစ်ခုနှင့် ပတ်သက်၍ တင်ပြလိုပါသည်။

ဒီရေတောပြုစုထိန်းသိမ်း အသုံးချရေး လုပ်ငန်းများ၌ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် လာစေရေး လိုအပ်


နေပြည်တော် မတ် ၂၉

ဒီရေတောများသည် ကုန်းတွင်းပိုင်း နှင့် အဏ္ဏဝါဂေဟစနစ်များ ဆက်စပ်၍ အပင်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ပေါက်ပွားရာနေရာဒေသဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကို တံတိုင်းသဖွယ်ကြံ့ကြံ့ခံကာကွယ် ပေးနိုင်ကြောင်း သိရသည်။ မြန်မာ နိုင်ငံ၌ ဒီရေတောများကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အများဆုံး တွေ့ရသည်။

ကားပါကင် (Parking)


ကားတင်သွင်းမှုများ လောလောဆယ် ရှိနေဆဲပါ။ ဗီယက်နမ်နိုင်ငံတွင် လူဦးရေ ၁ဝဝဝ လျှင် မော်တော်ယာဉ် ၁၄ စီးနှုန်းသာရှိ၏။ မြန်မာနိုင်ငံတွင် လူ ၁ဝဝဝ လျှင် ရှစ်စီးနှုန်းသာရှိသေး၏။ မော်တော်ယာဉ်တင်သွင်းမှုသည် တစ်ပြည်လုံးနှင့် ယှဉ်ပြီး စဉ်းစားရခြင်းဖြစ်၏။