နေပြည်တော်-ဖေဖော်ဝါရီ ၂၈
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊
မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦး၊ လက်ထောက်အထွေထွေမန်နေဂျာ
ဒေါက်တာစည်သူဝမ်ထွန်းတို့ ဦးဆောင်သော အဖွဲ့ဝင် (၁၂)ဦး ပါဝင်သည့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၈)၊ သစ်ပုတ်ချောင်း ဖျားတွင် ဖေဖော်ဝါရီ
ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရတနာဆင်ဖြူတော်ပေါ်ထွန်းကြောင်း သိရှိရသည်။