Saturday, January 31, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အယုဒ္ဓယမြို့ စက်မှုဇုန်သို့ သွားရောက် ကြည့်ရှုလေ့လာ



 နေပြည်တော် ဇန်န၀ါရီ ၃၁
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Four Seasons Hotel မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ  ဒေသ စံတော်ချိန် နံနက်(၉) နာရီခွဲတွင် အယုဒ္ဓယမြို့ Rojana Industrial Park သို့ရောက်ရှိကြသည်။

Friday, January 30, 2015

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ပထမအသုတ် လူတွေ့ဖြေဆိုရမည့် နေ့ရက်ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၃၀
နိုင်ငံတော်သမ္မတ၏  ပညာတော်သင်ဆုအတွက် ပထမအသုတ် လူတွေ့ဖြေဆိုရန် ရွေးချယ် ခံရသူ ၁၄၂ ဦးသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လူတွေ့ဖြေဆိုရမည်ဖြစ်သည်။ လူတွေ့ဖြေဆိုရမည့် ကျောင်းသား ကျောင်းသူများသည်

တနင်္သာရီမြို့၌ပညာပေးစာပေဟောပြောပွဲပြုလုပ်

တနင်္သာရီ - ဇန်န၀ါရီလ(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ စာပေဟောပြောပွဲကိုဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) စောနု()စောအောင် (တီဂျစ်) / မောင်ချစ်(မန္တလေး)/  ပြည်ချစ်မောင်စသည့် ကလောင် အမည်များဖြင့် လူငယ် အကျိုးပြုစာရေးဆရာနှင့် မြို့နယ်စာရေးဆရာ အသင်းဝင်များ လိုက်ပါလျက် ဇန်န၀ါရီလ (၂၆)ရက် နေ့နံနက်(၁၀)နာရီတွင် တနင်္သာရီမြို့နယ် အ.ထ.က-ညောင်ပင်ကွင်းနင်း ဆီဆောင်တွင် လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ()နာရီအချိန် အ.ထ.က-တနင်္သာရီ ပညာရတနာ အဆောင်တွင် လည်းကောင်း၊ ကျောင်းသား/သူများ အတွက် လူငယ်အကျိုးပြုပညာပေး ဟောပြောပွဲ ကို ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ ကျောင်းသူ/သား အင်အား(၈၅၀)ခန့် တက်ရောက်ကြသည်။

ပြည်သူလူထု အခြေပြု ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်း Phase 2 အစီအစဉ်အား အသိပေးရှင်းလင်း

ကျွန်းစု ဇန်န၀ါရီ ၂၉ ရက်
နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း Phase 2 အစီအစဉ်အား အသိပေးရှင်းလင်းပွဲကို ဇန်န၀ါရီ လ(၂၉)ရက် နံနက်(၉)နာရီက ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့ရှိအခြေခံပညာကျောင်းများတွင်ကွန်ပျူတာများလှူဒါန်း

မြိတ်ဇန်န၀ါရီ၂၉ရက်
ကျောင်းသားကျောင်းသူများ ခေတ်မီသင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရန် အတွက် မြိတ်မြို့ရှိ အခြေခံပညာကျောင်း (၁၄)ကျောင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ လှူဒါန်းသော ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများကို ဇန်န၀ါရီလ (၂၉)ရက် နံနက်()နာရီက ကျောင်းများတွင် တဆင့်ပြန်လည် လွဲပြောင်းလှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ပြည်သူလူထုကျန်းမာရေးအတွက် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ (၂၇)ကြိမ်မြောက် ကွင်းဆင်းဆေးကုသ

ပုလော ဇန်န၀ါရီ ၂၉ ရက်

မြို့သာယာလှပရေး အတွက် သန့်ရှင်းရေး ဆောင်ရွက်

ပလောက် ဇန်န၀ါရီ ၂၉ ရက်
တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ ဆောင်ရွက်ခြင်းကို ဇန်န၀ါရီလ (၂၉)ရက် နံနက်(၉)နာရီကအမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်အတွက် NHK ၏ ကမ္ဘာ့ပထမဦးဆုံး ရုပ်မြင်သံကြားနည်းပညာ




ဂျပန်အများပြည်သူ့ဝန်ဆောင်မှု ရုပ်သံလွှင့်လုပ်ငန်းဖြစ်တဲ့ NHK က တိုကျိုမှာကျင်းပမယ့် ၂၀၂၀ အိုလံပစ် ပွဲတော်နဲ့ မသန်စွမ်းအားကစား ပွဲတော်မှာ Coverage  အပြည့်အဝရရှိ စေဖို့နှင့် ကြည့်ရှုသူတွေ အားကစား ကွင်းထဲ အမှန်တကယ် ရောက်ရှိနေ သလို ခံစားနိုင်စေဖို့အတွက် အလွန် အဆင့်မြင့်တဲ့ နည်းပညာတစ်ရပ်ကို အသုံးပြုထုတ်လွှင့်သွားဖို့ အားထုတ် ကြိုးပမ်းနေပါတယ်။ ယင်းအားကစားပွဲတော်ကို Super 8K စနစ်နဲ့ ထုတ်လွှင့်သွားမှာဖြစ်ပြီး Sky  ရုပ်သံလိုင်းက

ပလောက်မြို့တွင်နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခ အသက်(၁၀၀)နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွားများအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်လှူဒါန်း

ပလောက် ဇန်န၀ါရီ ၂၉ ရက်
နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံသက်ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရသူများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်တိုင်ယာ ရောက်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုငွေလှူဒါန်းပေးခြင်းကို ဇန်န၀ါရီလ (၂၆)ရက် နံနက် (၁၁း၃၀) နာရီက ပလောက်မြို့တွင် ဆောင်ရွက်ခဲ့ကြသည်။

မဟာဘွဲ့၊ ပါရဂူဘွဲ့ရလိုသူ မြန်မာကျောင်းသားများအတွက် AIT ပညာသင်ဆု



AIT ပေးအပ်မည့် မာစတာနှင့် ပါရဂူဘွဲ့ ပညာသင်ဆုများကို မြန်မာကျောင်းသား များအနေနှင့် စတင် လျှောက်ထားနိုင်ပြီး ပညာသင်ဆုအစီအစဉ်များတွင် HM The King's Scholarships DAAD Schor Larship  နှင့် ADB-Japam Scholar ship  အစီအစဉ်များပါဝင်လာသည်။ သို့သော်လျှောက်ထားမယ့် ကျောင်းသား ကျောင်းသူများအနေနှင့် လေ့လာသင်ကြားရမယ့် နိုင်ငံရဲ့မတူညီတဲ့ နောက်ခံအခြေအနေ၊ AITရှိနိုင်ငံတ ကာဝန်းကျင်တွင် ပညာသင်ကြားခြင်း၊ သုသေတန ပြုစုခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ကျေးလက်လူငယ်များ သက်မွေးပညာရပ်များကို ဆွစ်ဇာလန်က အခမဲ့သင်ကြားပေးမည်

ရန်ကုန် ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင် ကျေးလက်နေ ပြည်သူများက ဦးရေများပြားသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရန် ဒေသခံကျေးလက်လူငယ်များကို အသက်မွေးဝမ်းကျောင်းပညာများ၊ စီးပွားရေးလုပ်ကိုင်နိုင်မည့် ပညာရပ် များကို ကျွမ်းကျင်စွာတတ်မြောက်ရန် လိုအပ်သည်။ ယခုအခါ ဆွစ်ဇာ လန်နိုင်ငံမှနေ၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ကျေးလက် အခြေပြု သက်မွေးပညာသင်တန်းများ ကို လူငယ်များအား အခမဲ့သင်ကြား ပေးတော့မည်ဖြစ်သည်။

Thursday, January 29, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ




နေပြည်တော်  ဇန်နဝါရီ ၂၉

ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ကျင်းပ




နေပြည်တော်  ဇန်နဝါရီ ၂၉

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ ကျင်းပ




နေပြည်တော် ဇန်န၀ါရီ   ၂၉

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၃) ခုမေးမြန်းဖြေကြား ခြင်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးတက်ရောက်




နေပြည်တော် ဇန်နဝါရီ ၂၉

စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြားသည်။

အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


နေပြည်တော်၊ ဇန်နဝါရီ ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် (၀၉း၃၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်



နေပြည်တော်-ဇန်နဝါရီ ၂၉

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၂၄)ရက် နံနက်ပိုင်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၊ ဘက်စုံပညာဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်အားပေးပြီး ဆုရရှိသူများကို ဆုများချီးမြှင့်သည်။ထို့နောက် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ ရောက်ရှိပြီး သုံးပင်ကွင်း ရပ်ကွက်နေ အဘွားဒေါ်မြရှင် (၁၀၀)နှစ်အား ဂုဏ်ပြုလွှာ၊ ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်သည်။

ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ အထောက်အပံ့ အကူအညီဖြင့် ကျေးရွာသစ် လုပ်ငန်းများ အကောင်အထည် ဖော်ရေးနှင့် ခေတ်မီရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ကျောင်း တည်ဆောက်ရေး အစည်းအဝေးကျင်းပ



နေပြည်တော်၊ ဇန်နဝါရီ ၂၉

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီက ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(KOICA) မှ အဆင့်မြင့်အရာရှိ Mr. Nam Kwon Hyoung ဦးဆောင်သောပညာရှင်အဖွဲ့အား ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင် မှ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးပါသည်။
နှစ်ဘက်ဆွေးနွေးရာတွင် Mr. Nam Kwon Hyoung က နှစ်နိုင်ငံအကြား သဘောတူညီချက် ရလဒ်အပေါ်တွင် အခြေခံ၍၊ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်ရန် နှင့် ရိတ်သိမ်းချိန် လွန်နည်းပညာ သင်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အဆင့်မြင့်ကော်မတီ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ



ရန်ကုန် ဇန်နဝါရီ ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်  ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ထားဝယ်အထူးစီးပွားရေးဇုန် နှင့် ဆက်စပ်စီမံကိန်းဧရိယာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ တတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ အစည်းအဝေး တက်ရောက်ရန် ယနေ့ နံနက် (၈း၄၀) နာရီတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သော JGC-YONGNAM-CAPE Consortium တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရန်ကုန် ဇန်န၀ါရီ ၉

ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းအတွက်  လုပ်ငန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သော JGC-YONGNAM-CAPE  Consortium အဖွဲ့တို့ အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်န၀ါရီ(၂၆)ရက် နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် ဒုတိယ၀န်ကြီး ဦးဇင်ယော်မှဦးဆောင်၍ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် များအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၅) အခမ်းအနားကျင်းပ


ဟားခါး  ဇန်န၀ါရီ  ၂၈
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ခုနှစ်တွင် အဆင်ပြေ ချောမွေ့စွာကျင်းပပြီးစီးနိုင်ရေးအတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၅)ကို ဇန်န၀ါရီ ၂၇ ရက်မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ပြည်နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။

မိုက်ကရို-မေကရိုကွင်းဆက်

ဘောဂဗေဒဘာသာရပ်တွင် အမျိုးမျိုး ပိုင်းခြားလေ့လာမှုများ ပေါ်ပေါက် လာခဲ့သော်လည်း အခြေခံအားဖြင့် နိုင်ငံအဆင့် စီးပွားရေး (မေကရိုဘောဂဗေဒ) နှင့် လုပ်ငန်းအဆင့်၊ ဈေးကွက်အဆင့် စီးပွားရေး (မိုက်ကရိုဘောဂဗေဒ) ဟူ၍ ခွဲခြားလေ့လာသည်။ လေ့လာမှုအတွက် ခွဲခြားသော်လည်း တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသည်။ တစ်ခါတစ်ရံတွင် တစ်ခုက အခြားတစ်ခုထက် ပို၍အရေးပါ အရာရောက်နေတတ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝေဠုဝန်နိကာယ ဂဏမဟာသန္တိပါတ အစည်းအဝေးကြီးနှင့် ဂိုဏ်းဂဏာ ဓိပတိ တင်မြှောက် ပူဇော်ပွဲ သထုံတွင် ကျင်းပမည်



သထုံ    ဇန်နဝါရီ    ၂၈
ဂိုဏ်းဝင် သံဃာတော်များ စည်းလုံးညီညွတ်မှု ရင်းနှီးမှုရရှိစေရန်၊ ပြဿနာများ ရှိပါက ဝိုင်းဝန်း ဖြေရှင်းရန်၊ လစ်လပ်သော နေရာများတွင် သံဃာအများ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ရန်နှင့် ဂိုဏ်းဝင်များ၏ အားနည်းချက်

ကုန်စည်သယ်ယူမည့် ဆိပ်ခံတံတားနှစ်စင်း သီလ၀ါ၌ တည်ဆောက်မည်


ရန်ကုန် ဇန်နဝါရီ ၂၈

နိုင်ငံအတွင်း ကုန်စည်ကူးသန်း ရောင်းဝယ်မှု ပိုမိုမြန်ဆန်စေရေးနှင့် နိုင်ငံခြားတင်ပို့မှု လွယ်ကူစေရေး အတွက် ကုန်စည်သယ်ယူ မှု ဆိပ်ခံတံတားများကို သီလဝါစက်မှုဇုန်အတွင်း ကမ်းနားမြေကွက်များပေါ်၌ တည်ဆောက်ရန် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပန်လှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်


နေပြည်တော် ဇန်နဝါရီ ၂၈
စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုခဲ့သော ပန်းလှိုင်မြစ်သည် နှစ်ကာလကြာမြင့်မှုကြောင့် မြစ် ကြောင်းတစ်လျှောက် တိမ်ကောသွားခဲ့ရာ ပြည်သူများ၏ လိုလားတောင်း ဆိုမှုများအရ ပြန်လည်တူးဖော်ခြင်း ကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ စတင် ပြီး စက်ယန္တရားပေါင်း ၃၄၄ စီးဖြင့် ဆောင်ရွက်ခဲ့သည်။

Wednesday, January 28, 2015

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၌ မိုးပွင့်(အထူး)စီမံချက်လုပ်ငန်း ဆောင်ရွက်မှု ကြည့်ရှုအားပေး၊ မရရှိသေးသူများ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများသို့ ဆက်သွယ် ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြား



နေပြည်တော် ဇန်နဝါရီ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန် ရှိသူများနှင့် အတူဇန်နဝါရီ ၂၅ ရက် နံနက် ၁၀နာရီတွင် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဝန်ထမ်းများက ဒေသခံ ပြည်သူများအား မိုးပွင့် (အထူး) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက် ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဟောင်းဝတ္ထုပစ္စည်း သက်တမ်းတွက်ချက်သည့် သိပ္ပံနည်းကျ Thermoluminescence Dating Laboratory ဓာတ်ခွဲခန်း သုံးပစ္စည်းများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများ၊ မြေမီးဖုတ်နှင့် မြေထည်ပစ္စည်း များ၏ သက်တမ်းအထောက်အထားကို အနီးစပ်ဆုံး တွက်ချက်နိုင်သော သိပ္ပံနည်းကျ Thermoluminescence Dating နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လမ်းကတ္တရာ ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


ဖယ်ခုံ ဇန်နဝါရီ ၂၈
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်အေးသည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဖယ်ခုံ-ခေါင်းအိလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ ဒုတိယထပ်ရှိ စည်းဝေးခန်းမ၌ ကျင်းပသည်။

အစိုးရအုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းမှု ပြင်ဆင်ပြောင်းလဲရေးဆိုင်ရာ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း


နေပြည်တော်၊ ဇန်နဝါရီ ၂၈
အစိုးရအုပ်ချုပ်ရေး ယန္တရားဖွဲ့စည်းမှု ပြင်ဆင်ပြောင်းလဲရေးဆိုင်ရာ အသွင်ကူးပြောင်းရေး ကာလလုပ်ငန်းစဉ် များ ဆွေးနွေးညှိနှိုင်းသည့်အစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီ အချိန်က နေပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သိမ်း၊ ဒေါက်တာစန်းလွင်တို့နှင့် ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

တပ်ဝင်ဂိတ်တွင် သံတခါးတပ်ဆင်စဉ် နှောင့်ယှက်မှုဖြစ်ပွား

နေပြည်တော်-ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်အင်ဂျင်နီယာ သင်တန်းကျောင်းသည် ရပ်ကွက်ကြီး (၁)၊ (၁၃) ညံကွဲရပ်ကွက်နှင့် ထိစပ်လျက် ရှိသော တပ်ပိုင်မြေဧရိယာအတွင်း အုတ်တံတိုင်းကာရံလျက်ရှိရာ ဇန်နဝါရီ (၁၅) ရက် ညနေ (၆) နာရီခွဲချိန်ခန့်၌ တပ်အဝင်/ အထွက်ဂိတ်အား သံတံခါးတပ် ဆင်နေစဉ် ပြင်ပရပ်ကွက် နေထိုင်သူ အင်အား (၅၀) ဦးခန့်သည် သံတခါးတပ် ဆင်ခြင်းမပြုလုပ်နိုင်စေရန်အတွက် ဝိုင်းဝန်းကန့်ကွက် တားဆီးခြင်း၊ ဂဟေဆော် ၀ရိန်စက်တပ်ဆင်ထားသည့် ယာဉ်အား တွန်းရွေ့ဖယ်ရှားခြင်း၊ သင်တန်းကျောင်း မှ စစ်သည်များနှင့် လုပ်သားဝန်ထမ်းများအား ရိုင်းစိုင်းစွာပြောဆိုခြင်း တို့ကြောင့် ပြဿနာမကြီးထွားစေရန် ဆောက်လုပ်မှုလုပ်ငန်းအား ခေတ္တရပ်ဆိုင်းခဲ့သည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းဝေးကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေးစိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းဝေးကို ယနေ့ မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းအကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနား တက်ရောက်



ရန်ကုန် ဇန်နဝါရီ ၂၈
အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ နာယက  ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ ညနေ (၆) နာရီ တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မဒဲကျွန်း ရေနံတင်ဆိပ်ကမ်း အကြိုဖွင့်ပွဲနှင့် ရေနံပိုက်လိုင်း လုပ်ငန်းများ ကနဦး စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ 

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်



နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များသည် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များက ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ကယားပြည်နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၂၈
ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ကယား ပြည်နယ် အတွင်းရှိမြို့နယ် (၈) မြို့နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး ကယားပြည်နယ် လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးများ၊ ကယားပြည်နယ်ရှိ မြို့နယ် (၈)မြို့နယ်မှ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်အထောက်အကပြု ကော်မတီဝင်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ စုစုပေါင်း (၇၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ကယား ပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့တို့၌ စက်မှုလယ်ယာမြေစနစ် ပြုပြင်ဖော်ထုတ်မှု၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ငွေတောင်ဆည် ရေဝင်ရောက်မှု အခြေအနေများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး



နေပြည်တော် ဇန်နဝါရီလ ၂၈
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇန်နဝါရီလ (၂၆) ရက်နေ့ ညနေ (၃) နာရီတွင် ကယားပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာရှိ လယ်ယာမြေ ဧက (၅၀) နှင့် ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင် ကျေးရွာအုပ်စု ဒေါဖိုးစီကျေးရွာမှ လယ်မြေဧက (၅၀) စုစုပေါင်း တဆက်တစပ်တည်း ဧက (၁၀၀) အား စက်မှုလယ်ယာမြေစနစ် ကူးပြောင်းရန် စက်ယန္တရား များနှင့် မြေယာပြုပြင် ဖော်ထုတ်နေမှုများအား ကွင်းဆင်းစစ်ဆေးကြည့်‌ရှုပြီး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် LIFT Fund Board အဖွဲ့ဥက္ကဌ Ms. Claudia Antonelli နှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော်ချရေး အထောက် အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၈
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ယနေ့နံနက် (၉) နာရီခွဲတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ LIFT Fund Board အဖွဲ့ဥက္ကဌ၊ European Union စီမံကိန်း မန်နေဂျာ Ms. Claudia Antonelli နှင့် LIFT Fund Director, Mr. Andrew Kirkwood တို့အား လက်ခံ တွေ့ဆုံပြီး LIFT အဖွဲ့မှ ဆောင်ရွက်လိုသည့် Senior Consultation Group အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနမှ ကူညီဆောင်ရွက် ပေးနိုင်ရေး၊ Senior Consultation Group အား LIFT Fund Board အဖွဲ့၏ တရားဝင် အကြံပေး

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်



နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များက ပူးတွဲကြေညာ ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

လူမှောင်ခို လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ်        ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်း ပသောလူမှောင်ခို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုဇန်နဝါရီ ၂၇ ရက်နေ့မွန်းလွဲ  ၁၃းဝ၀ နာရီ တိုင်းဒေသကြီး ထားဝယ်မြို့၊ ကျောက်ရပ်ရွာ ၊မူလပရိယတ္တိကျောင်း၌ကျင်းပရာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ထားဝယ်)မှ ရဲအုပ် အောင်ကျော်၊ မြို့နယ်တရားသူကြီး ဦးထွန်းလင်း မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နွယ်နီဝင်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ တက်ရောက်သည်။

ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်တော်ယာဉ်ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲ အခမ်းအနားကျင်းပ


ဟားခါး ဇန်န၀ါရီ  ၂၇
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်တော်ယာဉ်ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

မြိတ်မြို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းသင်တန်း ဖွင့်လှစ်

မြိတ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် စီးပွားရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သော မြို့ဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသင်းမှ စီစဉ်ဖွင့်လှစ်သော လူထု အခြေပြု ခရီးသွားလုပ်ငန်းသင်တန်းကို မြိတ်မြို့ ကြံတောရပ်ရှိ J & J  ခန်းမတွင် ဇန်နဝါရီလ(၂၈)ရက် နံနက်(၉) နာရီက ဖွင့်လှစ်ခဲ့သည်။ 

စာဖတ်/စာငှားများအဆင်ပြေစွာ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် “မိတ်ဆွေကောင်း” စာကြည့်တိုက် အဆောက်အဦ တိုးချဲ့ဆောက်လုပ်

နေပြည်တော်၊ ဇန်နဝါရီ -၂၈
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ စက်ကုန်း ကျေးရွာရှိ “မိတ်ဆွေကောင်း” ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကို ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့တွင် သုတ၊ ရသ စာအုပ်စာစောင်(၃၀၀၀)ကျော်ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ကျေးရွာစာကြည့်တိုက် ကော်မတီ၊ စာကြည့်တိုက်မှူးနှင့် ရပ်မိရပ်ဖများ၏ ကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် သုတ၊ရသ စာအုပ်ပေါင်း(၁)သောင်းကျော်ရှိလာခဲ့ပြီး စက်ကုန်းကျေးရွာနေပြည်သူများ သာမက အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် အေးမြင့်သာယာ၊ ချောင်းစောက်၊ ရွာသစ်၊ သရက်သမိန်နှင့် ကြံဖိုစုကျေးရွာများမှ စာပေဝါသနာရှင် များ၏ အားကိုးအားထားပြုရသည့် စာကြည့်တိုက်အဖြစ် ရှင်သန် အောင်မြင်နေခဲ့ပြီဖြစ်ပါသည်။

မိုးပွင့်(အထူး)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးမှုသတင်း

ထားဝယ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်မောင်နှင့် ဝန်ထမ်းများသည် လောင်းလုံးမြို့နယ်မှ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး လိုက်ပါ၍ Norwegian Refugee Council (NRC) အဖွဲ့နှင့်ပူးပေါင်းပြီး (၂၀-၁-၂၀၁၅) ရက်နေ့ (ဝ၉း၃၀)နာရီ မှ (၁၈း၃၀) နာရီ အထိ ကျောက်နီမော်ရွာ၊ အ.ထ.ကနှင့် သကျက်တောရွာ အထက(ခွဲ) ကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား မိုးပွင့်(အထူး)စီမံချက် ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အား နေ့ချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါ သည်။

အလုပ်ဖြင့် ကင်းထောက် ရန်ပုံငွေရှာဖွေခြင်း (Kyat-a-Job)

ကင်းထောက်ကြီး
ဆောင်းပါး
ကျွန်တော် ကင်းထောက်လူငယ် (Boy Scout) ဖြစ်ခဲ့စဉ်က ၁၉၅၉- ၁၉၆၄ ခုနှစ်များအတွင်း နှစ်စဉ် ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင် ကင်းထောက် ရန်ပုံငွေရှာဖွေခြင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရပါသည်။

မြန်မာ့ခရီးသွားကဏ္ဍ၏ သမိုင်းမှတ်တိုင်သစ်တစ်ရပ် စိုက်ထူ

သတင်းဆောင်းပါး-ဇင်ဦး (မြန်မာ့ အလင်း) 
ဓာတ်ပုံ-အောင်ပိုင်
မြန်မာနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် သဘာဝအမွေ အနှစ်များ ပေါင်းစပ်မှုရလဒ်အဖြစ် မြန်မာ့ခရီးသွား အခန်းကဏ္ဍအတွင်း သမိုင်းမှတ်တိုင်သစ် တစ်ရပ် စိုက်ထူလိုက်ပြီဖြစ် သည်။ ယင်းမှာ ခရီးသွားကဏ္ဍ တွင် သြဇာတိက္ကမကြီးမားသော စာဖတ်ပရိသတ် များပြားလှ သည့် ကမ္ဘာကျော်ပုဂ္ဂလိကပိုင် မီဒီယာအုပ်စုကြီးဖြစ်သည့် Lonely Planet Traveller မဂ္ဂဇင်းကြီးမှ မြန်မာနိုင်ငံကို အကောင်းဆုံး AEC နိုင်ငံခရီးသွားဆု Best in Travel - AEC Country ကို ချီးမြှင့်လိုက်ခြင်းကြောင့် ဖြစ်သည်။

သြစတြေးလျ- မြန်မာ နှစ်နိုင်ငံ လေကြောင်း သဘောတူစာချုပ် ပြန်လည်ချုပ်ဆို

ရန်ကုန် ဇန်နဝါရီ ၂၇
၁၉၆၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် သြစတြေးလျ- မြန်မာ နှစ်နိုင်ငံလေကြောင်း သဘောတူစာချုပ်ကို ခေတ်နှင့်အညီ အသစ်ပြန်လည်ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်မူကြမ်းတစ်ရပ်ကို ယခုလဆန်းပိုင်းက ရေးဆွဲခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံ


တောင်ကြီး ဇန်နဝါရီ ၂၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရေကြောင်း သတိပေးထုတ်ပြန်ချက်

နေပြည်တော် ဇန်နဝါရီ ၂၇
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော OPHIR ENERGY PLC ကုမ္ပဏီသည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် AD 3 တွင်3 D Seismic တိုင်းတာရေး လုပ်ငန်းများအား တိုင်းတာရေး ရေယာဉ် SANCO SWORD ဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁ဝ ရက် အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆင့်မြင့် ပူးတွဲကော်မတီ အစည်းအဝေး တက်ရောက်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ထိုင်းနိုင်ငံသို့ သွားရောက်မည်

နေပြည်တော် ဇန်နဝါရီ ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ပရီဒီယသွန်း ဒီဗာကုလ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် တတိယအကြိမ် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းဧရိယာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ တတိယအကြိမ် အဆင့်မြင့် ပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်မည် ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော်


မုဒုံ ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား အချင်းချင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာ အတူတကွ လက်တွဲကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် စစ်ဘေးဒဏ် ခံစားနေရသော နိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူများ အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လက်မှတ်ရေးထိုး ရန်ရည်ရွယ်၍ မွန်ပြည်နယ် မုဒုံ မြို့နယ် ကမာဝက်မြို့၌ ပြည်သူ ၄ဝဝ ခန့်က ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် ကမာဝက်မြို့ ကျိုက်ဇယ် စေတီတော်မုခ်ဦးရှေ့မှ စတင်ကာ ခြင်္သေ့ ကျောင်းတိုက်ရှေ့အထိ လမ်းမ ကြီးတစ်လျှောက် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲမှု အမြန်ဆုံး လက်မှတ်ရေးထိုးရေး၊ ပြည်သူများ၏ တောင်းဆိုချက် အောင်ရမည် စသည့် ကြွေးကြော်သံ များဖြင့် စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။