Sunday, November 30, 2014

ဆေးယဉ်ပါးငှက်ဖျားရောဂါပိုးတိုက်ဖျက်ရေး လူထုပူးပေါင်းလှုပ်ရှားမှု သထုံတွင်ကျင်းပ

သထုံ၊  နိုဝင်ဘာ၊  ၃၀         
ကျေးလက်နေပြည်သူများ ဆေးယဉ်ပါးငှက်ဖျားရောဂါ ပိုးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး လုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပူးပေါင်းဆောင်ရွက် လာခြင်းဖြင့် ငှက်ဖျားရောဂါ ကင်းစင်သည့် ဒေသ ဖြစ်လာစေရန် အတွက် ဝေါကွန်ဆန်းမြန်မာ (မွန်စီမံချက်ရုံး) မှ ဦးဆောင်ကာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ

ရာဘာဈေးနှုန်း ကျဆင်းနေသောကြောင့် တံတားဦးကျေးရွာမှ ရာဘာစဥ့်ခွက်လုပ်ငန်းများ ထုတ်လုပ်မှု ကျဆင်း

သထုံ၊  နိုဝင်ဘာ၊  ၃၀      
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရာဘာဈေးနှုန်း ကျဆင်းနေသော ကြောင့် ရာဘာအစေးခံခွက် ထုတ်လုပ်သည့် စဥ့်ထည်လုပ်ငန်းများ ထုတ်လုပ်မှုကျဆင်းလာကြောင်း သိရသည်။ “မနှစ်က ခွက်ကြီး တစ်ခွက်ကို ဖောက်သည်ဈေး ၁၀ဝကျပ်

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဗိုလ်ရှုခံ အခမ်းအနား နေပြည်တော်၌ကျင်းပမည်

သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်
နေပြည်တော် ဒီဇင်ဘာ ၁
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဗိုလ်ရှုခံ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။
သတင်းတက်ရောက် ရယူလိုသည့် မီဒီယာသမားများ အနေဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ (၁)ရက်မှ (၂၀) ရက် အထိ ဆောင်ရွက် ရန် ဖြစ်ပြီး ကိုယ်ရေး အချက်အလက် (အကျဉ်း)၊ ပတ်စ်ပို့ ဓာတ်ပုံ (၃)ပုံနှင့် အတူ ပေးပို့ဆောင်ရွက် ရမည်ဖြစ်သည်။
ပြည်တွင်းခြေစိုက် နိုင်ငံခြားသတင်းဌာနများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖုန်း - ၀၆၇ - ၄၁၂၁၂၅၊ ၀၆၇ - ၄၁၂၁၂၆၊ ဖက်(စ်) - ၀၆၇ - ၄၁၂၁၂၄၊ email – adnews 2014@gmail.com သို့လည်းကောင်း၊ ပြည်တွင်း စာနယ်ဇင်းများ အနေဖြင့် ဖုန်း - ၀၆၇ - ၄၁၂၀၀၂၊ ၀၆၇ - ၄၁၂၁၈၇၊ email – myintkyaw103@gmail.com သို့လည်းကောင်း ဆက်သွယ်ပေးပို့ ဆောင်ရွက် နိုင်ပါကြောင်း သိရသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပဲခူးမြို့၌တွေ့ဆုံ

ပဲခူး နိုဝင်ဘာ (၃၀)
နိုဝင်ဘာ (၂၉) ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr. Borge Brende နှင့် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အ စည်းများ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းများသည် ယနေ့ နံနက် (၈း၄၅) မိနစ်က ပဲခူးမြို့ရှိ ဟံသာဂါးဒင်း ဟိုတယ် ၌ နော်ဝေနိုင်ငံ မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကူညီပေးရေး လုပ်ငန်းများ နှင့် ပတ်သတ်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

၂၀၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် စတုတ္ထနေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူးကျင်းပ၍ အင်းဝဘဏ်လီမိတက်မှ အဓိက ကူညီပံ့ပိုးပေးသော Myanmar Golf Tour 2014 နောက်ဆုံး ပွဲစဉ် စတုထ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိ ဂေါက်ကလပ်၌ ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု၍ ပါဝင်ကစားခဲ့သည်။

နော်ဝေနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် ရေလုပ်ငန်းဝန်ကြီး တယ်လီနောအရောင်းပြခန်း ကြည့်ရှု စစ်ဆေး

ရန်ကုန် - နိုဝင်ဘာ ၃၀
နော်ဝေနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုဇုန်နှင့် ရေလုပ်ငန်းဝန်ကြီး H.E. Ms. Monica Maeland သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ (၁၂) နာရီခွဲတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် ၁၁ လမ်းထိပ်ရှိ တယ်လီနော အရောင်းပြ ခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက တယ်လီနော ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အခြေအနေ၊ တယ်လီနော မိုဘိုင်းဖုန်းဆင်းကတ်များ၊ ဟန်းဆက်များ နေ့စဉ်ရောင်းချမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြသည်။

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေး ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံဆွေးနွေး

ရန်ကုန် နိုဝင်ဘာ ၃၀
ရထားပို့ဆောင်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး Mr. YANG Chuantang နှင့်အဖွဲ့သည် မနေ့က ညနေပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှိ ဒဂုံခန်းမသို့ လာရောက် တွေ့ ဆုံ ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှ တစ်ဆင့် မိန့်ခွန်းပြောကြားမည်

နိုဝင်ဘာ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး အခွန်ထမ်း ပြည်သူများအား တွေ့ဆုံ၍ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများ ဆွေးနွေးပြောကြား

မြိတ် နိုဝင်ဘာ ၂၉ ရက်
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် တနင်္သာရီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် အတူ နိုဝင် ဘာလ(၂၉)ရက် နံနက် (၉း၃၀) နာရီက မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲ ရတနာခန်းမတွင် ကျင်းပသည့် တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင်/မြို့နယ် စီမံခန်ခွဲမှုကော်မတီ၊ မြို့နယ်/ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီများ၊

နော်ဝေနိုင်ငံ ဟာရယ်ဘုရင်နှင့် မိဘုရား ဆွန်ယာတို့၏ ကိုယ်ရေးအကျဉ်း

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်အား ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အော်စလို မြို့တော်အနီးရှိ စကယ်ရ်ဂွမ်း နန်းတော်၌ ဖွားမြင်ခဲ့ပါသည်။ ၎င်းသည် အိမ်ရှေ့မင်းသား ပဉ္စမမြောက် အော်လက်ဗ်(နောင်တွင် ပဉ္စမမြောက် အော်လက်ဗ် ဘုရင်)နှင့် မင်းသမီးမာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အသရေဖျက်မှုဖြင့် ဘလော့ဂါတစ်ဦးကိုစွဲဆိုသည့် အမှုတွင် စင်ကာပူတရားရုံးချုပ်က ၀န်ကြီးချုပ် လီရှန်လွန်းကိုအနိုင်ပေး


စင်ကာပူ နိုဝင်ဘာ ၂၉
အသရေဖျက်မှုဖြင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အွန်လိုင်းဘလော့ဂါတစ်ဦးကိုတရားစွဲဆိုသောအမှုတွင် စင်ကာပူတရားရုံးချုပ်က ဝန်ကြီးချုပ်အား အနိုင်ပေးကြောင်း နိုဝင်ဘာ ၂၈ရက်တွင် အမိန့်ချမှတ်လိုက်သည်။ အဆိုပါ ဖြစ်ရပ်မှာ ဝန်ကြီးချုပ် လီရှန်လွန်းက အွန်လိုင်းမှ ဝေဖန်သူတစ်ဦးကို ပထမဆုံးအကြိမ်တရားစွဲဆိုမှုဖြစ်ပြီး နိုင်ငံတော်၏အငြိမ်းစားလစာ ရန်ပုံငွေများကို ဝန်ကြီးချုပ်က အလွဲသုံးစားလုပ်ခဲ့သည် ဟူသောစွပ်စွဲချက်ကို အင်တာနက်မှတစ်ဆင့် ဖြန့်ချိခဲ့မှုအား တုံ့ပြန်လိုက်သည့် ဆောင်ရွက်ချက် တစ်ခုလည်းဖြစ်သည်။

ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှုစွမ်းရည်ပြပွဲ Ford Driving Skills for Life ကျင်းပ


ရန်ကုန် နိုဝင်ဘာ ၂၉
ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှု စွမ်းရည်ပြပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ ပြိုင်ကားမောင်းကွင်းတွင် Ford Driving Skills for Life အနေဖြင့် Ford ကားကုမ္ပဏီမှ ဦးစီးကျင်းပကာ အာရှပစိဖိတ် ဒေသအတွင်း ၉ နိုင်ငံမြောက်ပွဲအဖြစ် နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိကျင်းပခဲ့သည်။

(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းများအလိုက် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် နိုဝင်ဘာ ၂၉

(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းများအလိုက် အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံ တွင်

(၂၃၀) ကေဗွီ ရွှေတောင်-မြောင်းတကာ နှစ်ထပ်မဟာဓာတ်အားလိုင်းအား လှော်ကားနှင့် မြောင်းတကာ ပင်မဓာတ်အားခွဲရုံးများသို့ ဆက်သွယ်ချိတ်ဆက်

ရန်ကုန် နိုဝင်ဘာ ၂၉
ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် မြောင်းတကာစံပြကျေးရွာအနီး အသစ်တည်ဆောက်ပြီးစီးခဲ့သော (၂၃၀) ကေဗွီ ရွှေတောင်-မြောင်းတကာ နှစ်ထပ် မဟာဓာတ်အားလိုင်းအား လှော်ကားပင်မဓာတ်အားခွဲရုံ နှင့် မြောင်းတကာ ပင်မဓာတ်အားခွဲရုံများသို့ ဆက်သွယ်ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တပ်မတော်နှင့် KNU အဖွဲ့တို့အကြား ငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်




နေပြည်တော် နိုဝင်ဘာ ၂၉

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ နာရီ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ KNU ကရင် အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ စောမူ တူးဆေးဖိုး ခေါင်းဆောင်သော အဖွဲ့အားတွေ့ဆုံသည်။

နော်ဝေနိုင်ငံ ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့၏ ကိုယ်ရေးအကျဉ်းနော်ဝေနိုင်ငံ ဟာရယ်ဘုရင်၏ ကိုယ်ရေးအကျဉ်း





နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်အား ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အော်စလို မြို့တော်အနီးရှိ စကယ်ရ်ဂွမ်း နန်းတော်၌ ဖွားမြင်ခဲ့ပါသည်။ ၎င်းသည် အိမ်ရှေ့မင်းသား ပဉ္စမမြောက် အော်လက်ဗ်(နောင်တွင် ပဉ္စမမြောက် အော်လက်ဗ်ဘုရင်)နှင့် မင်းသမီး မာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

Saturday, November 29, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးသည့် အဖွဲ့များ၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင်ဘောလုံးအသင်းတို့နှင့် ပျူရှေး ဟောင်းမြို့ကြီး (၃)မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အောင်မြင်စွာထည့်သွင်း နိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ




နေပြည်တော် နိုဝင်ဘာ ၂၉
 (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအောင် မြင်စွာကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးသည့် အဖွဲ့များ၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ခွင့်ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်း မြို့ကြီး ()မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ ညနေ()နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်ချီးမြှင့်သည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော်  နိုဝင်ဘာ ၂၈
သမ္မတရုံးဝန်ကြီးဌာန ပြံည်ထောင်စုဝန်ကြီး ဦးလှထွန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မှ တပ်မတော် ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းလားမြို့ သို့ ရောက်ရှိရာ မိုင်းလားအထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများ၊ “ဝ” တိုင်းရင်းသားများက ကြိုဆို နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ လွတ်မြောက်ရေးနေ့ သ၀ဏ်လွှာပေးပို့

နေပြည်တော် နိုဝင်ဘာ ၂၈

၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော အယ်လ် ဘေးနီးယားသမ္မတနိုင်ငံ၏ လွတ်မြောက်ရေးနေ့အခါသမယ၌ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှ အယ်လ် ဘေးနီးယား သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘူဂျာနီရှနီထံသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။


အလားတူ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော အယ်လ်ဘေး နီးယား သမ္မတနိုင်ငံ၏ လွတ်မြောက်ရေးနေ့ အခါ သမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ အယ်လ်ဘေးနီးယား သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အက်ဒီရာမာထံသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr.Hadar S. Gumay နှင့် International IDEA မှ Head of Mission ဖြစ်သူ Mr. Thomas Cormier တို့ကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အုပ်ချုပ်ရေးယန္တရားများ တိုးတက်ကောင်းမွန်စေရေးလုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး


နေပြည်တော် နိုဝင်ဘာ ၂၈

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ဌာနေ ညွှန်ကြားရေးမှူး Mr.Tolly Kurbanov သည် နိုင်ငံ တော်အစိုးရနှင့် UNDP ပူးပေါင်း ဆောင်ရွက်လျက်ရှိသော တိုင်းဒေသ ကြီး/ပြည်နယ်များ၏ ဒေသန္တရအုပ် ချုပ်ရေး လေ့လာတွေ့ရှိချက်များကို သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းထံသို့ ယနေ့ နံနက်ပိုင်းက လာရောက်တွေ့ဆုံ ရှင်းလင်းဆွေးနွေးသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြီး) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 15 th ASEAN Chiefs of Army Multilateral Meeting (ACAMM-15) အစည်းအဝေးသို့တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၂၈

ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိ နေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဟနွိုင်းမြို့ရှိ Melia Hotel Grand Ballroom ၌ကျင်းပပြုလုပ်သော 15 th ASEAN Chiefs of Army Multilateral Meeting (ACAMM-15) အစည်း အဝေးသို့တက်ရောက်သည်။

Friday, November 28, 2014

ပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်

သတင်းမီဒီယာနည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သည် ၎င်းတို့ ရေးဆွဲသော သတင်းမီဒီယာ ဥပဒေမူကြမ်းကို ရန်ကုန်တိုင်း ဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှတစ်ဆင့်  ၁၉-၈-၂၀၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၂)ဖြင့် သတင်းမီဒီယာ ဥပဒေကို ၁၄-၃-၂၀၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် အသစ်လျှောက်ထားခြင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင် သက်သေခံလက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုး လျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက် ရှိပါသည်။

အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံရေး အရ အဖြေရှာသည့် နေရာတွင် အားလုံး ပါဝင်နိုင်မှုသည် အရေးကြီး


ရန်ကုန်သတင်းအဖွဲ့
မြန်မာ့ ဒီမိုကရေစီစနစ် အသွင် ကူးပြောင်းရေးတွင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးသည် မဖြစ်မနေ လိုအပ်ချက် တစ်ရပ် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်  သမ္မတကြီး ဦးသိန်းစိန်သည် ၎င်းတာဝန်ယူသည့် အချိန်မှစ၍ အားလုံး ပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ် တစ်ရပ်ကို အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ကြိုးပမ်းမှုကြောင့်  ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်ချိန်က ပါဝင်ခဲ့ခြင်း မရှိသည့် နိုင်ငံရေး ပါတီများမှာ လွှတ်တော် အတွင်း ရောက်ရှိလာသည်။ ယခင် အစိုးရ လက်ထက်က နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း နိုင်ရန် အကျဉ်းချ ခံနေရသူများလည်း ပြန်လည် လွတ်မြောက်လာကာ နိုင်ငံရေး နယ်ပယ်တွင် ပုံစံ အမျိုးမျိုးဖြင့် ပါဝင်လာနိုင်ခဲ့သည်။ ထို့ကြောင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံရေးအရ အဖြေရှာသည့် နေရာမှာ အားလုံး ပါဝင်နိုင်မှုသည် အရေးကြီးသည်ကို တွေ့ရမည် ဖြစ်သည်။ 

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အကြိမ်(၂၀)မြောက် အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား


မန္တလေး နိုဝင်ဘာ ၂၇
အကြိမ် (၂၀)မြောက် အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီ (၄၅) မိနစ်တွင် မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ် သာရတနာ ခန်းမ၌  ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မန္တလေး ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၂၇
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ ၀န်ထမ်းများအား တွေ့ဆုံပွဲနှင့် အလှူငွေ ပေးအပ်ပွဲသို့ တက်ရောက်၍  အမှာစကား ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အာဆီယံ- ရုရှား လူငယ် အနုပညာ သံစုံတီးဝိုင်း ဖျော်ဖြေပွဲ အခမ်းအနား တက်ရောက် အားပေး


နေပြည်တော် နိုဝင်ဘာ ၂၇
အာဆီယံ- ရုရှား လူငယ် အနုပညာ သံစုံတီးဝိုင်းမှ ဖျော်ဖြေ တင်ဆက်သည့် The Cultural Program to celebrate Myanmar's Chairmanship of ASEAN-2014 ဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ည (၇)နာရီ (၁၀)မိနစ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။
တေးဂီတ ဖျော်ဖြေပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေး ကောင်စီဝန်ကြီး မစ္စတာ နီကိုလိုင်းပိ၊ ပက်ထရစ်ရှက်ဖ်အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၇
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေး ကောင်စီဝန်ကြီး မစ္စတာ နီကိုလိုင်းပိ၊ ပက်ထရစ်ရှက်ဖ်အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့၌ B.Sc (Sport) ပထမနှစ် ဒုတိယနှစ် အတွက် အချိန်ဇယား (Time Table) ညှိနှိုင်း အစည်းအဝေး တက်ရောက်၍ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ သင်တန်းသားများနှင့် တွေ့ဆုံ


ရန်ကုန် နိုဝင်ဘာ ၂၇
၂၀၁၄- ၂၀၁၅ ပညာသင်နှစ်၊ ဒဂုံ တက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့၌    B.Sc (Sport) ပထမနှစ်နှင့် ဒုတိယနှစ်အတွက်  အချိန်ဇယား (Time Table) ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည်(၁၂း၀၀)နာရီက ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ရာ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက် အမှာစကား ပြောကြားပြီး အခမ်းအနားသို့ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှဌေးနှင့် ရတနာပုံတက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများ၊ ရန်ကုန်နှင့်မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံမှ ကျောင်းအုပ်ကြီးများနှင့်ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးအဆိုတွင် ပါရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် နည်းဥပဒေ မထွက်သေး ဆိုသည့် အချက် မှားယွင်းကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ပြန်လည်ရှင်းလင်း

နေပြည်တော် နိုဝင်ဘာ ၂၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ၌  ဆက်လက် ကျင်းပရာ ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ၆၆ တွင် ပြဌာန်း ထားသော စည်းကမ်းချက်များနှင့် အညီ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းပြီး ဖြစ်သော ဥပဒေများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ စသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ဆောလျင်စွာ ထုတ်ပြန် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့သည်။

Thursday, November 27, 2014

တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံး မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ်  နိုဝင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ အမှတ်(၁) အခြေခံပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူရုံး မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက်(၀၉၀၀)နာရီ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၊ပညာဗိမာန်ခန်းမတွင်ပြုလုပ် ကျင်းပသည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် ယုံကြည်မှု၊ ရင်းနှီးမှု ရိုးသားပွင့်လင်းမှုတို့ဖြင့် ခိုင်မာစွာလုပ်ဆောင်



နေပြည်တော် နိုဝင်ဘာ ၂၆
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့် စစ်သံ ဆက်ဆံရေးမှာ နှစ်(၄ဝ)ကျော် ကောင်းမွန်သော ဆက်ဆံရေးရှိ၍ ခိုင်မာအောင် ဆက်လက် ထိန်းသိမ်း သွားရေး၊ အိမ်နီးချင်း ကောင်းများဖြစ်၍ နယ်စပ်ရေးရာ ဖြစ်ပွားမှုများကို ကောင်းသော ရှုမြင်မှုဖြင့် ဖြေရှင်း ဆောင်ရွက်သွားရေး၊ အချုပ်အခြာ အာဏာ တည်ရှိမှု၊ နိုင်ငံသားလုံခြုံမှု အတွက် နှစ်နိုင်ငံအ ကျိုးစီးပွားကို မထိခိုက်စေရန် ညှိနှိုင်းဆောင်ရွက်၍ အပြန်အလှန် ယုံကြည်မှုဖြင့် ဆောင်ရွက်ရေး၊ တစ်ကမ္ဘာလုံး အတွက် စိန်ခေါ်မှုဖြစ်သော အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံထိထိ ရောက်ရောက် ပူးပေါင်းတားဆီးဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အော်ပရေတာ လေးခုရှိလာမည်

ရန်ကုန် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍတွင် အော်ပရေတာလေးခုရှိလာမည်ဖြစ်ပြီး ပြည်တွင်းမှနှစ်ခု၊ ပြည်ပမှနှစ်ခုဖြင့် လွတ်လပ်စွာယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက နိုဝင်ဘာ ၂၅ ရက် တွင် ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အာရှပစိဖိတ် ဆက်သွယ်ရေးအထွေထွေညီလာခံနှင့် (၃၈)ကြိမ်မြောက် အာရှ ပစိဖိတ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

အမျိုးသားသိပ္ပံနှင့် နည်းပညာမူဝါဒ(မူကြမ်း)နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)ပြုစုနိုင်ရေး စည်းဝေး


နေပြည်တော် နိုဝင်ဘာ ၂၆
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးဌာန စုဝေးခန်းမ၌ အမျိုးသားသိပ္ပံနှင့်နည်းပညာမူဝါဒ (မူကြမ်း)နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် လက်မှတ်ရေးထိုး


နေပြည်တော် နိုဝင်ဘာ ၂၆
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီဝန်ကြီးနီကိုလိုင်၊ ပီ၊ပက်ထရစ်ရှက်ဖ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နေပြည်တော် ရုံးအမှတ် (၃၈) ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမသို့ ယနေ့ ညနေ ၃ နာရီတွင် လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ် များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြပြီး မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ

ပိုမိုကျယ်ပြန့်သော အမျိုးသားနိုင်ငံရေးပါတီအင်အားစုများနှင့်တွေ့ဆုံမှုမှသည် အနာဂတ် ဒီမိုကရေစီလူ့ ဘောင်သစ်ဆီသို့


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော်၏ အနာဂတ်ရှေ့ ခရီးနှင့် နိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံရေးပါတီများနှင့်အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး လေ့ရှိရာ နိုင်ငံရေးပါတီ (၆၇)ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၁၂၆ ဦး တို့နှင့် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံ ခဲ့ပေသည်။