Monday, June 30, 2014

စာအုပ်လှူဒါန်းပွဲကျင်းပ



ပုသိမ် ဇွန် ၃ဝ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျေးလက်နေပြည်သူများ ဗဟုသုတများရရှိရေး၊ စာဖတ်သည့် အလေ့အထ များတိုးပွားပြီး ပြည်သူများအတွေ့အကြုံ၊ ဗဟုသုတများဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရေး ကို ရည်ရွယ်၍ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်နှင့် မြို့နယ်များရှိ ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်စာစောင် များ ပေးအပ်လှူဒါန်းပွဲကို (၃ဝ..၂ဝ၁၄) ရက်နေ့၊ နေ့လည်(၁၂းဝဝ) နာရီက ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး၊ ပုသိမ်ခရိုင်ဦးစီးအရာရှိနှင့် ခရိုင်အတွင်းရှိ

ရေး-ထားဝယ် ရထားလမ်းပိုင် ရထားလမ်းဘေး ဝဲ၊ယာတစ်လျှောက် သစ်ပင်၊ဝါးပင်များ၊တောခြုံများခုတ်ထွင် ရှင်းလင်း



ထားဝယ် ဇွန် ၃၀
ရထားစီး ခရီးသည်များ ဘေးကင်းလုံခြုံ၍ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊မြန်မာ့မီးရထားသည် ရေး-ထားဝယ် ရထားလမ်းပိုင်း ၊ရထားလမ်းဘေးဝဲ၊ ယာ တစ်လျှောက် သစ်ပင်၊ဝါးပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို ယမန်နေ့ နံနက်(ဝ၇းဝ၀)နာရီအချိန်တွင် ခုတ်ထွင်ရှင်းလင်းခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (THIRD WAVE )လုပ်ငန်းစဉ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ





ထားဝယ် ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (THIRD WAVE ) လုပ်ငန်းစဉ်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁၄၀ဝ)နာရီ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင်မှု (THIRD WAVE ) ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတကြီး မှ ၂၀၁၄-ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့တွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိခန်းမဆောင်တွင် ဒုတိယသမ္မတ များနှင့်ဝန်ကြီး၊ ဒုတိယဝန်ကြီး များအား အလေးအနက်ထားမှာကြားသည်ကို တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊တိုင်းအုပ်ချုပ်ရေးမှူး ဦးတင်သိန်း က ထပ်ဆင့်အသိပေးရှင်းလင်းသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်သာယာကုန်းကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်(GAP) ဖြင့် ပျိုးဘောင်ပြင်ဆင်ခြင်း၊ မျိုးစေ့ချခြင်းလုပ်ငန်းများဆောင်ရွက်



ထားဝယ် ဇွန် ၃၀
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီ တစ်မြို့နယ်(၁၀) ဧကစံပြကွက်စိုက်ပျိုးပြသခြင်း ကိုထားဝယ်ခရိုင်၊လောင်းလုံမြို့နယ် သာယာကုန်း ကျေးရွာကွင်းအမှတ် (၈၁)၊တောင်သူဦးနေဝင်းပါ(၃)ဦး၏ လယ်မြေ(၁၀) ဧကပေါ်တွင်မိုး စပါးသိပ္ပံနည်းကျစိုက်နည်းစနစ် (GAP)ဖြင့်စိုက်ပျိုးရန်အတွက်ပျိုးဘောင်ပြင်ခြင်း ၊မျိုးစေ့ချခြင်းလုပ်ငန်းအား စံပြအဖြစ်ပြုလုပ်ပြသခဲ့ပါသည်။ယင်းမျိုးစေ့ချပွဲပြုလုပ်ရာတွင်တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတိုင်းဒေသကြီး ဦးစီးမှူးဦးထွန်းအောင်ကျော်နှင့် ထားဝယ်ခရိုင်ဦးစီးမှူးဦးကျော်လှတို့မှသိပ္ပံနည်းကျစိုက်

ယင်းမာပင်​၌ ၂၀၁၄-၂၀၁၅ ပညာသင်​နှစ်​ ​ထောက်​ပံ့​ငွေ​ပေးအပ်




ယင်းမာပင်   ဇွန်  ၂၉
စစ်ကိုင်းတိုင်ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မြရိပ်ရေကြည်ပင်၊မြစိမ်း၊သဲတောကြီး၊တယ်ပင်ကန်ရွှေပန်းခိုင်စသည့်ကျေးရွာ(၆)ရွာမှ၂၀၁၄-၂၀၁၅ပညာသင်နှစ်သက်ဆိုင်ရာကျောင်းများတွင်တက်​​ရောက်သင်ကြားနေသောဒသမတန်ကျောင်းသား/သူများအတွက်မြန်မာယန်စီကော့ပါးလီမိတက်စီမံကိန်း၏ ကူညီထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇွန် (၂၉)ရက် နံနက် (၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန သာယာအေးခန်းမတွင်

ရွှေဖြူးပညာရေးဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆုများပေးအပ်





ဖြူး၊ ဇွန် ၃၀
၂၀၁၃-၂၀၁၄ခုနှစ် ပညာသင်နှစ်အတွက် ဖြူးမြို့နယ်အတွင်းရှိ အထက်တန်းသင် ကျောင်းများမှ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ဂုဏ်ထူးဆောင်ဆရာ/ဆရာမများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများ၊ ဂုဏ်ထူးရှင် အရေအတွက်အများ ဆုံးကျောင်း၊ အောင်ချက်ရာခိုင်နှုန်းတိုးတက်သော ကျောင်းများ ကို "ရွှေဖြူး- ပညာရေးဖောင်ဒေးရှင်း"က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ(၂၉)ရက်၊ နံနက်()နာရီအချိန်က ဖြူးမြို့နယ်စည်ပင်သာယာ ခန်းမ၌ ကျင်းပခဲ့သည်။

မြို့တော်ခန်းမဘေး ရေပုတ်မြောင်းမှ ကားလမ်းပေါ် ရေပုတ်များ ဖြတ်ကျော်စီးဆင်းနေမှုအား ပြုပြင်ရန် အများပြည်သူ မျှော်လင့်

ကျောက်ဆည်၊ ဇွန် ၂၇
ကျောက်ဆည်မြို့၏ အဓိကနေရာဖြစ်သော မြို့တော်ခန်းမ၏ တောင်ဘက် နာရီစင်ထောင့်၊ ရန်ကုန်- မန္တလေး ကားလမ်းဘေး ရေပုတ်မြောင်းမှ ရေများ ကားလမ်းပေါ် ဖြတ်ကျော်ကာ တဖက်ရေပုတ်မြောင်းအတွင်းသို့ စီးဆင်းနေ မှုကြောင့် ချိုင့်များဖြစ်ပေါ်ကာ လမ်းအသုံးပြုသူများ သတိထားအသုံးပြုနေရခြင်းနှင့် အနီးပတ်ဝန်း ကျင်တွင် ရေပုတ်နံ့များ နံနေသောကြောင့် အမြန်ဆုံးပြုပြင်ရန် ပြည်သူများမှ မျှော်လင့်လျှက်ရှိကြောင်း သိရှိရသည်။

မလှိုင်မြို့ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနေရာ အခက်အခဲအား ဖြည့်ဆည်းပေးမည့် အေးမေတ္တာ ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မလှိုင် ဇွန် ၂၉
မိတ္ထီလာခရိုင်  မလှိုင်မြို့ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနေရာ အခက်အခဲအား ဖြည့်ဆည်းပေးမည့် ငွေကျပ် ၁၂၅၀ သိန်းခန့် ကုန်ကျခံဆောက်လုပ်ထားသည့်      အလျား ၈၂ပေ၊ အနံ ၆၈ ပေ    စတီးလ် အာစီရ် တစ်ထပ်အဆောက်အအုံ  အေးမေတ္တာ ဆေးကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ နံနက် ၉ နာရီက အဆိုပါ ဆေးကုသဆောင်သစ်တည်ရှိရာ မလှိုင်ကုတင် ၅၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မလှိုင်မြို့ နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


မြန်မာအမျိုးသမီးများနေ့ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ

စစ်ကိုင်း၊ ဇွန် ၃၀
၂၀၁၄၊ ခုနှစ်ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့က "မြန်မာအမျိုး သမီးများနေ့" (MyanMar Women's Day)

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဒေါက်တာကံဇော် ဟွာဝေးကုမ္ပဏီသို့ သွားရောက်လေ့လာ


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ် လိုက်ပါ လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဒေါက်တာကံဇော်တို့သည် ဇွန် ၂၈ ရက် နံနက်၁၁ နာရီက ပေကျင်းမြို့ရှိ ဟွာဝေးကုမ္ပဏီသို့သွားရောက်၍ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် ဆိုင်ရာနည်းပညာများကို ကြည့်ရှုလေ့လာ ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦဇေယျာအောင် နှင့်အဖွဲ့ တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း သို့ သွားရောက် လေ့လာ


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါ လာကြသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် အဖွဲ့သည် ဇွန် ၂၈ ရက်မွန်းလွဲ ၂ နာရီတွင် ပေကျင်းမြို့ရှိ တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation -CNPC) ကို သွားရောက်လေ့ လာကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေကျင်းပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည်ယနေ့ မွန်းလွဲ ၂ နာရီတွင် ပေကျင်းမြို့ရှိ မြို့တော် ပြတိုက်သို့ သွားရောက်၍ တရုတ်နိုင်ငံ၏ ရှေးဟောင်းကြွေထည် လုပ်ငန်းသမိုင်းနှင့် ရှေးခေတ်ကြွေထည် အသုံးအဆောင် ပစ္စည်းများ၊ ရှေးခေတ်လူမှုဘ၀ပတ်ဝန်းကျင် သရုပ်ဖော်ပြကွက်များကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်မည့် အလားအလာများ ဆွေးနွေး


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မိုဟာမက်ဟာမစ် အန်ဆာရီတို့သည် ယနေ့နံနက်၁၁ နာရီခွဲတွင် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ကောင်းမွန်ရေး၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ပိုမိုတင်ပို့နိုင်မည့် အလားအလာများ၊ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း အကောင်အထည် ဖော်ဆောင်မှု အခြေအနေနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ တို့ကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မူကြီး (၅) ရပ်နှင့် နှစ်(၆၀) ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ တက်ရောက်


ပေကျင်း ဇွန် ၂၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တရုတ်နိုင်ငံ ဒုတိယသမ္မတ မစ္စတာလီယွမ်ချောင် (Mr.Li Yuan Chao)၊ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ မိုဟာမက်ဟာမစ် အန်ဆာရီတို့နှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ ဖန်ဖေယွမ်းဧည့်ခန်းမ၌ ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ် နှစ် (၆၀) ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံပြပွဲသို့ တက်ရောက်ကြသည်။

Sunday, June 29, 2014

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တတိယအဆင့် (Third Wave) အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ၀န်ထမ်းများအား တွေ့ဆုံမှာကြား

မော်လမြိုင်       ဇွန်      ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယနေ့နံနက်(၇)နာရီခွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်  စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ စီမံကိန်းနှင့်စီးပွားရေး ၀န်ကြီး ဒေါက်တာ မင်းနွယ်စိုး၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာတွင် တည်ဆောက် လျှက်ရှိသည့် ရောင်စုံကိုယ်ပွားသတင်း စာတိုက် တည်ဆောက်ရေးလုပ်ငန်းများ စက်တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးမြောက်အောင်မြင်ရေး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ



ကျောက်ဆည်     ဇွန်  ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အား အထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲကို အဆိုပါ ကျောင်းတွင် ဇွန်လ(၂၉)ရက် နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း



မြိတ် ဇွန် ၂၉ ရက်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တော်တွင် ဇွန်လ (၂၉) ရက် နံနက် (၆း၃၀)နာရီက ကျင်းပ

စဥ့်ကိုင်မြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်း



စဥ့်ကိုင်၊ ဇွန် (၂၈)
စဥ့်ကိုင်မြို့နယ် အနောက်ဘက်ခြမ်းရှိ ဝံပတေ့(မြောက်)ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများရှိ တောင်သူများ စိုက်ပျိုးထားသော ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နေကြာစိုက်ခင်းများသည် မိုးဦးကောင်းမွန်မှုကြောင့် ယခုနှစ်ရာသီတွင် အောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး



သထုံ    ဇွန်    ၂၇

အန္တရာယ် ဖြစ်စေနိုင်လောက်အောင် ဘယ်ညာယိမ်းထိုး မောင်းနှင်သည့် ထော်လာဂျီယာဉ်မောင်းသူ ဖမ်းဆီးအရေးယူ



သထုံ    ဇွန်    ၂၇
သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် လယ်ယာသုံး၊ နောက်တွဲပါ ထော်လာဂျီ ယာဉ်တစ်စီး အရှိန်ပြင်းစွာဖြင့် ဘယ်ညာယိမ်းထိုး မောင်းနှင်လာရာ အများပြည်သူအား အန္တရာယ် ဖြစ်စေနိုင်သဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

သထုံခရိုင်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် မတည်ငွေပေးအပ်



သထုံ    ဇွန်    ၂၈
ယခု ပေးအပ်သည့် ငွေများမှာ ကျေးရွာဖွံဖြိုးရေး အတွက် အရင်းမပျောက် မတည်ငွေများ ဖြစ်၍ မိမိတို့ အနေဖြင့် ပေးအပ်ပြီးပါက လစ်လျူရှု မထားဘဲ အစဉ် လိုအပ်သည်များကို ကြည့်ရှု အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်၊ နံနက် ၉ နာရီခွဲက သထုံမြို့၊ သုဝဏ္ဏခန်းမတွင် ကျင်းပသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။ 

မိုးရာသီ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဝိုင်းဝန်းဆောင်ရွက်



ဘုတ်ပြင်း ဇွန် ၂၉ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်မိုးရာသီ ရေစီးရေလာကောင်းမွန်ရေး ဝိုင်းဝန်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တာဝန်ရှိသူများ ဆောင်ရွက်သည်။

ကရသူရိမြို့နယ်ခွဲတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင် ဆောင်ရွက်ပေး



ကရသူရိမြို့နယ်ခွဲ၊ ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်ခွဲတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လိုင်စင် သက်တမ်းကုန် ဆိုင်ကယ် များအား လိုင်စင်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဇွန် ၂၈ ရက် နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် တာဝန်ရှိအဖွဲ့အစည်းများ ကွင်းဆင်းဆောင်ရွက်သည်။

မြန်မာ-တရုတ် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး ဆွေးနွေး



ပေကျင်း ဇွန် ၂၈
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းတို့သည် ယနေ့ညနေ ၄ နာရီ တွင် ပေကျင်းမြို့ရှိပြည်သူ့ ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးကြသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်သည် အချိန်ကာလ၏ စမ်းသပ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရုံမက အချိန်နှင့်အတူ ရင့်ကျက်လာပြီး ပြည်ထောင်စု အချင်းချင်း ဆက်ဆံရေးဆိုင်ရာ မူများ၏ အခြေခံစံတစ်ခုဖြစ်လာ



ပေကျင်း ဇွန် ၂၈
၁၉၅၄ ခုနှစ်၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ မြန်မာ၊ အိန္ဒိယခရီးစဉ် အတွင်း စတင် အကောင်အထည် ပေါ်ပေါက်လာသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ် ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေ တည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ လှူဒါန်း





ပေကျင်း ဇွန် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဗုဒ္ဓမြတ်စွယ်တော် သီတင်းသုံးစံပယ်တော်မူသည့် လင်ကွမ်းကျောင်းတော်သို့ သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

မြန်မာ၊ တရုတ်၊ အိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်



ရန်ကုန် ဇွန် ၂၈
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅) ချက်ကြေညာခဲ့သည့်နှစ် (၆၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ယနေ့ညပိုင်းက ကျင်းပသည်။

Saturday, June 28, 2014

၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်

 ရန်ကုန် ဇွန်လ ၂၈

၁၈၉၄ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ SORBONE တက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ အဆိုပါ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ စတင်ဖွဲ့စည်းသည့် ဇွန်လ(၂၃)ရက် နေ့ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင်ရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee) များက ဦးစီး ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစား လှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၊ အားကစားဝန်ကြီးဌာန တို့ က ဦးဆောင်ပြီး အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ကျင်းပရာ ယနေ့နံနက် (၆)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ကျိုက္ကဆံ အားကစားကွင်း အမှတ်(၉)ဂိတ်မှ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဦးသောင်းထိုက်တို့ ဦးဆောင်လျက် မြန်မာနိုင်ငံအိုလံပစ်ကော် မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အားကစားသမားများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်း  ခရိုင်တွင်းရှိမြို့နယ်များ စုစုပေါင်းအင်အား(၃၀၀၀)ခန့် စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်း ဒေသကြီး၊  သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သည့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းစနစ်နည်းပြ သင်တန်းဆင်းပွဲနှင့် အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားသရုပ်ပြပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်း အမှာစကားပြောကြား၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ပထမဆုရ ရန်ကုန်တိုင်း ဒေသကြီးမှ မယမင်းသူအောင်၊ ဒုတိယဆုရ ကချင်ပြည်နယ်မှ မဇင်မိုးအေး၊ တတိယဆုရ မန္တလေးတိုင်းဒေသကြီးမှ မသက်ဆုခိုင်တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးကလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အိုလံပစ်နေ့ အထိမ်းအမှတ် ကဒ်များအား ပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးကလည်းကောင်း လက်ခံရယူသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်သို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ အားကစား ဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် သိန်း(၂၀)အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇော်မိုးဝင်း၊ ဦးသစ္စာနှင့် ဦးသောင်းစိန်တို့က ငွေကျပ် သိန်း(၃၀)ကို လည်းကောင်း၊  မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက၊ Net   Ray ကုမ္ပဏီလိမီတက်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်မာလာက ငွေကျပ်(၁၅)သိန်းနှင့် ADMA Media မှ ဒုတိယဥက္ကဌ ဦးဝေမင်းမောင် က ငွေကျပ် (၁၀)သိန်းအား လည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်အယ်လ်ခွန်းရီနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းအေးခိုင်တို့က လက်ခံရယူသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းစနစ်၊ နည်းပြသင်တန်းသူများမှ သရုပ်ပြသခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ ကျိုက္ကဆံအားကစားကွင်းရှိ ဝူရှူးလေ့ကျင့်ရေး အားကစားခန်းမ၌ ကျင်းပသော အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်နှင့် ဝူရှူးအဖွဲ့ချုပ် ဥက္ကဌတို့က ဆုများချီးမြှင့်ပေးသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကျောင်း (ရန်ကုန်)တွင် လေ့ကျင့် သင်ကြားပေးလျက်ရှိသော ပန်ကြပ်ဆီလပ်၊ ကရာတေးဒို၊ ကြက်တောင်၊ ဂျူဒို၊ ဘတ်စကက်ဘော အားကစားနည်းများကို လည်းကောင်း၊ SQUASH အားကစားရုံ တည်ဆောက်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ အလေးမ၊ တိုက်ကွမ်ဒိုနှင့် တင်းနစ် အားကစားနည်းများ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ အားကစားနည်းအလိုက် တာဝန်ရှိသူများအား အားကစားသမားများကြံ့ခိုင်မှုရှိစေရေး၊ စံချိန်စံညွှန်းများတိုးတက်မှုရှိစေရေး လေ့ကျင့်ရေးတွင် အားကစား ဝတ်စုံအပြည့်ဖြင့် လေ့ကျင့်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အားကစားနည်းပြ သင်တန်းအမှတ်စဉ် (၄/၂၀၁၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း သင်တန်းဆင်း အမှာစကားပြောကြား





နေပြည်တော်  ဇွန်လ ၂၈

အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အားကစားနည်းပြသင်တန်းအမှတ်စဉ် (၄/၂၀၁၄)သင်တန်းဆင်း ပွဲအား ယမန်နေ့ညနေ(၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းတက်ရောက်၍ အမှာစကား ပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသို့ ကြည့်ရှုစစ်ဆေးခြင်း


နေပြည်တော်၊ ဇွန် ၂၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇွန်လ (၂၇) ရက်နေ့တွင် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


နေပြည်တော်၊ ဇွန် ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ဂျီအီးစီး (ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေး သမဝါယမအသင်း လီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


ဒီးမော့ဆို            ဇွန်        ၂၇

ဂျီအီးစီး(ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေးသမဝါယမအသင်းတွင် အသင်းသား(၆၁)ဦးပြီး စုဆောင်း ငွေကျပ် (၃၀)သိန်းကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇွန် ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မြို့နယ် သမဝယမ ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ အမျိုးသမီးများနေ့အကြို ဂုဏ်ပြုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ လွိုင်ကော်မြို့၌ ပြုလုပ်




လွိုင်ကော် ဇွန် ၂၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ ရတနာဆောင်၌ ယနေ့နံနက် (၉)နာရီအချိန်က မြန်မာအမျိုးသမီးများနေ့အကြို ဂုဏ်ပြုအထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ရာ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်မြင့်ရွှေနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး ကြသည်။

စွန့်လွှတ်မြေများ တောင်သူများထံပေးအပ်




]ဖရူဆို     ဇွန် ၂၇

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်း စွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်း ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၂၇ ရက်၊ နံနက်(၁၀:၃၀) နာရီအချိန်က ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် စီမံကိန်းတာဝန်ပေးအပ်

ဂန့်ဂေါ ဇွန် ၂၇
ဂန့်ဂေါခရိုင် ဆောမြို့နယ်၏ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ဇွန် ၂၃ ရက်က ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင် ခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းကအမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ရင် က စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းသည်။

သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်များထံ တတိယအကြိမ် မိုင်းဆတ်၌ ပြန်လည်ပေးအပ်

မိုင်းဆတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် သိမ်းဆည်းထားသော လယ်ယာမြေများအား မူလပိုင်ရှင်များထံ တတိယအကြိမ် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

သထုံ ၊ ဇွန် ၊ ၂၇
၂၀၁၄ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၈ နာရီက သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့က ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့တော်ခန်းမဘေး ရေပုတ်မြောင်းမှ ကားလမ်းပေါ် ရေပုတ်များဖြတ်ကျော်စီးဆင်းနေမှုအား ပြုပြင်ရန် အများပြည်သူ မျှော်လင့်

ကျောက်ဆည်၊ ဇွန် (၂၇)
ကျောက်ဆည်မြို့၏ အဓိကနေရာဖြစ်သော မြို့တော်ခန်းမ၏ တောင်ဘက် နာရီစင်ထောင့်၊ ရန်ကုန်- မန္တလေး ကားလမ်းဘေး ရေပုတ်မြောင်းမှ ရေများ ကားလမ်းပေါ် ဖြတ်ကျော်ကာ

မြစ်သားမြို့နယ်တွင် ဆင်ဆာမဲ့ တရားမဝင် နိုင်ငံခြားဇာတ်လမ်းခွေများ ဖမ်းဆီးရမိ

မြစ်သား၊ ဇွန် (၂၈)
မြစ်သားမြို့နယ် ရေဝန်းဈေးအတွင်းသို့ တရားမဝင် နိုင်ငံခြားမှ တင်သွင်းလာသော ဆင်ဆာမဲ့ အခွေများ ရောင်းချနေကြောင်း သိရှိရသောကြောင့် မြစ်သားမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဇွန်လ (၂၇)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် သွားရောက်ရှာဖွေရာ ဆင်ဆာမဲ့အခွေများ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းကြပ်မတ်

မြစ်သား၊ ဇွန် (၂၈)
မြစ်သားမြို့နယ်အတွင်း မော်တော်ယာဉ်များ၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမင မဖြစ်ပွားစေရေး အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီမှ (Delivery Unit) အဖွဲ့ဝင်များနှင့် လားရှိုးမြို့ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

လားရှိုး ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ မြို့တော်ခန်းမတွင် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီအချိန်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီမှ (Delivery Unit) အဖွဲ့ဝင်များနှင့်

မြန်မာ့လက်ရွေးစင် အသင်းနှင့် ဆီရီဇိုအိုဆာကာအသင်းတို့ ယနေ့ ခြေစမ်းမည်

ရန်ကုန် ဇွန် ၂၇
အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျေ လိဂ်ကလပ် ဆီရီဇိုအို ဆာကာ အသင်းတို့၏ ခြေစမ်းပွဲကို ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲမှာ မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေးနှစ် (၆ဝ) ပြည့်အထိမ်း အမှတ်အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။

အငှားယဉ်မောင်းငွေများကို ခရီးသည်နှစ်ဦးက လုယက်

ထန်တပင် ဇွန် ၂၇
ထန်းတပင်မြို့နယ်အတွင်း ဇွန် ၂၅ ရက် ညနေ ၆ နာရီက ရန်ကုန်-ညောင်တုန်းကားလမ်း အစုကြီး ကျေးရွာအနီးတွင် အငှားယာဉ်မောင်းထံမှ ငွေများကို ခရီးသည် အမျိုးသား နှစ်ဦးက လုယက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၂၇
ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားရှိ၊ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံများ သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်း သတင်းများအရ သတင်းအရင်း အမြစ် ပကတိ အခြေအနေမှန်များကို သိရှိနိုင်ရေးအတွက် မြန်မာ့သတင်း စဉ်သတင်းအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သမျှကို ပြန်လည်ရေးသားတင်ပြ လိုက်ရပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်း၍မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မိုဘိုင်းရေဒီယိုစခန်း (BTS) များ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်း၍မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မိုဘိုင်းရေဒီယိုစခန်း  (BTS) များ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်း

အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း

ဆရာဝန်ဆေးကုသခွင့်လိုင်စင် (ဆမ) ထုတ်ပေးရေး မွမ်းမံသင်တန်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင် (သခ)ထုတ်ပေးရေး မွမ်းမံသင်တန်းများ အတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
ဆေးသိပ္ပံပညာဦးစီးဌာန
ဆရာဝန်ဆေးကုသခွင့်လိုင်စင် (ဆမ) ထုတ်ပေးရေး မွမ်းမံသင်တန်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင် (သခ)ထုတ်ပေးရေး မွမ်းမံသင်တန်းများ အတွက် လျှောက်လွှာခေါ်ယူခြင်း