Wednesday, April 30, 2014

(၁၂)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေး နေပြည်တော်၌ ကျင်းပမည့် သတင်းရယူမည့် မီဒီယာ သမားများ မှတ်ပုံတင် ဆောင်ရွက်နိုင်



နေပြည်တော် ဧပြီ   ၃၀
အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇွန်(၁၀)မှ (၁၂) ထိနေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ကျန်းမာရေးကဏ္ဍကို တကယ်အကျိုးပြုမည့် ပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်နေပြီဖြစ်

နေပြည်တော် ဧပြီ ၂၉
အမျိုးသားကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကျန်းမာရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

နွေမှာပွင့်သော ပညာပန်း လန်းစွင့်ထုံကြိုင်စွာ

တက္ကသိုလ်မြတ်သူ
လူငယ်လူရွယ်တို့သည် နုပျိုလန်းဆန်းသည်၊ တက်ကြွဖျက်လတ်သည်။ ခွန်အားပြည့်၍ ကြံ့ခိုင်သည်။ စူးစမ်းလေ့လာတတ်သည်။ စွန့်စားလိုကြသည်။ အသိပညာ အတတ်ပညာတို့ကို စူးစိုက်လေ့လာတတ်သဖြင့် အသိဉာဏ်ပညာ အားကောင်းသည်။ ဤသို့သော အရည်အချင်းကောင်းများနှင့် ပြည့်စုံသဖြင့် လူငယ်လူရွယ်တို့ကို အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်ကောင်းများ၊ ပညာရှင်လောင်းများအဖြစ် နိုင်ငံက အားထားစမြဲ ဖြစ်ပေသည်။

ငွေဆောင် ဘက်စုံပညာထူးချွန် လူငယ်စခန်းမှ ထူးချွန်လူငယ်များ ရွှေတိဂုံစေတီတော်ကြီးသို့ အလှူငွေ ကိုးသိန်းကျော် လှူဒါန်း

ငွေဆောင် ဧပြီ ၂၉
မြန်မာနိုင်ငံ    ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ  အခြေခံပညာ ကျောင်းပေါင်းစုံမှ  ၂ဝ၁၄  ခုနှစ် ထူးချွန်မောင်မယ်လူငယ်များ ကို နိုင်ငံ တော်၏လမ်းညွှန်မှု ပညာရေးဝန်ကြီး ဌာန၏      ဦးဆောင်ကြီးကြပ် မှုဖြင့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများ ဖြစ်သည့် ငွေဆောင်၊ ပုဂံညောင်ဦးနှင့် ရှမ်းပြည်နယ် အင်လေးဒေသတို့ကို  အပန်းဖြေစခန်းများ ဖွင့်လှစ်၍ လေ့လာရေးခရီးစဉ်စတင်ခဲ့ရာ ငွေဆောင် ကမ်းခြေသို့ 

ကင်းထောက်မောင်မယ်များ တွေ့ဆုံပွဲ ကျင်းပ

မန္တလေး ဧပြီ ၂၉
၂၀၁၄ ခုနှစ် ကင်းထောက်မောင်မယ်များ တွေ့ဆုံပွဲနှင့်ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး၊ ကြီးကြပ်ဆရာ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရပ်ကွက်၊ ကျေးရွာများရှိ ရွက်ပုန်းသီး ကစားသမားများ မွေးထုတ်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် အားကစားပွဲများ ပုံမှန်ကျင်းပပေးခြင်းဖြစ်

မြန်မာ့အားကစားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် ရွက်ပုန်းသီး မျိုးဆက်သစ် လူငယ် အားကစား သမားများကို ရှာဖွေဖော်ထုတ်ရန် အတွက် တပ်ကုန်းမြို့နယ်တွင် အားကစားနည်း အမျိုးမျိုးကို တစ်လလျှင် တစ်မျိုး ကျ ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ပထမအကြိမ် တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဒိုင်းဘော်လီဘော ပြိုင်ပွဲကို ဧပြီ ၂၅ ရက်က မြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ရာ ဘော်လီဘောအသင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုကဲ့သို့ အားကစားပွဲများ ကျင်းပပေးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ “မြန်မာ့အားကစား ကမ္ဘာက သိစေရမည်” ဆိုသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာလည်း ရောက်ပြီး တပ်ကုန်းမြို့ရှိ လူငယ် အားကစားသမားများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ရွက်ပုန်းသီး ကစားသမားလေးများကို မြေတောင်မြှောက် မွေးထုတ်ပေးလိုသည့် ရည်ရွယ် ချက်ဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီလို ဖော်ဆောင်ပေးခြင်းဖြင့် အရည်အသွေးရှိတဲ့ ကစားသမားတွေ ထွက်ပေါ်လာတဲ့အခါ အဲဒီ ကစားသမား လေးတွေကို တပ်ကုန်းမြို့နယ် အနေနဲ့ ပဏာမ လူရွေးချယ်ထားတယ်။ ကြိုတင်ပြီးတော့ ကြံ့ခိုင်စွမ်းရည်ကိုလည်း လေ့ကျင့်ပေးတယ်။ သူတို့ရဲ့ တိုးက်မှု အလားအလာတွေကို ကြည့်ပြီး နိုင်ငံတော်က တည်ထောင်ပေးထားတဲ့ အားကစားသိပ္ပံကျောင်းကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။ လက်ရှိ မြန်မာ့ ဂုဏ်ဆောင် ကစားသမားတွေ အတွက် အရန်အင်အားလည်း ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်” ဟု အားကစားနှင့် ကာယပညာ ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးခင်မောင်အေးက ရှင်းပြသည်။
ဆက်လက်ပြီး တပ်ကုန်းမြို့နယ် အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းခဲ့မှုနှင့် ပတ်သက်၍ “လက်ရှိ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေအနက် ဘော်လီဘောမှာဆိုရင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ မြန်မာ့လက် ရွေးစင် ကိုမြဝင်း ဖြစ်ပြီး တိုင်းလက်ရွေးစင် အဆင့်မှာ ၂၀ လောက် ရှိပါတယ် ဘောလုံးမှာတော့ ဦးအောင်ဗိုလ်ဟိန်းက မြန်မာ့လက်ရွေးစင် ပဏာမ အနေနဲ့ ယူနန်မှာ သွားရောက်ခြေစမ်းပွဲကစားခဲ့ဖူးပါတယ်။ ၂၀၁၀ ခုနှစ်မှာ မောင်အာကာမြတ်သူက အာဆီယံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ယှဉ်ပြိုင် ကစားခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။ ယခုလက်ရှိ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွေမှာ မောင်ချစ်မင်းစိုးက ရခိုင်ယူနိုက်တက် အသင်းမှာ ကစားရင်း မြန်မာ ယူ-၂၂ လက်ရွေးစင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာကို တွေ့ရပါတယ်။ ရိုးရာခြင်း အနေနဲ့ တိုင်းလက်ရွေးစင် အဆင့်မှာ တစ်ဦးပါဝင်ထားပြီး ပြေးခုန်ပစ် အားကစားနည်းမှာ စောနန္ဒာခိင်ဟာ မြန်မာ့လက်ရွေးစင် အဖြစ် ကစားခဲ့ပြီး တိုင်းအဆင့်မှာ ၁၀ ဦးလောက် ရှိပါတယ်။ ကြက်တောင်အားကစား နည်းမှာလည်း တိုင်းအဆင့် အမျိုးသမီး လက်ရွေးစင် နှစ်ဦးပေါ်ပေါက်ခဲ့တာကို သိရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
မြန်မာ့အားကစားကို တစ်ဖက်တစ်လမ်းကနေပြီး အထောက်အကူပြုနိုင်ရေး၊ မြန်မာအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ အတွက် သက်ဆိုင်ရာ မြို့နယ်များ အနေဖြင့်လည်း အားကစား နည်းများကို ကျင်းပပေးပြီး အရည်အချင်း ရှိသည့် ကစားသမားလေးများကို မွေးထုတ်ပေးရန် လိုအပ်လှသည်။

ထိုသို့ ပုံမှန် လေ့ကျင့်ပျိုးထောင်ပေးသွားမှသာ လူငယ်မျိုးဆက်သစ် ကစားသမားများ အနေဖြင့် အားကစားနည်း အလိုက် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အခက်အခဲမရှိ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း။   ။

နိုင်ငံတကာ သတင်း ထောက်များအား ပြည်ဝင်ခွင့် (Visa) ထောက်ခံပေး မည့်အစီအစဉ် ပြောင်းလဲသတ်မှတ်



နေပြည်တော်၊ ဧပြီ ၃၀
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာ သတင်း ထောက်များအား ပြည်ဝင်ခွင့် (Visa) ထုတ်ပေးမှုကို ထောက်ခံ ခွင့်ပြုပေးလျက်ရှိရာ လက်ရှိ အခြေအနေ၌ မြန်မာနိုင်ငံတွင် သတင်းဌာန အခြေစိုက် ဖွင့်လှစ်ခွင့် ရရှိထားသော နိုင်ငံတကာ သတင်းဌာနများမှ သတင်းထောက်များအတွက် (၆)လ အကြိမ်ကြိမ်ပြည်ဝင်ခွင့် (Visa) ထောက်ခံပေး လျက်ရှိပြီး ပြည်တွင်း၌

အလုပ်သမား ခြောက်ထောင်ခန့် ပါဝင်မည့် အလုပ်သမားနေ့ အခမ်းအနားပြုလုပ်မည်

ရန်ကုန် ဧပြီ ၂၉
မေလ ၁ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး)အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားခြောက်ထောင် ခန့်ပါဝင်၍ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ အောင်မြေ သာယာ ဘောလုံးကွင်း၌ မေလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး မခိုင်ဇာအောင်က ပြောကြားသည်။

ပျောက်ဆုံးလေယာဉ် ရှာဖွေသည့် နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး မလေးရှား ငှားရမ်း

ကွာလာလမ်ပူ ဧပြီ ၂၉
မလေးရှားလေယာဉ် ပျောက်ဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖွေ ထောက်လှမ်းရန် တာဝန်ပေးထားသော နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ကို ဦးဆောင်မည့်သူတစ်ဦးအဖြစ် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူ ကွတ်ဆူချွန်ကို မလေးရှားက ငှားရမ်းလိုက်ကြောင်း မလေးရှား အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

မြန်မာ - တရုတ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

နေပြည်တော်  ဧပြီ  ၂၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် တရုတ်ကွန်မြူ နစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ ဒုတိယအတွင်းရေးမှူး H.E.Mr.Qiu He ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဧပြီ ၂၈ ရက် ညနေ ၃ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌   တွေ့ဆုံ၍ မြန်မာနှင့်   တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏမှာ နှစ်စဉ် တိုးတက်နေကြောင်း၊ ယင်းကဲ့သို့ တိုးတက်ရေး အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ ပေးမှုများကို

Singapore Lion XII အသင်းနှင့် နေပြည်တော်၊ မြန်မာအသင်းတို့ ခြေစမ်းမည်

စင်ကာပူနာမည်ကြီး ကစား သမားဟောင်း ဖန်ဒီအာမက်ကိုင်တွယ် နေသည့် Singapore Lion XII အသင်းသည် မြန်မာနိုင်ငံတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေပြီဖြစ်ပြီး ခြေစမ်းပွဲများကို ဧပြီ ၃၀ရက်(ယနေ့)တွင် စတင်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ခြေစမ်းပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပ သွားမည်ဖြစ်ပြီး ဧပြီ ၃၀ရက်တွင် နေပြည်တော်အသင်းနှင့် လည်း ကောင်း၊ မေ ၂ရက်တွင်မြန်မာ့လက်ရွေး စင်အသင်းနှင့်လည်းကောင်း ခြေစမ်း ကစားမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ထိပ်သီးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပရေး ကော်မတီ၏ သတ္တမအကြိမ် အစည်း အဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၉
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ထိပ်သီးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပရေး ကော်မတီ၏ သတ္တမအကြိမ် အစည်း အဝေးကို ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန၌ ကျင်းပသည်။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ် အဖွဲ့သို့ ပေးပို့လာသည့် အကြံပြုစာများကိစ္စတင်ပြခြင်း

မေး - အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်းမှတ်ပုံတင်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများအား ဖြေရှင်းပေးပါရန် ခရမ်းမြို့နယ် မြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်ခင်ငြိမ်းပါ ၆၇ ဦဦးကစုပေါင်းလက်မှတ်ရေးထိုး၍ အခက်အခဲများအား ဖြေရှင်းပေးပါရန်၊

Tuesday, April 29, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂၉


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony John Lynch အား ယနေ့နံနက်(၁၀)နာရီ (၁၅)မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၉

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် လွှတ်တော်၊ အစိုးရအဖွဲ့တို့ဖြင့်သာ မအောင်မြင် နိုင်ဘဲ နိုင်ငံသားအားလုံး ပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်းဖြင့် ဧပြီ(၂၈)ရက် နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်း အနား တွင် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ များနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊

လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်-ဧပြီ(၂၉)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အအေးခန်းနှင့် ရေခဲစက် လုပ်ငန်းရှင်များသည် ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမ၌

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နိုင်ငံတော် ဩဝါဒါစရိယဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဉာဏအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဆက်ကပ်

နေပြည်တော်-ဧပြီ(၂၉)
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယမန်နေ့နံနက် (၁၀)နာရီခွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ကုန်းသာကျေးရွာရှိ ကုန်းသာတောင်မော့ ပရဟိတ (ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းသို့သွားရောက်၍ နိုင်ငံတော် ဩဝါဒါစရိယဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဉာဏအား ဖူးမြော်ကြည်ညိုပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုအစီအစဉ်များမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်

နေပြည်တော် ဧပြီ ၂၉

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM ၊ ရွှေ FM၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊ FM ပုဂံနှင့် သဇင် အသံလွှင့် ဌာနတို့မှ ၂၀၁၄ ခုနှစ် မေ (၁) ရက်၊ (၂) ရက်တို့တွင် နံနက် (၇) နာရီ၊ နံနက် (၁၁) နာရီ၊

မြန်မာ-နော်ဝေစီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရေးဆွေးနွေး

နေပြည်တော်-ဧပြီ(၂၉)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နော်ဝေနိုင်ငံ Deputy Minister for Trade, Fisheries and Industry H.E.Ms. Dilek Ayhan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဧပြီ(၂၉)ရက် မွန်းလွဲ(၁၂)နာရီခွဲတွင် နေပြည်တော် ရွိုင်ရယ် ကုမုဒြာဟိုတယ်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုပါကြောင်း၊ ပို့ကုန်၊ သွင်းကုန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန် ချောမွေ့ရေးဆောင်ရွက်လျက် ရှိပါကြောင်း

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Anatoly I. Antonov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်-ဧပြီ(၂၉)
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Anatoly I. Antonov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ (၄)နာရီတွင် အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်ချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။ 

မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော် ဧပြီ ၂၉

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်အား ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Yashihiko NODA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် (၉) နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွေ့ဆုံဆွေးနွေးခွင့် ရရှိ၍ ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လမ်း/တံတား/ အဆောက်အအုံ အိမ်ရာစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ အကူအညီ အထောက်အပံ့များနှင့် နည်းပညာအကူအညီ

နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၂၉)
နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း တက်ရောက်ပြီး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရိုရှီဟီကို နိုဒ နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်-ဧပြီ(၂၉)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ ရိုရှီဟီကို နိုဒနှင့်အဖွဲ့အား ယနေ့နံနက်(၁၁)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးဆက်လက်ကျင်းပ

ရန်ကုန်-ဧပြီ(၂၉)
ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးပဉ္စမနေ့ကို တိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော်ကိုယ် စားလှယ်(၁၁၁)ဦးတက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ တောင်သူများနှင့်အတူ ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ဧပြီ ၂၉

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဧပြီ (၂၈) ရက်နံနက် (၇) နာရီတွင် ဇမ္ဗူသီရိ မြို့နယ် တဲကြီးကုန်း ကျေးရွာရှိ တောင်သူများ၏ လယ်မြေဧက (၃၅၀) အား တစ်ဆက်တစ်စပ်တည်း စက်မှုလယ်ယာစနစ် ဖော်ထုတ်ရန် စက်ယန္တရား ကြီးများဖြင့် မိုးစပါး စိုက်ပျိုးရာသီ အချိန်မီ မြေယာပြုပြင် ဖော်ထုတ်ခြင်းလုပ်ငန်း၊ ရေသွင်း ရေထုတ်မြောင်းများနှင့် ကုန်ထုတ် လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

၂၀၁၄ ခုနှစ် နိုင်ငံတကာ စီမံခန့်ခွဲမှုအတိုင်ပင်ခံကောင်စီ၏ အာရှ-ပစိဖိတ် ဗဟိုအစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၂၉)
၂၀၁၄ ခုနှစ် နိုင်ငံတကာစီမံခန့်ခွဲမှုအတိုင်ပင်ခံကောင်စီ၏ အာရှ-ပစိဖိတ်ဗဟိုအစည်းအဝေးအား နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ပြည်တွင်းပြည်ပမှ

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေး

နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်သူ့သံတမန် ရေးရာနှင့် ပြည်သူ့ရေးရာ ဒုတိယဝန်ကြီး မစ္စတာရစ်ချတ် စတန်ဂဲလ်နှင့်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် အရန်သားဖွားဆရာမ သင်တန်း (၂/၂၀၁၃) စတုတ္တ အသုတ် သင်တန်းဆင်ပွဲ ပခုက္ကူ၌ ကျင်းပ

ပခုက္ကူ - ဧပြီ - ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်ပံ့ပိုးမှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရန်သားဖွားဆရာမသင်တန်း(၂/၂၀၁၃) စတုတ္တအသုတ် သင်တန်းဆင်းပွဲနှင့် အရန်သားဖွားဆရာမသုံး Kit ပုံးပေးအပ်ပွဲကို ဧပြီ(၂၉)ရက် နံနက် (၉)နာရီတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က

အင်းလေးကန်အတွင်း ငါးမျိုးစုံ ကောင်ရေ ၁၀ သိန်း ဇိဝိတဒါန လွှတ်မည်

ကဆုန်လပြည့်နေ့တွင် အင်းလေးကန်အတွင်းသို့နှလုံးသားအလှ ကရုဏာရှင် ပရဟိတ လူငယ်များအဖွဲ့မှ ငါးမျိုးစုံ အကောင်ရေ ၁၀ သိန်းကို ဇီဝိတ ဒါနဖြင့်ငါးလွှတ်ပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အင်းလေးကန်အတွင်း ငါးမျိုးစုံ ကောင်ရေ ၁၀ သိန်းကို ဇီဝိတဒါနဖြင့် ငါးမျိုးစိုက်ထည့်ရခြင်းမှာ

ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ၁၁ ခု ထပ်မံ အကောင်အထည်ဖော်မည်

ချင်းပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်တွင် တစ်ပြည်လုံးအတိုင်းအတာ၏ ၅၀ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးရရှိနိုင်ရန် ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ၁၁ ခုကို အကောင်အထည်ဖော် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်းပေါင်က ပြောကြားကြောင်း သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များမှတ်ပုံတင်ခြင်းလုပ်ငန်း စီမံချက် (OSS) အဖွဲ့ ညောင်လေးပင်မြို့၌ ကွင်းဆင်းဆောင်ရွက်


ညောင်လေးပင် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး(အရှေ့)ညောင်လေးပင်မြို့၊ ရွှေကျင်မြို့၊ ဒိုက်ဦးမြို့၊ ကျောက်တံခါးလေးမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းစီမံချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အရိုးကုသဆောင် ဆောက်လုပ်

ဖြူး ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် တောင်ငူခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ် ထန်းတပင် မြို့နယ်နှင့် ဖြူးမြို့နယ်တို့မှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆေးဝါး ၇၀ ရာခိုင်နှုန်း အခမဲ့ဖြင့် ကုသပေးလျက် ရှိရ နေ့စဉ် လူနာ ၁၀၀ ကျော် တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိသည်။

ရေရှားပါးမှု မရှိရေး ရေကန်များ ပြန်လည်တူးဖော်

ကျောက်ဖြူ ဧပြီ ၂၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်းရှိ ကျေးရွာအများစုသည် နွေရာသီ၌ ရေရှားပါးမှုနှင့် အမြဲကြုံတွေ့ရ လေ့ရှိသည်။ ကျေးရွာများရှိ ရေတွင်း၊ ရေကန်များမှာ တိုးပွားများပြားလာသော လူဦးရေနှင့် လုံလောက်မှု မရှိဘဲ နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် အမြဲတွေ့နေရပြီး ကျေးလက်ဒေသ ပြည်သူများ အနေဖြင့် အခက်အခဲများစွာ ဖြစ်လေ့ရှိသည်။

အိန္ဒိယ ရေတပ်မှ စစ်သင်္ဘောသုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိ

ရန်ကုန် ဧပြီ ၂၈
အိန္ဒိယရေတပ်မှ Commanding Officer Captain CDR HAPPY MOHAN ဦးဆောင်၍ အရာရှိ စစ်သည် ၅၈၅ ဦး လိုက်ပါလာသည့် စစ်ရေယာဉ် INS GHARIAL; INS SUJASTA နှစ်စင်းနှင့် ကမ်းခြေစောင့် ရေယာဉ် ICGTS VARUNA တို့သည် ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဧပြီ ၂၇ ရက်တွင် ရန်ကုန်မြို့ သန်လျင်သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အစည်းအဝေး တက်ရောက်ရန် ဒုတိယဝန်ကြီးနှင့် အဖွဲ့ ထွက်ခွာ

ရန်ကုန် ဧပြီ ၂၈
၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးနှင့် စပ်လျဉ်းသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီ၊ အလုပ်အမှုဆောင်နှင့်

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တရုတ် ကွန်မြူနစ် ပါတီ ယူနန် ပြည်နယ် ကော်မတီ ဒုတိယ အတွင်း ရေးမှူး မစ္စတာ ချိုဟေး ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တရုတ် ကွန်မြူနစ် ပါတီ၊ ယူနန် ပြည်နယ် ကော်မတီ ဒုတိယ အတွင်း ရေးမှူး မစ္စတာချိုးဟေ ဦးဆောင် သော ကိုယ်စား လှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဒေသခံ ပြည်သူများ နားလည်မှု လွဲမှားခြင်း မရှိအောင် ပွင့်လင်း မြင်သာသော ဆောင်ရွက် မှုများဖြင့် စည်းရုံး



နေပြည်တော် ဧပြီ ၂၈
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၂/၂၀၁၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ ကျင်းပ သည်။

Monday, April 28, 2014

နဝမ အကြိမ်မြောက် အရှေ့တောင် အာရှ လူငယ် ပြေးခုန် ပစ်ပြိုင်ပွဲ ဖွဲ့ပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၇
န၀မ အကြိမ်မြောက် အရှေ့တောင် အာရှ လူငယ် ပြေးခုန်ပစ် ပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း၌ ကျင်းပရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အားပေးသည်။

ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် အဖွဲ့ ပေကျင်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခဲ့

နေပြည်တော် ဧပြီ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပုံနှိပ်၊ ပြန်ကြားရေး၊ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၊ အုပ်ချုပ်ရေးဌာန (State Administration of Press, Publication, Radio, Film and TV-SAPPRFT)မှ ဖိတ်ကြားချက် အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးနှင့် အဖွဲ့သည် ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့သွားရောက်ခဲ့ပြီး

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း DVB- T2 Set Top Box များ အခမဲ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မုံရွာ ဧပြီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့် (E) ရှိသောအိမ်ထောင်စုများသို့ DVB- T2 Set Top Box များ အခမဲ့ပေးအပ်ခြင်း အခမ်းအနားကို ဧပြီ ၂၇ရက် နံနက် ၈နာရီတွင် မုံရွာမြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသည်။

မြိတ်မြို့မှ ဘန်ဘောက်မြို့သို့ Union Express Charter Cargo Air Line မှ စတင် ပျံသန်းပြေးဆွဲတော့မည်

မြိတ် ဧပြီ ၂၇ ရက်
မြိတ်ဒေသရှိ ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးအတွက် Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင် ကော်ပို ရေးရှင်းလီမိတက်တို့ပူးပေါင်း၍

မြန်မာ့ မီးရထားမှ ပြည်တွင်းဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်း ပြုပြင်တည်ဆောက်ရေးတင်ဒါခေါ်ယူ


ရန်ကုန် ဧပြီ ၂၇
ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်းသည် နိုင်ငံတကာ ရထားပို့ဆောင်ရေးလုပ်ငန်းများ၏ လုပ်ထုံးစနစ်နှင့်အညီ လက်ရှိရရှိနေသည့် အပိုဝင်ငွေများထက် ၁၀ ဆမှ ၁၂ ဆအထိ ဝင်ငွေရှာဖွေကာ မိဘပြည်သူများ အတွက် ရထားခရီးဆက်သွယ်ရေး ပိုမိုအဆင့်မြှင့်တင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည်ဟု သိရသည်။

Sunday, April 27, 2014

ရွှေတောင်သုတေသနခြံနှင့် မြနဒီသရက်စိုက်ပျိုးရေးခြံများဖြစ်ထွန်းအောင်မြင်

နေပြည်တော်-ဧပြီ(၂၆)
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး  ဝမ်းတွင်းမြို့နယ် ရွှေတောင်သုတေသန မျိုးပွားခြံရှိ ပုလဲသွယ်စပ်မျိုး F၁မျိုးစေ့ထုတ် ဧက(၅၀၀)စိုက်ကွင်းများ၊ ငွေချည်(၆)နှင့် ရွှေတောင်(၈) စပ်မျိုးဝါသီးနှံမျိုးစေ့ထုတ်စိုက်ကွင်းများ၊ ရေဆင်း(၁)နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေး

အဆင့်မြင့်ပညာမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကျင်းပ

ရန်ကုန်-ဧပြီ(၂၆)
နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် နိုင်ငံတကာ အဆင့်မီ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် နည်းပညာရှင်များကို အဆင့်အလိုက် ပီပြင်စွာဖြင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်လိုအပ်ချက်နှင့်အညီ မွေးထုတ်ရန်ဦးတည်ချက်ဖြင့် အဆင့်မြင့်ပညာမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ 

မော်တော်ယာဉ်များတွင် မီးသတ်ဆေးဘူးများ ဆောင်ထားရန် နှိုးဆော်

ရန်ကုန် ဧပြီ ၂၆
နိုင်ငံတော်အတွင်း နှစ်စဉ်ဖြစ်ပွားလျက်ရှိသော မီးလောင်မှုများ လျော့နည်းစေရေးအတွက် မီးဘေးသတိပေးရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုလျော့နည်းစေရေး အတွက် မီးစတင် လောင်ကျွမ်းချိန်တွင်

မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုကြောင့် အပူလျှပ်လူနာ ၄၉ ဦးထိရှိနေ

မန္တလေး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော အပူလျှပ်လူနာ အရေအတွက်မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ၄၉ ဦးရှိ နေပြီဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးအထွေ ထွေရောဂါကုဆေးရုံကြီး၏ စာရင်းများအရ သိရသည်။

Saturday, April 26, 2014

စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာဆပ်ကော်မတီနှင့် သံတွဲမြို့ ဒေသခံပြည်သူတွေ့ဆုံ

နေပြည်တော်-ဧပြီ(၂၆)
နိုင်ငံတော်အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၏ စွမ်းအင် သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်သည် ဧပြီ(၂၅)ရက်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဆပ်ကော်မတီဝင်များ၊ မြို့မိမြို့ဖ/မြို့နယ် အထောက်အကူပြုလုပ်ငန်းကော်မတီများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး နိုင်ငံတော်မှ ဒေသခံပြည်သူလူထု၏ ဆန္ဒသဘောထား၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပေးဆွေးနွေးမှုများ ဝိုင်းဝန်းတင်ပြချက်များအပေါ် ချက်ချင်းဆောင်ရွက်ရန်ရှိသည်များ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်နှင့် အခြားဝန်ကြီးဌာနများနှင့် အပြန်အလှန်ဆွေးနွေးရန်ရှိပါက ဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် မိမိတို့ ဆန္ဒ/လိုအပ်ချက်/အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြခြင်းဖြင့် ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားကာ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီး ရရှိရေး၊ ကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေး၊ စက်သုံးဆီဖြန့်ဖြူးပေးရေး၊ ကျေးရွာများ သောက်သုံးရေ ရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရေးကိစ္စများကို ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။         

အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာဆပ်ကော်မတီ မော်လမြိုင်မြို့နှင့် ဘားအံမြို့တို့၌ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်-ဧပြီ(၂၆)
နိုင်ငံတော်အစိုးရ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် ဧပြီ (၂၄)ရက် နံနက်(၉) နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြည်နယ်/ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများ၊ မြို့နယ် အထောက်အကူပြုကော်မတီဝင်များနှင့်တွေ့ဆုံ၍ အမျိုးသမီးနှင့်ကလေးသူငယ်များ၏ လူနေမှုဘ၀ ကာကွယ်စောင့်ရှောက်ရေး၊

၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်-ဧပြီ(၂၆)
၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ  ဥပဒေနှင့် ပတ်သက်၍ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အစိုးရသစ် တာဝန်ယူခဲ့ပြီး (၃)နှစ်တာကာလအတွင်း

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တောင်အာဖရိကနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

နေပြည်တော်-ဧပြီ(၂၇)
၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်တွင် ကျရောက်သော တောင်အာဖရိက သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ တောင်အာဖရိကသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး အမ် အင်ကိုအာနား မာရှာဘာနေ ထံသို့ ဝမ်းမြောက်ကြောင်း

နိုင်ငံတော်သမ္မတဦးသိန်းစိန် တောင်အာဖရိကနိုင်ငံ လွတ်လပ်ရေးနေ့သဝဏ်လွှာပေးပို့

နေပြည်တော်-ဧပြီ(၂၇)
၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်တွင် ကျရောက်သော တောင်အာဖရိက သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တောင်အာဖရိကသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျေးကော့ဘ် ကဲလေယိလှဲကိဆာ ဇူးမား ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးဒေသမှ တိုင်းရင်းသားများနှင့် တွေ့ဆုံ


နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးဒေသ၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ (၈) ဖွဲ့မှ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်ခန်းမ၌ တွေ့ဆုံသည်။

လက်နက်ငယ်များနှင့်အတူ တမူးမြို့၌ တရုတ်နိုင်ငံသား ၈ ဦးအား ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ၈ ဦးအား မော်တော်ယာဉ် တစ်စီး၊ လက်နက်ငယ် ၈ လက်၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက်များ၊ မြန်မာနိုင်ငံမြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

ဖောင်တော်ချက်မ ရေကန်အတွင်းသို့  ရေများဖြည့်တင်း၍ သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ဧပြီ - ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊လယ်ဝေးမြို့နယ် ဖောင်တော်ချက်မ ဘုရားရေကန်တွင် အပူချိန်မြင့်မားမှုကြောင့် ဧပြီ(၂၄)ရက်နေ့က ရေကန်အတွင်းရှိငါးများ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ကရင်လူငယ် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ထားဝယ်၊ ဧပြီ ၂၆
ကရင်လူငယ်နှီးနှော ဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနား ကို ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ (၁၆း၀၀)နာရီ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်ခွဲ၊ ၀ါးဇွန်း အုပ်ကျေးရွာ၌ ပြုလုပ် ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ် ဦးမြတ်ကို၊ KNU ကရင်အမျိုးသား အစည်းအရုံး (မြိတ်/ထားဝယ်ခရိုင်) ဥက္ကဌ ဖဒိုစောဘီလယ်တို့က ကရင်လူငယ်နှီးနှော ဖလှယ်ပွဲဖွင့်ပွဲအခမ်းအနား ကိုဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံ အား တက်ရောက်လာသူများက အလေးပြုကြသည်။

ကျောက်မဲမြို့တွင် တောင်သူပိုင်မြေယာ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က တောင်သူများပိုင် မြေယာ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ရုရှနိုင်ငံအား အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရန် အိုဘာမားနှင့် အီးယူခေါင်းဆောင်များ လုပ်ဆောင်

ဝါရှင်တန်၊ ဧပြီ ၂၆
အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အီးယူထိပ်တန်းခေါင်းဆောင်များသည် ရုရှနိုင်ငံအား အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အမေရိကန် အာဏာပိုင်များက ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ ပိတ်ဆို့မှုများကို လာမည့် ရက်အနည်းငယ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖေါ်

အုတ်ဖို   ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်တွင် ဧပြီလ (၂၆)ရက်၊ နံနက်(၈:၀၀)နာရီက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊

ကြို့ပင်ကောက်မြို့နယ်တွင် စာပေရေချမ်းစင် (Mini Book Corner)များစတင်ဖွင့်လှစ်

ကြို့ပင်ကောက်    ဧပြီ (၂၅)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများစာအုပ်စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးနှင့် ဝန်ထမ်းများက

အရှေ့တောင်အာရှလူငယ် ပြေးခုန်ပစ်ပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်


ရန်ကုန်  ဧပြီ  ၂၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ တောင်အာရှလူငယ် ချန်ပီယံရှစ် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် မြန်မာပြေးခုန်ပစ်အဖွဲ့သည် လေ့ကျင့်ပြင်ဆင်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။


သမီးကလေးကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ


ရန်ကုန်  ဧပြီ  ၂၅
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဝါးယားကုန်းကျေးရွာအနီး အသစ်ပြန်လည်ထူထောင်နေသည့် သမီးကလေးကျေးရွာသို့ သွားရောက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းအသစ်ဖောက်လုပ်နေမှု၊ အိမ်ရာများ တည်ဆောက်နေမှု၊ လျှပ်စစ်မီး အမြန်ဆုံးလင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်း နေမှုနှင့် သောက်သုံးရေ ရရှိရေးအတွက် အဝီစိတွင်း အမြန် ဆုံးတူးဖော်နိုင်ရန် ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၈/၂၀၁၄)
၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်း 
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)တို့အရ နိုင်ငံတော်သမ္မတရုံးက ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၁)နှင့် အမိန့်အမှတ်(၂၆/၂၀၁၁) တို့ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခဲ့ပါသည်။

ဘက်စုံပို့ဆောင်ရေးဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ်၊ ၃၃/၂၀၁၄
၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်)
ဘက်စုံပို့ဆောင်ရေးဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း

Friday, April 25, 2014

ပျဉ်းမနားမြို့ အာဟာရသုခဈေး မီးဘေးလုံခြုံရေးအတွက် စီမံဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၂၅
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ရှိ အာဟာရသုခဈေးကြီး မီးဘေးလုံခြုံရေး အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို

အပူချိန်မြင့်မားမှုကြောင့် ဖောင်တော်ချက်မ ရေကန်အတွင်းရှိ ငါးများသေဆုံး

နေပြည်တော်       ဧပြီ - ၂၅

နေအပူချိန် မြင့်မားမှုကြောင့် လယ်ဝေးမြို့နယ် ဖောင်တော်ချက်မစေတီတော်အနီးရှိ ဖောင်တော် ချက်မရေကန် အတွင်းရှိ ငါးများသည် ဧပြီ(၂၄)ရက်နေ့မှ စတင်၍ သေဆုံးလျက်ရှိကြောင်း သိရသည်။

အဝေးပြေးယာဉ်လိုင်းများအား ခရီးသည်များ လုံခြုံရေးအတွက် မထသ (ဗဟို)မှ တိုက်တွန်းသွားမည်

ရန်ကုန် ဧပြီ ၂၄
အဝေးပြေးယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိနေသော ယာဉ်များအား ခရီးသွားပြည်သူများ၏ လုံခြုံရေး အတွက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရန် မထသ(ဗဟို)မှ အဆိုပါယာဉ်လိုင်းများတွင်ရှိသော ဂိတ်မှူးများ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ယခုရက်ပိုင်းအတွင်း သတိပေးတိုက်တွန်း သွားမည်ဖြစ်ကြောင်း

ဘက်စုံပညာ ထူးချွန် အပန်းဖြေ စခန်း အင်းလေး ဒေသတွင် ဖွင့်လှစ်မည်




အခြေခံ ပညာ ဦးစီး ဌာနများ အလိုက် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် စိစစ် ရွေးချယ် ခဲ့သော န၀မတန်း ဘက်စုံပညာ ထူးချွန် လူငယ် ကျောင်းသား ကျောင်းသူ များကို အင်းလေး ဒေသတွင် အပန်းဖြေ စခန်းဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့နိုင်ငံ၌ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုအပ်နေ

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန် တောင်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ရှင်စောပု ခန်းမ၌ ရန်ကုန် တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ စီမံခန့်ခွဲရေး ကော်မတီများ၊ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများ၊ စည်ပင် သာယာရေး ကော်မတီများ၊ နိုင်ငံရေး ပါတီများနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ကော့သောင်းမြို့၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေး ဂေဟာအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကော့သောင်း ၊ ဧပြီ ၂၄ ရက်
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ကြီးကြပ်မှုအရ ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် တည်ဆောက်ပြီးစီးသည့် ကော့သောင်းမြို့၊ လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေး ဂေဟာ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား

မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

ဘုတ်ပြင်း ၊ ဧပြီ ၂၃ ရက်
ဘုတ်ပြင်းမြို့နယ်၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်၊ နံနက် ၈ နာရီက ဘုတ်ပြင်းမြို့ ၊ အ.ထ.ကကျောင်း န၀ရတ်ခန်းမတွင် ပြုလုပ်ကျင်းပသည်။

ကော့သောင်းမြို့တွင် ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွား

ကော့သောင်း ၊ ဧပြီ ၂၃ ရက်
ကော့သောင်းမြို့ ၊ ကော့သောင်း-ဘုတ်ပြင်း အေ၀းပြေးလမ်း ပိုင်း၊ ဘန်းကချွန်ကျေးရွာတွင် မော်တော်ဆိုင်ကယ်နှင့် ISUZU ထရပ်ကား ခေါင်းခြင်းဆိုင်တိုက်မှု ဖြစ်စဉ်တစ်ခု ဧပြီ ၂၃ ရက် နံနက်(၉း၃၀)နာရီ အချိန်ကဖြစ်ပွားသည်။

ရေဖြူမြို့နယ်၌ မြို့နယ်အခြေပြူမူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းဖွင့်ပွဲကျင်းပ

ထားဝယ် ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ် အခြေပြု မူလတန်းဆရာ အတတ် ပညာ အထူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ဧပြီလ ၂၃ ရက် နံနက် (၉း၀၀) နာရီက အ.ထ.က၊ ရေဖြူမြို့ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

Thursday, April 24, 2014

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ၌ ဘ၀အလင်းရောင် စာကြည့်တိုက်တွင် စားငှား/စာဖတ်များဖြင့် စည်ကားလျှက်ရှိ

ထားဝယ် ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊သပြေချောင်းကျေးရွာတွင် ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က ဘ၀အလင်းရောင် စာကြည့်တိုက်၌ ဒေသခံပြည်သူများ သည်စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ လာရောက် ငှားရမ်းလျှက်ရှိသည်။

ရေကြည်တစ်ပေါက်

မိလ္လာအညစ်အကြေးရေတို့ကို သန့်စင်၍ ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့ မဆိုထားနှင့် ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြားရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေ အဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။

တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ အတွက် လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စဖြစ်

တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres)များအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်း အမှတ်(၅၉)ရှိ လွှတ်တော်ရုံးခွဲအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

မြန်မာကိုယ်စားပြု Miss Universe 2014 ပြိုင်ပွဲကျင်းပမည်

မြန်မာ့အလှမယ်များ နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ တက်လှမ်း ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ မြန်မာဆန်ဆန် လှပကြော့ရှင်းမှုအပြင် နိုင်ငံတကာ အလှမယ်များကဲ့သို့ စံနှုန်းကိုက်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ဉာဏ်ရည်ထက်မြက် မှုများလည်းရှိနေကြရာ မြန်မာအမျိုးသမီးများ နိုင်ငံတကာအလှမယ်ပြိုင်ပွဲများ၌ ပွဲလယ်တင့်စွာ ယှဉ်ပြိုင်လျက်ရှိ

ကမ္ဘာ့စာအုပ်များနေ့ အထိမ်းအမှတ် ဗြိတိသျှကောင်စီ၌ကျင်းပမည်

ရန်ကုန် ဧပြီ ၂၃
ကမ္ဘာ့စာအုပ်များနေ့အဖြစ် အထိမ်းအမှတ် အစီအစဉ်များကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိဗြိတိသျှ ကောင်စီစာကြည့်တိုက်၌ ဧပြီ ၃၀ ရက်၌ကျင်းပသွားမည်ဟုသိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဘက်စုံ ပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ တွေ့ဆုံပွဲနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး တွင်ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ဧပြီ ၂၃
ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ တွေ့ဆုံပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်

မီဒီယာများ သတင်းရယူနိုင်ရေး ဆက်သွယ်မေးမြန်းနိုင်

နေပြည်တော်-ဧပြီ(၂၃)
ဘက်စုံပညာထူးချွန်စခန်းများကို ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့တွင် ဧပြီ ၂၈ ရက်မှ မေ ၁ ရက်အထိလည်းကောင်း၊ ထူးချွန်ကြက်ခြေနီ လူငယ်များအတွက် စခန်းသွင်း လေ့ကျင့်ခြင်း၊ ပြိုင်ပွဲကျင်းပခြင်း၊ ရွေးချယ်ခြင်းနှင့် လေ့လာရေးခရီးစဉ်များကို ရန်ကုန်မြို့ အမှတ်(၁) စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း (ဘုရင့်နောင်)တွင်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား UNODC မူဝါဒစိစစ်လေ့လာရေးနှင့်ပြည်သူ့ရေးရာ Mr. Jean Luc လာရောက်တွေ့ဆုံ

နေပြည်တော်-ဧပြီ(၂၃)

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား UNODC မူဝါဒစိစစ်လေ့လာရေးနှင့်ပြည်သူ့ရေးရာ ဒါရိုက်တာ Mr. Jean Luc နှင့်အဖွဲ့သည် ယနေ့ညနေ(၄)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေးတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာအချောထည်များ ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုအားပေး


နေပြည်တော်-ဧပြီ(၂၃)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေး၌ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အချောထည်များ ထုတ်လုပ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

Wednesday, April 23, 2014

မေ(၁)ရက် ကျပ် ၂၀၀ တန်ထီဖွင့်မည်

ရန်ကုန်-ဧပြီ(၂၃)
(၃၀၄)ကြိမ်မြောက် ကျပ် ၂၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ တစ်ရက်တည်းဖြင့်အပြီးဖွင့်လှစ်မည်ဖြစ်သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များတွေ့ဆုံပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော်-ဧပြီ(၂၃)
ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ တွေ့ဆုံပွဲနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး အစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၂၃)
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေးအစည်းအဝေးကို ယနေ့ နံနက် (၈)နာရီတွင် သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ယာဉ်တိုက်မှုများ လျော့နည်းစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်


နေပြည်တော်     ဧပြီ    ၂၂

နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် နေ့စဉ်နှင့်အမျှ ယာဉ်အသုံးပြုအစီးရေများပြား လျက်ရှိရာ ယာဉ်မတော်တဆဖြစ်ပွားမှုများ လည်း နေ့စဉ်နှင့်အမျှဖြစ်ပေါ်လျက်ရှိသည် ကို တွေ့မြင်နေရ သည်။

Monday, April 21, 2014

ဈေးချိုဟိုတယ် ဒုတိယထပ်၌ မီးလောင်မှုဖြစ်ပွား

မန္တလေး ဧပြီ ၂၀
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၄)လမ်း၊ (၂၇_၂၈) လမ်းကြား ချမ်းအေးသာစံအလယ်ရပ်ကွက်ရှိ ဈေးချို ဟိုတယ်၌ ယနေ့နံနက်၂ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးချိုဟိုတယ်ဒုတိယထပ် ငွေစာရင်း အခန်းနှင့် တွဲလျက်ရှိသော ကွန်ပျူတာနှင့် WiFi လွှင့်ထားသောအခန်းရှိ လျှပ်စစ်ဝါယာကြိုးများ ဆက်သွယ် ထားသော နံရံမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ် ၆၅ စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ တာဝန်ရှိ သူများက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဒုတိယထပ်ရှိ ပေ(၂၀_၃၅)အကျယ်ရှိ အခန်းနှင့် ဟိုတယ်မျက်နှာစာအပြင်WiFi Server စက်တစ်စုံ၊ ကွန်ပျူတာ ငါးလုံး၊ လက်နှိပ် စက်တစ်လုံး၊ အသားဗီရို နှစ်လုံး၊ ကွန်ပျူတာတင်စားပွဲကိုးလုံး၊ မီးခံသေတ္တာ နှစ်လုံး၊ လိုက်ကာနှစ်စုံ၊ ဗီရိုအတိုခြောက်လုံး၊ အဲကွန်း လေးလုံး၊ CCTV  ကင်မရာ တစ်လုံး၊ အလူ မီနီယံစားပွဲခုံ ၁၁ လုံး၊ သစ်သားထိုင်ခုံ ၁၅ လုံး၊ဆုံလည် ဆိုဖာကုလားထိုင် ငါးလုံး၊ Set up transfer10 KW  တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း နှင့်ဟိုတယ်တွင် လာရောက်တည်းခိုနေသော ဧည့်သည်ဒေါ်နှင်းနှင်းလွင်၊ မောင်ထူးထက်ဦး၊ ကိုကျော်ခိုင်ဆွေ၊ဒေါ်မြသိန်းနှင့် ဟိုတယ်ဝန်ထမ်း မနန်းမိုးဟိန်းတို့ အသက်ရှူကျပ်မှုဖြစ်ပွား ခဲ့ပြီး ဟိုတယ်ဝန်ထမ်း ဒေါ်တင့်ဆွေမှာယာဘက်လက်မောင်းနာကျင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဟိုတယ် ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူရိန်(၄၀)နှစ်အား အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။


တပ်မတော်စစ်ကြောင်းများမှ မံစီမြို့နယ် ပန်ခမ်းဒေသနှင့် မိုးမောက်မြို့နယ် ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ဆက်သွယ်ရေး လမ်းကြောင်းတို့အား ရှင်းလင်းထိန်းချုပ်

နေပြည်တော်-ဧပြီ-၁၉
ဧပြီလအတွင်း ကချင်ပြည်နယ် မံစီမြို့နယ် ပန်ခမ်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်မှ အရာရှိ ၁ ဦး၊ စစ်သည် ၂ ဦး ကျဆုံးပြီး ကေအိုင်အေအဖွဲ့ထံမှ အလောင်း ၆ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်း ရမိကြောင်း သိရှိရသည်။ ပန်ခမ်းနယ်မြေနှင့် ပန်ခမ်းရွာသည် ယခင်က နိုင်ငံတော်အစိုးရ၏ တရားဝင် နယ်စပ်ဒေသကုန်သွယ်ရေးစခန်းအဖြစ် ဖွင့်လှစ် ထားရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နေရာဖြစ်ပါသည်။ နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သည့်အလျောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး အဖွဲ့ဝင်များဖြင့် ကုန်စည် ကူးသန်း မှုများအား စစ်ဆေးခြင်း၊ လူဝင်/လူထွက်များ စစ်ဆေးခြင်းတို့ စနစ်တကျ ဆောင်ရွက်ခဲ့သည့် ဒေသဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ် ဇွန်လတွင် ကေအိုင်အေအဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် လုံခြုံစိတ်ချရမှု မရှိတော့သဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်းကောင်း၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး အဖွဲ့များမှ လည်းကောင်း အသီးသီးစွန့်လွှတ်ခဲ့ရသည်။ထိုအချိန်မှစ၍ ပန်ခမ်းနယ်မြေတစ်လျှောက် ရှမ်းတိုင်းရင်းသား ကျေးရွာ များဖြစ်သော နားလုံကျေးရွာ၊ နောင်စွမ်းကျေးရွာ၊ နောင်မွန်ကျေးရွာ၊ မန်အိတု ကျေးရွာ၊ မိုင်အိုက်တိုက် ကျေးရွာ၊ လွယ်လုံကျေးရွာ စသည့်ကျေးရွာများရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ကိုးကွယ်ရာဖြစ်သော ကျားခေါင်း ဘုရားတောင်ကုန်းတွင် ကေအိုင်အေတို့မှ တပ်စခန်းပြုလုပ်၍ ဝင်ရောက် နေထိုင်ခဲ့ကြသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တပ်စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက် ခြင်းများ လုံးဝမပြုလုပ်ဘဲ ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် လုံခြုံရေးကိုသာ အဓိက ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ယခုကာလသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေးအတွက် ဆွေးနွေး ပွဲများ ပြုလုပ်နေစဉ် ကာလဖြစ်သဖြင့် ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များအား အတိအကျ လိုက်နာလျက် ရှိသည့်အပြင် လက်ရှိဆွေးနွေးပွဲ သဘောတူညီချက်များကိုပါ ဂရုပြုထိန်းသိမ်း ဆောင်ရွက် လျက်ရှိပါသည်။
သို့သော် ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မန်ဝိန်းကြီးနှင့် ကောင်းမှုယန် ဆက်သွယ်ရေး လမ်းကြောင်းတွင် ပုံမှန် တပ်လဲလှယ်ရေးတာဝန်ဖြင့် သွားလာနေစဉ် ကေအိုင်အေအဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်ခဲ့သဖြင့် တပ်မတော်မှ ဗိုလ်မှူးတစ်ယောက် ကျဆုံးခဲ့ရသည်။ သို့ဖြစ်၍ ၎င်းဆက်သွယ်ရေး လမ်းကြောင်းအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အတွက် မိမိတပ်မတော်စစ်ကြောင်းများဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကေအိုင်အေ အဖွဲ့များနှင့် တိုက်ပွဲတချို့ဖြစ်ပွားပြီး ပန်ခမ်းနယ်မြေအား တပ်မတော် စစ်ကြောင်း များမှ ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အဆိုပါနယ်မြေ ရှင်းလင်းစဉ် ကာလအတွင်း တပ်မတော် အရာရှိ (၁)ဦးနှင့်စစ်သည်(၂) ဦးကျဆုံး၍ အရာရှိ(၁) ဦးနှင့် စစ်သည်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေ ဘက်မှ အလောင်း(၆)လောင်းနှင့် လက်နက်(၅)လက် သိမ်းဆည်းရရှိခဲ့သည်။ ထို့ပြင် ပန်ခမ်းကျေးရွာ အနီးကေအိုင်အေ၊ အူလံပါခရိုင်ရုံးရှိ အဝေးထိန်း မိုင်းများ ထုတ်လုပ်သည့် အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများအား ရှင်းလင်း သိမ်းဆည်းရမိခဲ့ပြီး ကေအိုင်အေ အချုပ်ခန်းအတွင်းတွင် ကေအိုင်အေမှ တပ်သားသစ်အတွက် သံခြေချင်းခတ် ဖမ်းဆီး ချုပ်နှောင် ထားသော နောင်ချိုမြို့နယ် ဘာကွန်ကျေးရွာမှ ဓနုတိုင်းရင်းသား (၁)ဦးအား ပြန်လည် ကယ်တင် နိုင်ခဲ့သည်။
၂၀၁၄ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် မိုးမောက်မြို့နယ် ကျောက်စခန်းအနီး မိုင်တိုင်အမှတ်(၁၂/၄)၌ ပုံမှန် စစ်ဆင်ရေး တာဝန်လဲလှယ်သော တပ်မတော်စစ်ကြောင်းအား ကေအိုင်အေ အဖွဲ့များမှ ဆွဲမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက် သဖြင့် စစ်သည်(၂)ဦးကျဆုံး၍ (၉)ဦးဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်နှင့် ယာဉ်ပေါ်ရှိ လက်နက် မျိုးစုံ(၁၃)လက်၊ ဆက်သွယ်ရေး စက်များ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှူံးခဲ့ရသည်။
ထို့ပြင် ဗန်းမော်နှင့် စိန်လုံဒေသဆက်သွယ်ရေး လမ်းတစ်လျှောက် မိမိတပ်များ သွားလာလှုပ်ရှားမှုကို နှောင့်ယှက် တိုက်ခိုက်လျက်ရှိသော ကေအိုင်အေအဖွဲ့များ အခြေပြုရာ ပွိုင့်(၇၉၂)စခန်းဒေသအခေါ် မိုင်ဆတ် ကောင်းနှင့် ပွိုင့်(၄၀၆) စခန်းဒေသ အခေါ်ဒဂေါ်မကာဘွမ်တို့အား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းခဲ့ရာ တပ်မတော် ဘက်မှ စစ်သည်(၃)ဦးကျဆုံး၍ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေဘက်မှ အလောင်း (၈) လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့သည်။
မိမိနိုင်ငံ ပန်ခမ်းနယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မိမိတပ်များအနေဖြင့် ပန်ခမ်းနယ်မြေ အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခြင်းမရှိသဖြင့် ကျေးရွာများအတွင်း၌ တိုက်ပွဲ ဖြစ်ပွားခြင်းများ မရှိဘဲ ဒေသခံ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ဆက်သွယ်ရေး လမ်းကြောင်း ပေါ်တွင် လုံခြုံစိတ်ချစွာဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပုံမှန်ဆောင်ရွက် လျက်ရှိ နေပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းက မန်စီ-မိုးမိတ်ဒေသ၊ ဆင်ဘို-ဗန်းမော်ဒေသ၊ ဆင်ဘို-မံပင်ဒေသတို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ ကျွန်းနှင့် တမလန်းအပါအဝင် သစ်တန်ချိန်ပေါင်း ၅၀၈၇ တန်၊ ယာဉ်/ယန္တရား ၁၂၀ စီး၊ တရုတ်နိုင်ငံသား ၁၃ ဦးအပါအဝင် တရားခံ ၅၃ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ကေအိုင်အေ အဖွဲ့နှင့် ၄ ကြိမ် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။