Monday, March 31, 2014

Waste To Energy စီမံကိန်း လုပ်ငန်း အတွက် စာချုပ်ချုပ်ဆို



ရန်ကုန်-မတ်-၃၁
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် Zeya & Associates ကုမ္ပဏီတို့အကြား ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ နေရာတွင် ဆောင်ရွက်မည့် waste To Energy စီမံကိန်း လုပ်ငန်းအတွက် တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်းခြင်း သဘောတူညီမှု စာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီခွဲတွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

စီးပွားရေး ကွန်ရက် အခမ်းအနားကျင်းပ



ရန်ကုန်-မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Hong Kong Business Mission တို့၏ စီးပွားရေး ကွန်ရက် အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ Traders Hotel ၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက

ကူးသန်း ရောင်းဝယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဘာသာရပ် သင်တန်းဖွင့်



နေပြည်တော် - မတ် - ၃၁
ပြည်ထောင်စု ရှေ့နေချုပ် ရုံးနှင့် Allen  &  Overy  Limited တို့ ပူးပေါင်း စီစဉ်မှုဖြင့် ကူးသန်း ရောင်းဝယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဘာသာရပ် သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် (၉)နာရီ ခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ် (Function Hall) ၌ ကျင်းပရာ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က တရားဥပဒေ စိုးမိုးရေး (Rule  of  Law) သည်

ဂျပန်နိုင်ငံ ချီဘား ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော် အမတ်များ နေပြည်တော် စိုက်ကွင်းများ လေ့လာ



နေပြည်တော် - မတ် - ၃၁
လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ဒုတိယ ဝန်ကြီး ဦးအုန်း သန်းနှင့် အတူ ဂျပန်နိုင်ငံ ချီဘား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ Mr. Ishibashi  Kiyotaka ဦးဆောင်သော လွှတ်တော် အမတ်များ၊ ITOCHU  Corporation  Dole  International  Holding  Inc မှ လုပ်ငန်းရှင်များအဖွဲ့နှင့် ယနေ့နံနက် (၈)နာရီတွင်

တနင်္သာရီမြို့နယ်တွင်၂၀၁၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

တနင်္သာရီမြို့-မတ်(၃၀)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၂၀၁၄-ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစတင်ခြင်းကို မတ်လ(၃၀)ရက်နေ့ နံနက်(၆)နာရီအချိန်တွင်ချောင်းကြီးရပ်ကွက်

နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ လာရောက်ကောက်ယူ



နေပြည်တော် မတ် ၃၀
ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် မတ် ၂၉ ရက် ညသန်းခေါင်ယံကို သတ်မှတ်ထားပြီး ထိုအချိန်ရှိ နိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာကို မှတ်တမ်းတင်မည်ဖြစ်သည်။
ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမုံဇာခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့ရှိ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ သားဖွားသင်တန်းကျောင်းနှင့် အရိုးအထူးကုဆေးရုံကြီးများသို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေး





နေပြည်တော်-မတ် ၃၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မန္တလေးမြို့ရှိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စစ်ဆေးရန် ယနေ့နံနက်ပိုင်းက နေပြည်တော်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ကြရာ နံနက်(၉)နာရီခွဲတွင်ရောက်ရှိကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့်ဇနီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိ


နေပြည်တော် မတ် ၃၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ စစ်တွေမြို့သို့ ရောက်ရှိကြသည်။

တွံတေးမြို့နယ်ရှိ လယ်ဧက ၁၀၀၀ ခန့်ကို မူလပိုင်ရှင်များစိစစ်၍ ဧပြီလအတွင် တပ်မှ ပြန်လည် ပေးအပ်မည်

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းမှ ကျေးရွာနှစ်ရှိ လယ်ဧက ၁၀၀၀ ခန့်ကို မူလပိုင်ရှင်များ စိစစ်ခြင်း၊ လယ်ဧက အရေအတွက် အမှန်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ဧပြီလအတွင်း တပ်မှပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း တွံတေးမြို့နယ်အတွင်းရှိ လယ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးမန်းအုန်းမြင့်သိန်းက ပြောသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိ

နေပြည်တော် မတ် ၃၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ စစ်တွေမြို့သို့ရောက်ရှိကြသည်။

Saturday, March 29, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၅ ဒသမ ၇ဘီလီယံလျာထား

နေပြည်တော်  မတ်  ၂၈ 
နေပြည်တော် မတ် ၂၈ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နယ်စပ်ဒေသများရှိ ကုန်သွယ်ရေးစခန်းများ၌ တာဝန်ထမ်းဆောင်မည့် စခန်းတာဝန်ခံများအား မတ် ၂၈ ရက် ညနေပိုင်းတွင် ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၃ ခုနှစ် ဧပြီ ရက်မှယနေ့အချိန်ထိ ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၀၅၈ ဘီလီယံ ရရှိထားပြီးဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏလျာထားချက် အမေရိကန် ဒေါ်လာ ၂၅ ဒသမ ဘီလီယံ လျာ ထားသဖြင့် ပင်လယ်ရေကြောင်းနှင့်

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်

၁။ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၅ ရက်နေ့မှ ဦးတန်ခူးလဆုတ် ၂ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော်ဖြစ်ပါသည်။
၂။ ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော် သက္ကာရပြုခြင်း၊ ရှင်ပြု ရဟန်းခံအလှူတော်မင်္ဂလာများကျင်းပခြင်းနှင့် တိရစ္ဆာန်များဘေးမဲ့လွှတ်ခြင်းစသော မင်္ဂလာအမှုတို့ကို ပြုမြဲဖြစ် ပါသည်။

စုံစမ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ်၊ ၂၄/၂၀၁၄
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်)
စုံစမ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း
၁။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် Malteser International  အဖွဲ့ ငှားရမ်းထားသည့် နေအိမ်နှင့် UN အဖွဲ့အစည်းများမှ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် နေအိမ်များနှင့် ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များကိုဖျက်ဆီးပြီး ရုန်းရင်း ဆန်ခတ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဥပဒေ နှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးအဖွဲ့” ကို ဖွဲ့စည်းတာဝန်ပေး အပ်လိုက်သည်-

Friday, March 28, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၂၈ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု စတန်းဖို့ဒ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ အက်ဒ်ဝက်ဒ် ပေါလ်လာဇီးယားနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု စတန်းဖို့ဒ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ အက်ဒ်ဝက်ဒ် ပေါလ်လာ ဇီးယား ဦးဆောင်သော ကျောင်းသားကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဗန်းမော်မြို့နယ်၌ ကျေးရွာချင်းဆက်ကွန်ကရစ်တံတားတည်ဆောက်

မြစ်ကြီးနား မတ် ၂၇
ကျေးရွာချင်းဆက် တံတားများ ကောင်းမွန်ပြီး ကျေးလက်နေ ပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်စေ ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် (၁၂၀.၀၀) သန်းဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ သဖန်းပင် ကျေးရွာနှင့် ငှက်ပျောတော ကျေးရွာသို့ ဆက်သွယ်သည့် တံတား အရှည်(၃၄၀) ပေရှိ ကွန်ကရစ် တံတားကို အင်ဂျင်နီယာမှူး ဦးလှိုင်အေးက တာဝန်ယူ ဆောင်ရွက်လျှက် ရှိသည်။

ခွင့်ပြုရန်ပုံငွေကျပ်(၁၃ ဒသမ ၁၀၀)သန်းဖြင့် ကျေးရွာချင်းဆက်ကျောက်ချောလမ်းဆောင်ရွက်

မြစ်ကြီးနား မတ် ၂၇
ကျေးလက်နေ ပြည်သူများအား လမ်းပန်း ဆက်သွယ် ရေးများ အဆင်ပြေချောမွေ့စွာ သွာလာလွယ်ကူ နိုင်စေရန် အတွက် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြု ရန်ပုံငွေ ကျပ် (၁၃ ဒသမ ၁၀၀) သန်းဖြင့် (၁)မိုင် အရှည်ရှိ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မိုးမောက်-ခူးလီ မြေသား လမ်းပိုင်းကို 

ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

မြိတ် မတ် ၂၇ ရက်
ပထမအကြိမ်ရှင်သာမဏေ၀တ်ပွဲနှင့် န၀မမြောက်အကြိမ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်ပွဲကို မတ်လ(၂၇)ရက် နံနက်(၉း၄၅)နာရီက မြိတ်မြို့ စံကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စေတနာရှင် အလှူရှင်များက ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ရှင်သာမဏေများအား သိမ်ဆင်းဆွမ်းလောင်း ကြသည်။

တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ရုံးဖွင့်ပွဲ ကျင်းပ

တနင်္သာရီမြို့-မတ်(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြန်မာနိုင်ငံစာရေးအသင်း၏ လမ်းညွှန်မှုနှင့် အညီ ၂၀၁၄-ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းအား ဂုဏ်ပြုကြိုဆို သောအားဖြင့်လည်းကောင်း၊

(၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲကျင်းပ

မြိတ် မတ် ၂၇ ရက်
(၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား

မြိတ်မြို့၌ ထိုင်း - မြန်မာ နယ်စပ်ဒေသ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ရေလုပ်ငန်းရှင်များ ကုန်သွယ်မှုလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

မြိတ် မတ် ၂၇ ရက်
မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံပရကျွတ်ခီရီခန်ခရိုင် ကုန်သည် များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ

Thursday, March 27, 2014

ကျောက်​ပုံ​ပေါ်တွင်​​ထောင်​ထား​သောချိန်​ကိုက်​ဗုံးအတုသာဖြစ်


ယင်းမာပင်၊ မတ် ၂၆
၂၄.၃.၂၀၁၄ ရက်​​နေ့၊ နံနက် (၀၉၁၅) နာရီအချိန်က ယင်းမာပင်ခရိုင်၊ယင်းမာပင်ြမို့ မိုးကုတ်ဝိပဿနာကျောင်ရှေ့ ကတ္တရာလမ်ဘေး၊ ကျောက်ပုံပေါ်တွင် ချိန်ကိုက်ဗုံးထောင်ထားသည်ဟု မသင်္ကာဖွယ်ရာတစ်ခုတွေ့ရှိကြောင်း ယင်းမာပင်မြို့ (ခ)ရပ်ကွက်​​နေ ဦးစံမင်းမှ ဖုန်းဖြင့်ဆက်သွယ်၍ သတင်းရလျှင်ရခြင်း ယင်းမာပင်မြို့နယ်စခန်းမှူး ဒုရဲမှူးအောင်​​ကျော်ထူးနှင့်အဖွဲ့မှ သွားရောက်ပြီး တာဝန်ရှိသူအဆင့်ဆင့်နှင့် မိုင်းရှင်းလင်ရေးအဖွဲ့အား ဆက်သွယ်ကြောင်းကြားသည်

ဒေသန္တရနင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၊ ဒေသခံပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

ကျောက်ကြီး မတ် ၂၆

ကျောက်ကြီးမြို့နယ် မြောင်ဦး ကျေးရွာနေ ဦးညွန့်တင်(၄၅နှစ်)သည် မိးသွေးဖုတ်ရန် ၎င်း ၏နေအိမ်မှထွက် ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်ကြီးမြို့နယ် ကျောက်အိုင်အနီးတစ်ဝိုက်သို့ ရောက်ရှိစဉ် ဒေသန္တရနင်းမိုင်းတစ်လုံးကို ၎င်း၏ဝဲခြေထောက်ခြေတုဖြင့် နင်းမိ ပေါက်ကွဲခဲ့သောကြောင့် ဝဲခြေထောက် ခြေတုမှာ စုတ်ပြတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူရန် ကျောက်ကြီးမြို့နယ် မုန်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးဝါး

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အမေရိကန်အခြေစိုက် Western Union မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှု ပြုနိုင်ပြီ

ရန်ကုန် မတ် ၂၆
ယူနိုက်တက်အမရဘဏ်၏ ၂၇ ခုမြောက် ဘဏ်ခွဲဖြစ်သည့် သိမ်ဖြူဘဏ်ခွဲကို မတ် ၂၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် ၁၅၆ တွင် ဖွင့်လှစ်ခဲ့သည်။ ယူနိုက်တက် အမရဘဏ် သည် ရန်ကုန်မြို့တွင်း ATM စက် ၂၂ လုံးကို တပ်ဆင်၍ ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၎င်း ATM စက်များဖြင့် MPU ကတ်၊ Visa/ Master ကတ်နှင့် JCB ကတ်များအားလုံး ထုတ်ယူအသုံးပြုနိုင်ကြောင်း သိရှိရသည်။ ၎င်း ဘဏ်၏ ဘဏ်ခွဲ အသီးသီးတွင် ပြည်တွင်းသာမက ပြင်ပ၌အလုပ်လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်မည်ဆိုပါက အမေရိကန်အခြေစိုက် Western Union မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

MoU ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော အလုပ်သမားများအရေး ဖြေရှင်းမှု အားနည်းနေဆဲ

မတ် ၂၁ ရက်က မဟာချိုင် ပန်းရန်လုပ်ငန်းခွင်သို့ MAT အဖွဲ့၏ စီမံမှုဖြင့် ခေတ္တပြောင်းရွှေ့ခံထားရ သည့် MoU အလုပ်သမား၂၂ ဦး အား တာဝန်ရှိသည့်ကုမ္ပဏီများက ကောင်း မွန်စွာ ဖြေရှင်းခြင်းပြုရမည့် အစား ကိုယ်စားလှယ်က မြန်မာ အလုပ်သမငယ်တစ်ဦးအား သောက် လက်စဘီယာဘူးဖြင့် ပစ်ပေါက်ခဲ့ ကြောင်း MATအဖွဲ့၏ မတ် ၂၄ ရက်က ပြောကြားချက်အရ သိရ သည်။

ဂျပန်နိုင်ငံ အစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ အမေရိကန် ဒေါ်လာ ၁၅၀၂၅၁၅ တန်ဖိုးရှိသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ စီမံကိန်းရှစ်ခုထောက်ပံ့

နေပြည်တော် မတ် ၂၆
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး Mr.Mikio NUMATA နှင့် သက်ဆိုင်ရာစီမံကိန်းရှစ်ခုမှ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌများသည် အမေရိကန်ဒေါ်လာ ၁၅၀၂၅၁၅ တန်ဖိုးရှိသော အထောက်အပံ့ ပေးရေးသဘောတူစာချုပ်များကို ယနေ့အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ စီမံကိန်းများမှာပဲခူး တိုင်းဒေသကြီး က၀မြို့နယ် မိုးဂနိမ်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၁၆၆၄၄၊ ကရင်ပြည်နယ် ဘားအံမြို့နယ် သာမည အခြေခံပညာ မူလတန်း လွန်ကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၆၂၇၁၁၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သော်ကမြောင် မျိုးဆက်သစ် လူငယ်ပရဟိတ ဂေဟာနှင့် ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂၁၀၂၅၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သမိုင်းအခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁၁၈၁၂၂၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ညောင်ဝိုင်းရွာ ကျေးရွာချင်းဆက် တံတား ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၃၀၈၃၂၄၊ ကချင်ပြည်နယ် ဟိုပင်မြို့နယ်ခွဲ မြကန်သာ အခြေခံပညာ မူလတန်းလွန် ကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂၁၆၈၉၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဗန်းမော်ပြည်သူ့ဆေးရုံကြီး တိုးချဲ့မွေးလူနာဆောင် ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၂၂၁၇၃၇၊ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ခေါင်ဖူးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၃၂၂၆၃ တို့ဖြစ်ပါသည်။ အဆိုပါ က၀မြို့နယ်၊ ဘားအံမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဟိုပင်မြို့နယ်ခွဲ၊ မြစ်ကြီးနားမြို့နယ်နှင့် ဘီးလင်း မြို့နယ်တို့မှ ကျောင်းငါးကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းတို့တွင် ပညာရည်နို့သောက် သုံးနေကြသော ကျောင်းသားပေါင်း ၂၄၀၀ ခန့်မှာ အိုမင်းဟောင်းနွမ်းနေသော ကျောင်းအဆောက်အအုံများ၊ ပြည့်စုံမျှတမှုမရှိသော စာသင်ခန်း၊ ပတ်ဝန်းကျင်များတွင် သင်ကြားနေရသော အခက်အခဲများရှိနေခဲ့ရာ ဂျပန်နိုင်ငံ အစိုးရမှ ကျောင်းသုံးပရိဘောဂများ အပါအဝင် သန့်ရှင်းသပ်ရပ်သော ကျောင်းစာသင်ခန်းများ၊ ကျောင်းသုံးအိမ်သာ များပါရှိသော သံကူကွန်ကရစ် ကျောင်းဆောင်သစ်များ ထောက်ပံ့ကူညီ ပေးမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် စစ်ကွင်းကျေးရွာအုပ်စုအကြား ကျေးလက်ဖွံ့ဖြိုးရေး လမ်းပေါ်ရှိ တံတားမှာ ပျက်စီးယိုယွင်း နေလျက်ရှိရာ ထိုတံတားကိုအသုံးပြုပြီး သွားလာလှုပ်ရှား နေကြသော ကျေးရွာပေါင်း ၃၆ ရွာ၏ လူမှုစီးပွားအခြေအနေများ ပိုမိုတိုးတက် လာစေရန်အတွက် ခိုင်ခံ့တောင့်တင်း သော သံကူကွန်ကရစ် တံတားတစ်စင်း လိုအပ်လျက်ရှိပါသည်။ ဤကဲ့သို့ အခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြစ်သော ပေ ၂၄၀ အရှည်ရှိသော သံကူကွန်ကရစ် တံတား အသစ်တစ်စင်းသည် ဒေသတွင်း ကျေးရွာလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး ကျောင်းသား ကျောင်းသူများ ၊ လူနာများ၊ ဒေသခံ တောင်သူလယ်သမား များ၏ အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ခဲ့မည်ဖြစ်ပါသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သင့်တော်ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန်ရည်ရွယ်ပြီး ဆေးရုံသုံးပစ္စည်းများနှင့်တကွ မွေးလူနာဆောင်အသစ် တစ်ဆောင်ကို ဂျပန်နိုင်ငံအစိုးရက ဗန်းမော်အထွေထွေ ဆေးရုံဝင်းကြီးအတွင်းတွင် ဆောက်လုပ်ကူညီပေးခြင်းအားဖြင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်များ တိုးတက်လာစေမည်ဖြစ်ပါသည်။

ဤကဲ့သို့ ဂျပန်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစား စီမံကိန်းများထောက်ပံ့ရေး အစီအစဉ်ဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း ၆၈၅ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ ယင်းတို့ အနက် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၃၁၁ ခု၊ လမ်း၊တံတားတည်ဆောက်ရေး စီမံကိန်းပေါင်း ၃၁ ခုနှင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တည်ဆောက်ခြင်းနှင့် ဆေးရုံ ဆေးခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းပေါင်း ၁၇၅ ခုတို့ကို ဆောက်လုပ်ကူညီ ပေးခဲ့ပြီးဖြစ်ပါသည်။ ဤ အထောက်အပံ့များသည် ယခုနှစ်တွင် နှစ်နိုင်ငံသံတမန် တည်ထောင်မှုအနှစ် (၆၀) ပြည့်ခဲ့ပြီဖြစ်သည့် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာ လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။ (သတင်းစဉ်)

နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပေးထားသော မြန်မာနိုင်ငံတော်အလံကို ဧ၀ရက် တောင်ထိပ်တွင် လွှင့်ထူမှတ်တမ်းတင်ရန် ကြိုးပမ်းမည်


နိုင်ငံသား တောင်တက်သမား ငါးဦးသည် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ထိပ်သို့ တက်ရောက်ကာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပေးထားသော မြန်မာနိုင်ငံတော်အလံ ကို လွှင့်ထူမှတ်တမ်းတင်နိုင် ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သတင်းမီဒီယာများအား လက်ခံတွေ့ဆုံ


နေပြည်တော်-မတ်(၂၆)
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ(၄)နာရီ (၄၅)မိနစ်တွင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သတင်းမီဒီယာများအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် သဝဏ်လွှာပေးပို့

နေပြည်တော်-မတ်(၂၇)

ဖိလစ်ပိုင်သမ္မတနိုင်ငံ ဘန်ဆာမိုရိုသမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်ကို ၂၀၁၄ ခုနှစ် မတ်(၂၇)ရက်တွင် လက်မှတ်ရေးထိုးမည်ဟု သိရှိရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နို အကွီနို(၃)နှင့် ဖိလစ်ပိုင်ပြည်သူများထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။ (သတင်းစဉ်)

လွှတ်တော်သို့လာရောက်လေ့လာကြည့်ရှု

နေပြည်တော်-မတ်(၂၆)

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေး (၂၉)ရက်မြောက်နေ့တွင် ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့မှ အမှုဆောင်အရာရှိချုပ် Ms.Mary  Mc Phail ၊ အာရှနှင့် ပစိဖိတ်ဒေသ အမျိုးသမီးကင်းထောက်အဖွဲ့ ညွှန်ကြားရေးမှူး Ms.Ching  Ching  Wee  Ong တို့နှင့် အတူ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး

ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်-မတ်(၂၆)
(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်ရှိ ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ရေသန့်စင်စက်ရုံ (ဒုတိယအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲတွင် အဆိုပါစီမံကိန်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ

Wednesday, March 26, 2014

ရှင်ပြု-သီလရှင်ဝတ် သာမဏေရပဗ္ဗဇ္ဇာဘိသေက အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်-မတ်(၂၆)
ရှင်ပြု-သီလရှင်ဝတ် သာမဏေရ ပဗ္ဗဇ္ဇာဘိသေက အလှူတော်မင်္ဂလာ အခမ်းအနားကို မတ်(၂၄)ရက်နှင့် (၂၅)ရက်တို့တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ဦးဆောင်၍ အလှူရှင် ဦးရှိန်ဝင်းနှင့်ဇနီး ဒေါ်ခင်ချိုဦးမိသားစုတို့၏ ပစ္စည်းလေးပါးထောက်ပံ့မှုဖြင့် ကျင်ဒွေးကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ တိုင်းရင်းသား တိုင်းရင်းသူ ရှင်သာမဏေလောင်း အပါး(၁၁၀)နှင့် သီလရှင်လောင်း အပါး(၃၀)တို့အား ကေသစ္ဆေဒနမင်္ဂလာနှင့် အဘိသေက မင်္ဂလာအခမ်းအနားတို့ကို သာသနာတော် ဆိုင်ရာ ထုံးတမ်း အစဉ်အလာများနှင့် အညီ

ပညာရေးရုပ်မြင်သံကြားထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်-မတ်(၂၆)
ပညာရေးရုပ်မြင်သံကြား ထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် (၁၂)နာရီတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်တို့ တက်ရောက်အမှာ စကားပြောကြားကြသည်။
နေပြည်တော်-မတ်(၂၆)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Ms. Mary  Mc  Phail ဦးဆောင်သည့်

ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ခေါ်

နေပြည်တော်-မတ်(၂၆)

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ပတ်သက်၍ ဝမ်းမြောက်ဂုဏ်ယူ၊ စိတ်ဝင်စားသူများ၏ တောင်းဆိုမှု၊ အကြံပေးမှုများအရ ဖွင့်ပွဲ ၊ပိတ်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီသည်

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်နှင့်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ


နေပြည်တော် မတ် ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နေပြည်တော်၌ ရောက်ရှိ နေသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၁)နာရီခွဲတွင် လေကြောင်းခရီးဖြင့်

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော်-မတ်(၂၆)
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဖန်ချင်းဟွာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မတ်(၂၄)ရက်မှ (၂၆)ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။

ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းပါဝင်သော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ရွက်

နေပြည်တော်-မတ်(၂၆)
ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရေး၊ ကောင်းမွန်သော စီမံအုပ်ချုပ် လုပ်ကိုင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်းအမြစ်များရရှိရေး၊ ထိရောက်စွာ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေးတို့အား မဟာဗျူဟာမူဘောင် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မိမိရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်သော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (All  Inclusive  People-Center  Development) အား ဆောင်ရွက်လျက် ရှိကြောင်းကို

ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြည့်ရှုစစ်ဆေး ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့နှင့် ရပ်မိ/ရပ်ဖများအား တွေ့ဆုံ

နေပြည်တော်-မတ်(၂၆)
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့်အတူ မတ်(၂၂)ရက် နံနက်ပိုင်းတွင် မူဆယ်ခရိုင် နမ့်ခမ်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအတွင်းရှိ ဆေးစတို၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာန၊ သွေးလှူဘဏ်၊ဓာတ်ခွဲခန်း၊ ဆေးရုံအတွင်း အပြင် ကြံ့ခိုင်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေကြသည့် လူနာများအား အားပေးစကားပြောကြားသည်။

သတင်းရယူမည့် မီဒီယာသမားများအတွက် အသိပေး



နေပြည်တော် မတ် ၂၅
(၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို နေပြည်တော်၌ ဧပြီ ရက်မှ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် မတ် ရက်မှ ၂၅ ရက်အတွင်း မီဒီယာမှတ်ပုံတင် ဆောင်ရွက်နိုင်ရေး အတွက်အသိ ပေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

ဖရူဆိုမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျောရောဂါ ဖြစ်ပွား

ဖရူဆို     မတ်       ၂၆

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ဒိုးလာစောကျေးရွာအုပ်စု၊ ထိုခွီဆို ကျေးရွာနှင့် ဒီကူလယ်ကျေးရွာတို့တွင် (၅)နှစ်အောက် ကလေးငယ်များ ဝမ်းပျက်/ဝမ်းလျော ရောဂါများ ဖြစ်ပွားခဲ့ရာ

မြိတ်မြို့၌ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြိတ် မတ် ၂၆ ရက်
မြိတ်ခရိုင်၏ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့မြန်ဆန်ရေး၊ ကဏ္ဍအလိုက်ပြည်ပပို့ကုန် ပိုမို ထုတ်လုပ် တိုးတက်တင်ပို့နိုင်ရေး၊ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊

တကူကျေးရွာတွင် ကျောက်မိုင်းခွဲရာမှ သေဆုံး ဒဏ်ရာရမှု ဖြစ်ပွား

မြိတ် မတ် ၂၆ ရက်
တနင်္သာရီမြို့နယ် တကူကျေးရွာအနောက်တောင်ဘက်(၄)မိုင်ခန့်အကွာ မတ်လ(၂၅)ရက် နေ့လယ်(၂) နာရီခန့်တွင် ကျောက်မိုင်ခွဲရာမှ ကျောက်မိုင်းကွဲစဉ် သေဆုံး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှုသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်း


နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ မတ်လ  ၂၆ ရက်
ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘောထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်

မြိတ်မြို့၌ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

မြိတ် မတ် ၂၆ ရက်
မြိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၄ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ(၂၆)ရက် နံနက်(၁၀း၃၀)နာရီက ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးဌာန အစည်းအေ၀းခန်းမတွင် ကျင်းပသည်။

ဖင်လန်နိုင်ငံ သမ္မတဟောင်း ဦးဆောင်သည့်အဖွဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး



မြစ်ကြီးနား မတ် ၂၆
ဖင်လန်နိုင်ငံ သမ္မတဟောင်း Mr.Martti Atisaari ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်(၉)နာရီတွင် ကချင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းဝေးခန်းမ(၂)၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံပြီး ဖင်လန်နိုင်ငံ သမ္မတဟောင်းက ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေအားလျှပ်စစ် ရရှိရေး၊  ကျောက်စိမ်းနှင့် သတ္တုတူးဖော်ခြင်း လုပ်ငန်းများတွင် ဖွဲ့စည်းပုံအရ သယံဇာတ ခွဲဝေသုံးစွဲမှုများနှင့် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နော်ေ၀၀န်ကြီးချုပ်ဟောင်း Ms.Brundtland က ပြည်နယ် အတွင်းရှိ IDP စခန်းများတွင် မိသားစုဝင်များအား ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်ထားရှိမှုနှင့် NGO၊ INGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု အခြေအနေ များကိုလည်းကောင်း အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။

မြိတ်မြို့တွင် ပြည်သူ့ဗဟိုပြု မီဒီယာဝန်ဆောင်မှု သင်တန်း ၂/၂၀၁၄ ဖွင့်လှစ်

မြိတ် မတ် ၂၅ ရက်
ပြည်သူများကို အသိပညာပေးရေးအတွက် ပြည်သူဗဟိုပြု မီဒီယာလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍

မြိတ်မြို့ ဆိပ်ငယ်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

မြိတ် မတ် ၂၅ ရက်
ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြိတ်မြို့ဆိပ်ငယ်ဈေးတွင် မီးဘေးကြိုတင်ကာ ကွယ်ရေး စစ်ဆေးခြင်းကို မတ်လ(၂၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဈေးတွင် ခရိုင်မီးဘေးကြိုတင်ကာ ကွယ်ရေး စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

မံခွန်ကျေးရွာ စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး



မြစ်ကြီးနား မတ် ၂၅
ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ရရှိနိုင်ရန်အတွက် မတ်(၂၅)ရက် မွန်းလွဲ(၃)နာရီ အချိန်တွင် ကျေးလတ်ဒေသ ဖွံ့ဖြိးတိုးတက်ရေး ဦးစီးဌာန၏၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁၇ .၅၀) သန်းဖြင့် ဗန်းမော်မြို့နယ် မံခွန်ကျေးရွာ တွင် မဉ္ဇူသာကုမ္ပဏီမှတင်ဒါစနစ်ဖြင် တာဝန်ယူဆောင်ရွက် လျှက်ရှိသော (၄)လက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ခရိုင်ဦးစီးမှူး ဦးအေးမင်းနှင့် မြို့နယ်ဦးစီးမှူး  ဦးဝင်းမြတ်သိန်းတို့မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြောင်း သိရှိရသည်။