Saturday, December 27, 2014

ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ခံစားရသည့် အာမခံ အလုပ်သမားများအား အကျိုးခံစားခွင့်ပေးအပ်


သထုံ    ဒီဇင်ဘာ    ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လူမှုဖူလုံရေးအဖွဲ့ရုံးခွဲမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ် အရ အလုပ်ခွင်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ခံစားခဲ့ရသည့် သထုံဧရာဝတီဘဏ်ခွဲမှ 



အာမခံအလုပ်သမား နှစ်ဦးအား ငွေလုံးငွေရင်း အကျိုးခံစားခွင့်များကို ဒီဇင်ဘာလ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီခွဲက သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အခမ်း အနားတွင် လူမှုဖူလုံရေးရုံးချုပ်မှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်းက လူမှုဖူလုံရေး ဥပဒေနှင့် အကျိုးခံစားခွင့်များ ပေးအပ်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ပင်စင်ခံစားသူ ကိုရန်နိုင်လင်း(ခ) ကိုနိုင်လင်းထွန်း အား (၇)နှစ်စာ ခံစားခွင့် ငွေ ၁၅၅၂၃၂၀ ကျပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဘသိန်းက ကိုတင်ဖြိုးအောင် အတွက် (၅)နှစ်စာ အကျိုးခံစားခွင့် ငွေ ၅၀၈၂၀၀ ကျပ် တို့ကိုပေးအပ်သည်။
ယင်းနောက် ခံစားခွင့်ရရှိသူ တစ်ဦးနှင့် သထုံဧရာဝတီဘဏ်ခွဲမှ ဦးလွင်ကိုအောင် တို့က အကျိုးခံစားခွင့်များ ပေးအပ်သည့် အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။
အဆိုပါ သထုံဧရာဝတီဘဏ်ခွဲမှ အာမခံအလုပ် သမား နှစ်ဦးမှာ ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က လုပ်ငန်းခွင် တွင် လျှပ်စစ်ဝါယာရှော့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေချောင်းငယ်များ ဖြတ်တောက်ခဲ့ရကာ အမြဲတမ်း မသန်စွမ်းမှုပင်စင် ခံစားခဲ့ရသောကြောင့် ယခုကဲ့သို့ အကျိုးခံစားခွင့်များကို ပေးအပ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment