Saturday, December 27, 2014

မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာအနီး မီးလောင်မှုဖြစ်ပွား

မောင်တော ဒီဇင်ဘာ  ၂၆
ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီခွဲ က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု အနောက်ရွာနေ ဘော်ရှော၏နေအိမ် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ်လေး လုံးပါ ကူးစက်လောင်ကျွမ်းခဲ့ရာ မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်မော်တော် ယာဉ်တစ်စီးဖြင့် သွားရောက် ငြှိမ်း သတ်မှုကြောင့် ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်ခဲ့သည်။


မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး၊ ဝါးကာ၊ မြေခင်းအမျိုးအစား နေအိမ် ငါးလုံးဆုံးရှုံးခဲ့ပြီး လူသေဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ၎င်း မီးဘေးဒုက္ခသည်များကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က နီးစပ်ရာ ဆွေမျိုးများနေအိမ်၌ ခေတ္တနေရာချထား ပေးလျက်ရှိကာ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဘော်ရှောကို မောင်တောမြို့ မြို့မရဲစခန်းက ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment