Wednesday, December 24, 2014

(၆၇)နှစ်မြောက် တပ်မတော် (ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်း အနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု

နေပြည်တော်၊ ဒီဇင်ဘာ ၂၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးသည် နိုင်ငံတစ်ခုအတွက် ဦးစားပေး လုပ်ဆောင်ရမည့် အရေးကြီးဆုံး လုပ်ငန်း တာဝန်ဖြစ်ကြောင်း၊ ၂၀၁၁ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းချိန်မှစတင်၍ တပ်မတော်၏အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးအတွက်အလေးထားဆောင်ရွက်နေကြောင်း၊ မိမိနိုင်ငံ၏ ကမ်းရိုးတန်းသည် အလျားမိုင်



၁၃၀၀ ကျော်ရှည်လျားပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် သူ့ဘက်ကိုယ့်ဘက် သက်ရောက်နိုင်မှုရှိသည့် ကျွန်းပေါင်း ၃၀၀၀ ကျော်ရှိသဖြင့်ယင်းတို့အား လုံခြုံအောင် ကာကွယ် စောင့်ရှောက်ရန်မှာ လွန်စွာတာဝန်ကြီးမားကြောင်း၊ ယနေ့တပ်မတော်အတွက်၊ တပ်မတော်(ရေ) အတွက် သမိုင်းဝင်မော်ကွန်းတင်ရမည့် ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သားအား တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဖရီးဂိတ်စစ်ရေယာဉ်များသည် သီးခြားလွတ် လပ်စွာ စစ်ဆင်နိုင်စွမ်းရှိကြပြီး မိမိတို့၏ကိုယ်ပိုင် ဒီဇိုင်း ပုံစံ၊ စိတ်ကူးစိတ်သန်းဖြင့် အစ၊ အလယ်၊ အဆုံးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အစွမ်းထက် မြက်သည့် လက်နက် စနစ်များကိုပါ တပ်ဆင်ထားရှိကြောင်း၊ (၆၇) နှစ်မြောက် တပ်မတော် (ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော် ကာကွယ်ရေး စွမ်းပကား မြှင့်တင်ပေးနိုင်မည့် ကျန်စစ် သားဖရီးဂိတ် စစ်ရေယာဉ်အား တပ်တော်ဝင်နိုင်ခဲ့သည့် အတွက် သင်္ဘောတည်ဆောက်ခဲ့ကြ သည့် တပ်မတော်(ရေ)မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ၊ ယင်းစစ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ကြမည့် အရာရှိစစ်သည်များအားလုံးအတွက် ဂုဏ်ယူပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ဖရီး ဂိတ်စစ်ရေယာဉ်အား ထိုက်တန်စွာအသုံးပြုနိုင်ရန် လုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့ အင်ဂျင်နီယာပညာရှင်များကလည်း မျိုးဆက်သစ်များကိုပါ လက်ဆင့်ကမ်းလက်တွဲခေါ်၍ ယခုထက်ပိုမို စွမ်းရည်မြင့်မားသော တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသော နိုင်ငံတော်အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းဖြင့်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်း ဌာနချုပ် အမှတ်(၃) ရေတပ်ဆိပ်ခံတံတား တွင်ကျင်းပပြုလုပ်သည့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့်သန်လျင်တပ်နယ်မှ အရာရှိ၊စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ်တင်အောင်စန်းက တပ်တော်ဝင်အခမ်း အနားနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် တင်ပြသည်။
ထို့နောက် ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ် စုမှူးထံသို့ စစ်ရေယာဉ်များနှင့် ပတ်သက် သော စာရွက်စာတမ်းများ လွဲပြောင်းပေးအပ်သည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရ၀ပြုပေးအပ်သည်။
ယင်းနောက် စစ်ဦးစီး အရာရှိချုပ်(ရေ)မှ တပ်တော်ဝင် စစ်ရေယာဉ်များအဖြစ် ကြေငြာရာနိုင်ငံတော် သီချင်းတီးမှုတ်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း ရှစ်ချက်တီးခြင်း၊ နိုင်ငံတော် အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံ လွှင့်တင်ခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  စစ်ရေယာဉ် ကျန်စစ်သားပေါ်သို့ ရောက်ရှိရာ စစ်ရေယာဉ် တာဝန်ကျတပ်ဖွဲ့က ကြိုဆို အလေးပြုသည်။ 
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အလေးပြုခံစင်မြင့်ပေါ်သို့ တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ် ရန်တိုင်းအောင်မှလည်း အမြောက် ၁၉ ချက်ပစ် ဖောက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အားဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ ဦးဆောင်သော  စစ်ရေယာဉ် များက  Single Formation line ပုံပြုမောင်းနှင်၍ ချီတက်အလေးပြုကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်ဦးနှင့် ရေယာဉ်စုမှူး ဒုတိယဗိုလ်မှူးကြီး ဇော်လတ်တို့အား ဂုဏ်ပြုမှတ်တမ်း လွှာ၊ ဂုဏ်ပြုချီးမြင့်ငွေနှင့် လက်ဆောင် ပစ္စည်းများပေးအပ်သည်။
၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ) က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြုထားသော ပထမဆုံးကျည်ဆံအား  အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရ၀ပြုပေးအပ်သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များအား လှည့်လည်ကြည့်ရှုကြရာ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် စစ်ရေယာဉ်မှူးတို့က လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်စစ်ရေယာဉ်တည်ဆောက်စဉ် ပါဝင်ခဲ့ သည့်အငြိမ်းအစား အရာရှိ၊ စစ်သည် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်အတွင်း (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် ပြခန်းများနှင့် အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင် များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယနေ့ကျရောက်သော (၆၇) နှစ်မြောက်တပ်မတော် (ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်း ဌာနချုပ်၌အရုဏ်ဆွမ်းကပ်ခြင်းနှင့် စစ်ရေးပြ အခမ်းအနားများပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment