Wednesday, December 24, 2014

သဘောတူညီရန် ကျန်ရှိနေသေးသည့်အချက်များ ဆွေးနွေးညှိနှိုင်း နှစ်ဖက်လုံးက လက်ခံနိုင်မည့် အချက်များ အဆိုပြုခဲ့ကြ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတ(Union Peace Making Work Committee) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(Nationwide Ceasefire Coordination Team) တို့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုအပြီး ဒီဇင်ဘာ ၂၃ ရက် ညနေ ၃ နာရီတွင် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန် ခဲ့သည်။ ယင်းကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်
ရန်ကုန်မြို့
၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (Union Peace Making Work Committee) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordi- nation Team) တို့အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူချက်(Nationwide Ceasefire Agreement) မူကြမ်းအပေါ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ မှ ၂၃ နေ့အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ နှစ်ဖက်ကိုယ်စားလှယ်များသည် ယခင်ဆွေးနွေးပွဲများတွင် သဘောတူညီရန် ကျန်ရှိနေသေးသည့် အချက်များကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်လုံးကလက်ခံနိုင်မည့် အချက်များကိုအဆိုပြု ခဲ့ကြပါသည်။ ဤဆွေးနွေးပွဲမှ ညှိနှိုင်းရရှိထားသောအချက်များကို သက်ဆိုင်ရာခေါင်းဆောင်များထံသို့ ပြန်လည် တင်ပြပြီး အတည်ပြုချက်များ ရယူကြမည်ဖြစ်ပါသည်။

No comments:

Post a Comment