မန္တလေး ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ မြရည်နန္ဒာတန်ဖိုး နည်း အိမ်ရာများ ကို ချထားပေးခဲ့ရာ ဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများကို လူကိုယ်တိုင်မဲစနစ်ဖြင့် သတ်မှတ်ရောင်း ချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၈လမ်းနှင့် ယုဇနလမ်းထောင့်ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှင်း လင်းဆောင်၌ ကျင်းပသည်။
အဆိုပါ တိုက်ခန်းများတွင် ရှစ် ခန်းတွဲလေးထပ် ၂၇ လုံး၊ လေးခန်းတွဲ လေးထပ် အလုံး ၃ဝ ပါရှိပြီး အခန်း ပေါင်း ၁၃၄၄ ခန်းပါဝင်သည်။
ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူ ခွင့်ရရှိ၍ လျှောက်ထားသူဦးရေ ၁ဝ၅၇ ဦးအနက် ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ မြေကွက် ရောင်းမှား၊ ဝယ်မှားဖြစ်သူ ၁၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ်တွင် ရောင်းမှား၊ ဝယ်မှားဖြစ်သူ ၂၂၃ ဦးနှင့် မြို့ကွက်သစ်အကွက်ရိုက် မြေကွက်များ တွင် နေရာချထားမှု များထပ်နေ၍ အစားထိုးပေးမည့်သူ နှစ်ဦး၊ စုစုပေါင်း ၃၇၇ ဦးတို့အား ဦးစားပေးအနေဖြင့် စိစစ်ရွေးချယ် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိရေးအတွက် ပင်စင်စား ၁၂၈၅ ဦး၊ တိုက်ပွဲကျ/မုဆိုးမ ၁၆ ဦး၊ မသန်စွမ်းလေးဦး၊ အောက်ခြေ ဝန်ထမ်း ၇၂ဝ၉ ဦးနှင့် သာမန်ပြည်သူ ၆၆၅ ဦး စုစုပေါင်း ၉၁၇၉ ဦး လျှောက်ထားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment