Wednesday, December 24, 2014

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေး ကော်မတီ ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၄
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စိစစ်ရွေးချယ် ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက် အမှာစကားပြောကြားသည်။





အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကယခု ဆွေးနွေးနေသည့် အစီအစဉ်အရ ကျင်းပမည့် အခမ်းအနား သည် တတိယအကြိမ်မြောက် ဆက်လက်ကျင်းပပြုလုပ်မည့် အခမ်းအနားပင်ဖြစ်ပါကြောင်း၊ အဆိုပါ အခမ်း အနားကို ၂၀၁၅ ခုနှစ် မေလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊  ဖွဲ့စည်းမှုအနေဖြင့် ယခင်နှစ်က ဖွဲ့စည်းထား ပြီးသည့် ကော်မတီများ အတိုင်းဖြစ်ပြီး ယခုနှစ်များတွင်  သက်ဆိုင်ရာကော်မတီ များအလိုက် လိုအပ်သည်များ ကို ပြင်ဆင် ပြောင်းလဲ လုပ်ကိုင်ဆောင် ရွက် သွားရမည် ဖြစ်ပါကြောင်း။
 ယခုနှစ်တွင် တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မည့် အခမ်းအနားတွင် ထူးခြားမှုများ ရှိနေပါကြောင်း၊ ယင်းမှာ မြို့ပြ/ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့်  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ များတွင်  ဆုများကို ယခင်နှစ်များက ဆု(၇) မျိုး လျာထားသတ်မှတ် ချီးမြှင့်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်   ဆုအမျိုးအစား နှစ်ဆုကို ပိုမိုတိုးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊  ယင်းတို့မှာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့၏ အကောင်းဆုံးစွမ်းဆောင်ဆုနှင့် မြို့နယ်စည်ပင် သာယာရေး ကော် မတီ အကောင်းဆုံး စွမ်းဆောင်ဆု နှစ်ဆုပင် ဖြစ်ပါကြောင်း၊ ထို့အတွက် စုစုပေါင်း ဆုအမျိုးအစား (၉) မျိုးကို ပေးအပ်ချီးမြှင့်သွားရန် လျာထား သတ်မှတ် ထားပါ ကြောင်း။
သက်ဆိုင်သည့် လုပ်ငန်းကော်မတီများအနေဖြင့် အကဲဖြတ်အမှတ်ပေး စည်းမျဉ်း နှင့် ဇယားကိုမိမိတို့ လုပ်ငန်းကော်မတီ အတွင်းတွင် ဦးစွာညှိနှိုင်းရေးဆွဲပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် များနှင့် ညှိနှိုင်းဆွေးနွေးပြီး အကဲဖြတ်အမှတ်ပေး စည်းမျဉ်းများကို ရေးဆွဲသွားကြရမည် ဖြစ်ပါကြောင်း၊ လူမှုရေးဆိုင်ရာအတွက် ပေးအပ်ချီးမြှင့်မည့် ဆုအမျိုးအစား(၄) မျိုး ရှိပါ ကြောင်း၊ (၄)မျိုးဖြစ်သော်လည်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်း ဆုံး ဆောင်ရွက် မှုများကို ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ အကောင်းဆုံးဆုများ ပေးအပ်နိုင်စေရန် ပညာရေးနှင့် ကျန်းမာရေးတို့တွင် တစ်ဦး တစ်ယောက်ချင်း စွမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များလည်း ရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် နှစ်တွင်လည်း လူမှုရေးနှင့် ပတ်သက်၍ ရွေးချယ်ရခက်သည့် အခက်အခဲလေးများ ရှိခဲ့ပါကြောင်း၊ ဆုအမျိုးအစား နှစ်မျိုးပေါ်တွင် သက်ဆိုင်ရာ လုပ်ငန်းကော် မတီ အနေဖြင့် ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး  အကဲဖြတ် အမှတ်ပေး စည်းမျဉ်းများကို ရေးဆွဲတင်ပြ သွားရန် ဖြစ်ပါကြောင်း။
စီးပွားရေးဆိုင်ရာ ဆုချီြးှမှင့်မှုများတွင်လည်း ယခင်နှစ်ကအတိုင်း ဆက်လက် ပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ တီထွင်မှုဆုတွင်လည်း စာတမ်းသက်သက်မျိုး မဟုတ်စေရဘဲ လက်တွေ့ ကျကျ လုပ်ငန်းခွင်တွင် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ပြီး ပြည်သူလူထုအတွက် အကျိုးပြုမည့် ပညာရပ်ဆိုင်ရာ တီထွင်မှု ဖြစ်သင့်သည်ဟူသည်ကို အကဲဖြတ်အမှတ်ပေးဇယားတွင် ညှိနှိုင်းဆွေးနွေး ရေးဆွဲ သွားကြရမည် ဖြစ်ပါကြောင်း။
ယမန်နှစ်များက ပထမဆု ရရှိခဲ့ဖူးသည့် သူများကို  နောက်တစ်နှစ်တွင် ထပ်မံချီးမြှင့်မည် မဟုတ်သော်လည်း ၎င်းအနေဖြင့် ယမန်နှစ်က စံချိန်ကို ချိုးအောင် စွမ်းဆောင်နိုင်မည်ဆိုပါက အထူးဂုဏ်ထူးဆောင် ဆုများ ကိုလည်း ထည့်သွင်း ဂုဏ်ပြု ပေးသွားမည် အစီအစဉ်များ  ဖြစ်ပါကြောင်း၊ အကဲဖြတ် အမှတ်ပေးစည်းမျဉ်းအရ စနစ် တကျ ရွေးချယ်ချီးမြှင့် ပေးသွားရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်များကအတိုင်း ဘက်စုံ ထူးချွန် ကျောင်းသားလူငယ်၊ ကင်းထောက် လူငယ်များကို ဖိတ်ခေါ်ကာ ယခင်နှစ်များ အတိုင်း အတွေ့အကြုံများ ဖလှယ်ခြင်း၊ ဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ကျင်းပမည့် အခမ်း အနားတွင် သတင်းထုတ်ပြန်နိုင်ရေး အတွက်လည်း  အချိန်ဇယားများ ရေးဆွဲ၍ စနစ်တကျ ဆောင် ရွက်သွားရန် လိုအပ် ပါကြောင်း၊ ဆုတံဆိပ်များပြုလုပ်မည့် ကော်မတီအနေဖြင့် ပေးအပ်ချီးမြှင့်မည့် ဆုတံဆိပ်နှင့် မှတ်တမ်းများကို စနစ်တကျ လုပ်ဆောင်ထားကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြို့ပြ/ ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်/မွေး ဆိုင်ရာဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆုချီးမြှင့်ပေးအပ် သွားနိုင်ရေး ဆိုင်ရာ များနှင့် စပ်လျဉ်း၍ အစီအမံများ၊ လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက လိုအပ်ချက်များ အပေါ် ပြန်လည် ရှင်း လင်း ဆွေးနွေးသည်။
ထို့နောက် လူမှုရေးဆိုင်ရာဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ၀န်ကြီး  ဒေါ်စုစုလှိုင်က လုပ်ငန်း ဆိုင်ရာများအပေါ် ရှင်းလင်းတင်ပြပြီး  ဆုချီးမြှင့်ရေးနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေးကော်မတီဥက္ကဋ္ဌ  ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းလင်း တင်ပြရာ ဆုချီးမြှင့်ရေးနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး များနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က လိုအပ်သည်များအပေါ် ရှင်းလင်းဆွေးနွေး ကြပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  ပြန်လည်ဆွေးနွေး တင်ပြကြသည်။  
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတအနေဖြင့် ထူးချွန်သူများကို နိုင်ငံ့စွမ်း ဆောင်ရည်ဆုချီးမြှင့် အသိအမှတ်ပြုခြင်းသည် ထူးချွန်သူများ ပိုပိုပေါ်ထွက်လာစေရန်ဖြစ်ပါကြောင်း၊ တစ်နိုင် လုံး၏ ထူးချွန်သူကိုသာ ရွေးချယ် ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ရွေးချယ်ရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် ရွေးချယ် သွားကြရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် နေ့ရက်တွင်  အကောင်းဆုံး ပြကွက်များ ပြသနိုင်ရေးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆက်သွယ် ဆောင်ရွက် သွားမည့် ကိစ္စရပ်များအပေါ်  ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆုတံဆိပ်များ ပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လေယာဉ်ငယ် ဖြင့် ကွင်းဆင်းစစ်ဆေးနိုင်ရေး စီမံဆောင် ရွက်ပေးမည့် အစီအစဉ်များအပေါ် ရှင်းလင်း တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြ သူများက အထွေထွေကိစ္စရပ်များ အပေါ် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို မှာကြားကာ  နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

No comments:

Post a Comment