Tuesday, December 30, 2014

ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာချင်းဆက် လမ်းနှင့် တံတား အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိ

မြိတ်ဒီဇင်ဘာ၂၉ရက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် တောင်ပုလဲ-ရှမ်းတောင်-မင်းသန်း ကျေးရွာချင်းဆက်လမ်းနှင့် လမ်းပေါ်ရှိ ကွန်ဂရစ်တံတားကို
အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်နေမှုအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်နိုင်ထွန်းနှင့် မြို့နယ်ဦးစီးမှူးဦးအေးနိုင်နှင့် ကျေးရွာအထောက်အကူပြု ကော်မတီဝင်များက ဒီဇင်ဘာလ (၂၈)ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါတောင်ပုလဲ - ရှမ်းတောင် - မင်းသန်းကျေးရွာချင်းဆက်လမ်းသည် ()မိုင်()ဖာလုံရှည်လျားပြီး ကျောက်ချောလမ်းမှ ကတ္တရာ လမ်းအဖြစ်ရိုးအားမာန် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည်။

၎င်းလမ်းသည် မြိတ်မြို့မှကျွန်းစုမြို့နယ်မောင်းလှော်ကျေးရွာသို့ ဆက်သွယ်သွားရောက်ရာတွင် ကုန်းလမ်းရေလမ်း ခရီးအနီးဆုံးနှင့် အဓိကကျသည့် အချိန်တိုအတွင်း သွားလာရသော လမ်းဖြစ်သောကြောင့် ကျေးရွာပြည်သူများ ဆက်သွယ်သွားလာရေးတွင် အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment