Wednesday, December 31, 2014

နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော်အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက်များ မီဒီယာများမှ ထုတ်လွှင့်မည်



နေပြည်တော်  ဒီဇင်ဘာ  ၃၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံ တင်ပြချက်အား မြန်မာ့အသံ၊ မန္တလေး FM ၊ ပဉ္စပတီ FM ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင်အသံ လွှင့်ဌာနတို့မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၁) ရက်နှင့် (၂) ရက်နေ့တို့တွင် မနက် (၇) နာရီ၊ နေ့လည် (၁၁) နာရီ၊ ညနေ (၆) နာရီနှင့် ည (၈) နာရီတို့တွင် တစ်ရက်လျှင် (၄) ကြိမ်စီ နှင့် မြန်မာ့ရုပ်မြင်သံကြားမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁) ရက် ည (၈) နာရီ
သတင်းအပြီးတွင် ထုတ်လွှင့် သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံတော်အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံတင်ပြချက် အပြည့်အစုံကို ဇန်နဝါရီ (၁) ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်သည်။

No comments:

Post a Comment