Wednesday, December 31, 2014

မြန်မာ့စာတိုက်လုပ်ငန်း ၀န်ဆောင်မှုအသစ် အဖြစ် ၂၀၁၅ ခုနှစ်တွင် အစားအစာများကို မှာယူ စားသုံးနိုင်တော့မည်

နေပြည်တော် ဒီဇင်ဘာ ၃ဝ

မြန်မာ့စာတိုက်လုပ်ငန်း၏ Hometown Product Delivery ဝန်ဆောင်မှု လုပ်ငန်းသစ် (Value Added Service) တစ်ရပ်အနေဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လူကြိုက်များသော အစားအစာများ ဖြစ်သည့် ပဲပုပ်၊ ခေါပုပ်၊ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ ဆီတို့ဟူး စသည်တို့ကိုလည်းကောင်း၊ ရန်ကုန်မြို့မှ လူကြိုက်များသော အစားအစာများ ဖြစ်သည့် ဂျေဒိုးနတ်၊ ပုစွန်ခြောက်၊ ငါးနီ တူးခြောက်၊ အာပြဲခြောက်၊ မုန့်ဟင်းခါးခြောက် စသည်တို့ကို လည်းကောင်း၊ ရန်ကုန်စာတိုက်ကြီး၏ ဖုန်း- ဝ၁-၃၈ဝ၂၅၇ နှင့် တောင်ကြီး စာတိုက်ကြီး၏ ဖုန်း-ဝ၈၁-၂၁၂၁၅ဝ၆ တို့သို့ ဆက်သွယ် မှာယူပါက လူကြီးမင်းတို့ အိမ်ဂေဟာသို့ ယနေ့ပို့ မနက်ဖြန်အရောက် ပို့ဆောင်ပေးမည့် အမြန်ချောပို့စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းသစ် တစ်ရပ်ကို ၁-၁-၂ဝ၁၅ (ကြာသပတေးနေ့) မှစတင်၍ နှစ်သစ်ကူး ဝန်ဆောင်မှု အသစ်တစ်ရပ် အနေဖြင့် မြန်မာ့စာတိုက် လုပ်ငန်းမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment