Thursday, December 25, 2014

ဒေါ်လာသန်း ၁၀၀ ခန့်ကုန်ကျခံပြင်ဆင်မည့် ရန်ကုန်မြို့မှ အတွင်းဝန်ရုံး (၀န်ကြီးရုံးများ)

ဘာသာပြန်-ကျော်သဲအိမ်
ဒီဇင်ဘာ ၁၅ ရက်ထုတ် ပြင်သစ်နိုင်ငံ သတင်းစာတစ်စောင် ဖြစ်သည့် International New York Times (France) က မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အအုံ များစွာ ရှိသည့် အနက် အတွင်းဝန်ရုံး (ဝန်ကြီးများရုံး)မှာ ထင်ရှားသည့် သမိုင်းဝင် အဆောက်အအုံ တစ်ခုဖြစ်ကြောင်း၊ ကိုလိုနီခေတ်က ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်
 

ခဲ့သော်လည်း ၂ဝဝ၅ခုနှစ် နေပြည်တော် သို့ အစိုးရပြောင်းရွှေ့ သွားချိန်တွင် မြန်မာနိုင်ငံ၏မြို့တော် မှာ နေပြည် တော် အဖြစ်ထင်ရှားခဲ့ကြောင်း၊ ယင်းနောက်ပိုင်းအစိုးရ၏ အသည်း နှလုံးအဖြစ် တည်ရှိခဲ့သော အတွင်း ဝန်ရုံး(ဝန်ကြီးများရုံး)မှာ ရန်ကုန်မြို့ တွင် ထီးတည်းကျန်ရစ်ခဲ့ပြီး ပြင်ဆင်မွမ်းမံမှုများ လိုအပ်နေကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူဦးသန့် မြင့်ဦး၏ ပြောကြားချက်အရ ယင်း အဆောက်အအုံ၏ ပြင်ဆင်မွမ်းမံ စရိတ်မှာ ဒေါ်လာသန်း ၁ဝဝ ခန့်ကုန်ကျမည်ဟု သိရကြောင်း၊ အာဆီယံထိပ်သီးအစည်း အဝေးဖြင့် မြန်မာနိုင်ငံ သို့ ရောက်ရှိ လာသော အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံစဉ် ဦးသန့်မြင့်ဦးက ရန်ကုန်မြို့နှင့် ပတ်သက်သည့် အဆင့်မြှင့် တင်ရေးနှင့် ထိန်းသိမ်းရေး အစီအစဉ်များ ဆွေး နွေးခဲ့ကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှုကြောင့် ရန်ကုန်မြို့ရှိ ကားအရေအတွက် အဆမတန် များပြားလာသဖြင့် ယာဉ်ကြောပိတ်ဆို့ မှု ဖြစ်ပွားလာသည်မှာ စိတ်ပျက်စရာ ဖြစ်ကြောင်း၊ ဦးသန့်မြင့်ဦး အကြီး အကဲ အဖြစ်ဆောင် ရွက်သော ရန်ကုန် အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့(Yangon Heritage Trust) အနေ ဖြင့် ယာဉ်ကြော ပိတ်ဆို့မှုရှင်းလင်းရေး နှင့် သန့်ရှင်းရေး အပါအဝင် ရန်ကုန် မြို့ အဆင့်မြှင့်တင်ရေးလုပ်ငန်းကို ၂ဝ၁၅ ခုနှစ်အကုန်၌ စတင်ရန် မျှော်မှန်းထားသည်ဟု သိရကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။

No comments:

Post a Comment