Saturday, December 27, 2014

ဝန်ထမ်းနှင့် ပြည်သူများအတွက် အိမ်ရာများရောင်းချပေးမည်

တောင်ကြီး ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် အေးသာယာမြို့ ဂေါက်ကွင်းအရှေ့ဘက် ရှိမြေ ၄၂ ဒသမ ၁၈၈ ဧကပေါ်၌ ပြည်သူ့အိမ်ရာစီမံကိန်းအဖြစ် လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၂၃ လုံး၊ အခန်းအရေအတွက် ၂၄၆၀ ကိုမင်းကျန်စစ်ကုမ္ပဏီက တည်ဆောက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်း၊ အငြိမ်းစားများအား အရစ်ကျ ငွေ ချေစနစ်၊ အခန်းပိုင်စနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး တိုက်ခန်း ဝယ်ယူခွင့်
လျှောက်လွှာများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရုံးတွင် ဝယ်ယူနိုင်ကြောင်းနှင့် စီမံကိန်း၏ လမ်း၊ ရေ၊ မီး ကုန်ကျစရိတ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သန်း ၂၆၀၀၀၀ အကုန်အကျခံပြီး အဆောက်အအုံ တည်ဆောက်မှု ကုန်ကျစရိတ်ကို ကုမ္ပဏီဘက်က ၁၀၀ ရာခိုင်နှုန်း ထည့်ဝင်တည်ဆောက် စေခြင်းဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီ က တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာ (MOA) လက်မှတ်ရေး ထိုးပွဲတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းဇော်ခမ်းက ပြောကြားခဲ့သည်။ အဆိုပါ အိမ်ရာတည်ဆောက်ပြီးပါက အိမ်ထောင်စုပေါင်း ၂၄၀၀ ကျော်အား နေရာချထားပေးနိုင်မည်ဖြစ်ပြီး အိမ်ရာအတွင်း ပေ ၄၀၊ ပေ ၃၀ ကွန်ကရစ်လမ်း၊ လျှပ်စစ်မီးတိုင်များ၊ ရေဆိုးထုတ်စနစ်၊ မြို့တော်ခန်းမ၊ ဓမ္မာရုံ၊ ဈေး၊ ဘဏ် စသည်ဖြင့် ဘာသာရေး၊ လူမှုရေးအဆောက်အအုံများလည်း ထည့်သွင်းတည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် စုစုပေါင်းစီမံကိန်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၆၅၀၀၀ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment