Wednesday, December 24, 2014

ဒုတိယအကြိမ် ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးကျင်းပရေး ပထမအကြိမ် အကြိုညှိနှိုင်း စည်းဝေး

နေပြည်တော် ဒီဇင်ဘာ ၂၃
ဒုတိယအကြိမ် ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (2nd Special SOMRI) ကျင်းပရေး ပထမ အကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက အမှာ စကားပြောကြားရာတွင် (၁၂)ကြိမ် မြောက် အာဆီယံပြန်ကြားရေးဝန်ကြီး များအစည်းအဝေးနှင့်


ဆက်စပ် အစည်းအဝေးများကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၉ ရက်မှ ၁၃ ရက်အထိ လက်ခံ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ညှိနှိုင်းသဘောတူညီ ချက်အရ Special SOMRI အစည်း အဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိ Ngwe Saung Yatch Club and Marina Hotel တွင် ၂ဝ၁၅ ခုနှစ် မတ်လ ၂၅ ရက်မှ ၂၆ရက်အထိ လက်ခံကျင်းပသွားရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယအကြိမ် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့် မြင့်အရာရှိကြီးများ အထူးအစည်း အဝေးကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အစည်းအဝေးကျင်းပ ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များက အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment