Monday, December 29, 2014

မြန်မာ့ရုပ်မြင်သံကြား၏ သတင်းနှင့် ဖျော်ဖြေရေးကဏ္ဍ ရုပ်သံလိုင်း၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင် ထုတ်လွှင့်တော့မည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၉
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေနဲ့ Analogue စနစ်ဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်အောင် ထုတ်လွှင့် ပေးလျှက် ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ (၁၅)ရက်နေ့မှာ DVB T2 လို့ခေါ်တဲ့ Digital စနစ်ကို စတင် ပြောင်းလဲပြီး Analogue စနစ်ရော၊ Digital စနစ်ပါ ပူးတွဲထုတ်လွှင့်လျှက် ရှိပါတယ်။

အခုလက်ရှိ ထုတ်လွှင့်မှုမှာတော့ မြန်မာ့ရုပ်မြင်သံကြား ပင်မအစီအစဉ်ကြီး သာမကဘဲ Myanmar International ၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊ လွှတ်တော် ရုပ်သံလိုင်း၊ တောင်သူလယ်သမား ရုပ်သံ လိုင်းနှင့် စာဖတ်သူုတို့ ရုပ်သံလိုင်းတွေကို DVB T2 Set Top Box နဲ့ ဖမ်းယူကြည့် ရူနိုင်အောင် ဆောင်ရွက် ပေးထားပြီး ဖြစ်ပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ လက်ရှိထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများအပြင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ပြီး MRTV News Channel, MRTV Entertainment Channel ဆိုပြီး Channel (၂) ခုကို ထပ်မံ တိုးချဲ့ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ MRTV News Channel မှာတော့ နေ့စဉ်ဖြစ်ပျက်နေတဲ့သတင်း အကြောင်းအရာများနဲ့ အပတ်စဉ်သတင်းနဲ့ ဆက်စပ်တဲ့ အစီအစဉ်များ၊ ပြည်သူ့အတွက် အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာ ကဏ္ဍများ၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် တည်ဆောက်ပြုပြင်ရေး အစရှိတဲ့ ကဏ္ဍ တွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
MRTV Entertainment Channel မှာတော့ ကလေး၊ လူငယ်၊ လူကြီးများအကြိုက် ဖျော်ဖြေရေး အစီအစဉ်များ၊ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်လမ်းတွဲများ၊ ပညာပေးအစီအစဉ်များကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်လွှင့် ရာမှာ ရွှေသံလွင်မီဒီယာနှင့် ပူးပေါင်းပြီး ပရီးမီးယားလိဂ် ဘောလုံးပွဲများကို တပတ်လျှင် (၂)ပွဲနှုန်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချိန်ပီယံလိဂ် ဘောလုံးပွဲနှင့် စပိန် Laliga ဘောလုံးပွဲ စဉ်များ ကိုလည်း ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
Digital စနစ် DVB-T2 ဖြင့် ထုတ်လွှင့်ခြင်းကို ပထမအဆင့်အဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၅)ရက် နေ့မှစပြီး ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်း၊ တပ်ကုန်းမြို့များတွင် ထုတ်လွှင့်ခဲ့ပြီး တစ်နိုင်ငံလုံး လူဦးရေ၏ (၂၀.၀၈) ရာခိုင်နှုန်း ဖမ်းယူရရှိနိုင်ပါသည်။ ဒုတိယအဆင့်အဖြစ် စက်ရုံ(၂၂)ရုံ တိုးချဲ့ ထုတ်လွှင့်ခဲ့ ပါသည်။ ၄င်းတို့မှာ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ့၊ ဖလမ်း၊ ကနေဒီ (ကလေး)၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လာရှိုး၊ ထားဝယ်၊ ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပါး၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ပုသိမ်၊ မုံရွာတို့ ဖြစ်ပြီး အဆိုပါ စက်ရုံများမှ ထုတ်လွှင့်မှု မှာ တစ်နိုင်ငံလုံးလူဦးရေ၏ (၄၆.၁၅) ရာခိုင်နှုန်းကို Cover ဖြစ်ပြီး ဖမ်းယူရရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ယခုအခါ အဆိုပါစက်ရုံများမှ ထုတ်လွှင့်မှုသည် တစ်နိုင်ငံလုံး လူဦးရေ၏ (၆၆.၂၃) ရာခိုင်နှုန်း ဖမ်းယူရရှိနိုင်ပြီး ဖြစ်သည်။
တတိယအဆင့်အဖြစ် ယခုနှစ်အတွင်း စက်ရုံ(၆၉)ရုံကို Digital စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ (၆၉)ရုံ ပြီးစီးပါက တစ်နိုင်ငံလုံး လူဦးရေ၏ (၂၃.၁၇)ရာခိုင်နှုန်းမှ ထပ်မံဖမ်းယူ ရရှိကြမည်ဖြစ်ပါသည်။ ယခုအခါ အဆိုပါ (၆၉)ရုံ တွင် ပါဝင်သော ဘီးလင်း၊ လပွတ္တာ၊ ထားဝယ်၊ မင်းလှ၊ ပေါက်၊ အမ်း၊ ဂွ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ တာမိုးညဲ စက်ရုံ (၁၀)ရုံမှာ စမ်းသပ် ထုတ်ုလွှင့်လျှက် ရှိပါသည်။

မိဘပြည်သူများ အနေနဲ့ MRTV News Channel ကိုတော့ လက်ရှိ Analogue စနစ်ဖြင့် ပြောင်းလဲမှု မရှိဘဲ ဖမ်းယူကြည့်ရူနိုင်မှာ ဖြစ်ပါတယ်။ MRTV Entertainment Channel ကိုတော့ DVB T2 စနစ်ဖြင့် ဖမ်းယူကြည့် ရူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် MRTV မှာ ရောင်းချနေတဲ့ DVB T2 Set Top Box များ၊ DVB T2 Tuner ပါတဲ့ TV များနဲ့လည်း တိုက်ရိုက် ဖမ်းယူကြည့်ရူနိုင် ပါကြောင်း လေးစားစွာ အသိပေးတင်ပြအပ်ပါတယ်။

No comments:

Post a Comment