Thursday, December 25, 2014

နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မိသားစုတို့အား ခရစ်တော်မွေးနေ့အကြို လာရောက်မေတ္တာပို့ဆုတောင်းကောင်းချီးပေး


နေပြည်တော် ဒီဇင်ဘာ ၂၄
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် မိသားစုတို့အား ခရစ်တော်မွေးနေ့အကြိုအဖြစ် မြန်မာ နိုင်ငံ ခရစ်ယာန်ကောင်စီမှ အမှုဆောင်အတွင်းရေးမှူးနှင့် တိုင်းရင်းသားလူငယ်များပါဝင်သော ငြိမ်းချမ်းရေး အတွက် ခရစ်ယာန် လူငယ် များ ဓမ္မတေးအဖွဲ့က ယနေ့ညနေ ၆ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ လာရောက် ကောင်းချီးပေး ဆုတောင်းကြသည်။

ဆုတောင်းပွဲတွင် ဦးဖေဇင်အောင်နှင့် ဦးလင်းထက်တို့ ဦးဆောင်သော တိုင်းရင်းသား လူငယ်များပါဝင်သော ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်လူငယ်များ ဓမ္မတေး အဖွဲ့က ဓမ္မတေးသီချင်းများသီဆို၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်သမ္မတ တို့အတွက် မေတ္တာပို့ဆုတောင်းကောင်းချီးပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ အမှုဆောင်အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးစောဒိုးဒိုဝါးက နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မိသားစုတို့ အတွက် မေတ္တာပို့ဆုတောင်း ကောင်းချီးပေးကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မိသားစုတို့ အား ဓမ္မတေးအဖွဲ့မှ ကလေးငယ်တစ်ဦးက ခရစ္စမတ် လက်ဆောင် ပစ္စည်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မိသားစုတို့က ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်လူငယ်များ ဓမ္မတေးအဖွဲ့အား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။


No comments:

Post a Comment