Wednesday, December 24, 2014

တပ်မတော်(ရေ)၏ လေ့ကျင့်ရေးဗဟိုဌာနကြီးဖြစ်၍ တပ်မတော်(ရေ)အတွက် အရည်အချင်းပြည့်ဝသည့် အရာရှိ၊စစ်သည် များလေ့ကျင့်မွေးထုတ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄
တပ်မတော် လေ့ကျင့်ရေးတွင် အခြေခံလေ့ကျင့်ရေးနှင့် ပညာရပ်ဆိုင်ရာလေ့ကျင့်ရေး ဟူ၍ရှိကြောင်း၊ အရာရှိ၊စစ်သည်များစွာကို သင်ကြားပို့ချနေသည့် တပ်မတော်(ရေ)၏ လေ့ကျင့်ရေး ဗဟိုဌာနကြီးဖြစ်၍ တပ်မတော် (ရေ)အတွက် အရည်အချင်းပြည့်ဝသည့် အရာရှိ၊စစ်သည် များလေ့ကျင့်မွေးထုတ်ပေးရမှာ ဖြစ်ကြောင်း၊ တပ်မတော်လေ့ကျင့်ရေး ကျောင်းများ၏ အဆင့်အတန်း


 သည် နိုင်ငံတကာ အဆင့်မီ ဖြစ်ရန် လိုသကဲ့သို့ သက်ဆိုင်ရာ ဘာသာရပ်များ ကိုလည်း နိုင်ငံတကာ အဆင့်မီစွာသင်ကြား ပို့ချနိုင်ရန် သင်ကြား ပေးသည့် ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင်ထိရောက်စွာ အသုံးချနိုင်ရန် လိုကြောင်း၊ သင်တန်း သားများအား ကျွမ်းကျင်စွာလေ့ကျင့်ပေးနိုင်ရန် သင်ထောက်ကူပစ္စည်းများပြည့်စုံစွာရှိရန် လိုအပ်သကဲ့သို့ အရည်အချင်း ပြည့်ဝ သည့် နည်းပြ ကောင်းများရှိရန်လည်း လိုကြောင်း၊ လက်ရုံးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လိုအပ်ပါကစစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်ရမည် ဖြစ်သကဲ့သို့ရေတပ်ဖွဲ့ဝင်များ အားလုံးသည်လည်း သင်္ဘော ပေါ်တွင် ပင်လယ်ပြင် တာဝန်ကို အချိန်မရွေး ထမ်းဆောင်နိုင်ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ ကျင့်ရေး ကျောင်းအစည်းအဝေး ခန်းမ၌ လေ့ကျင့်ရေး ကျောင်းမှ အရာရှိကြီးများအား အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အဖွဲ့ဝင်များလိုက်ပါ၍ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးကျောင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာအစည်းအဝေး ခန်းမတွင် ဌာနချုပ်မှူးမှ လေ့ကျင့်သင်ကြားရေးပိုင်းဆိုင်ရာ များနှင့် တပ်တည် ဆောက်ရေး လုပ်ငန်းများ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် Shiphandling Simulator သို့ရောက်ရှိပြီး Bridge Room နှင့် Engine Room တို့တွင် သက်ဆိုင်ရာ နည်းပြများ၏လက်တွေ့သရုပ်ပြ သင်ကြားမှုများ၊  Planetarium နက္ခတာရာ ပြခန်းတွင် သက်ဆိုင်ရာ နည်းပြမှ လက်တွေ့ သရုပ်ပြ ရှင်းလင်း တင်ပြမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment