Sunday, November 30, 2014

ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှုစွမ်းရည်ပြပွဲ Ford Driving Skills for Life ကျင်းပ


ရန်ကုန် နိုဝင်ဘာ ၂၉
ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှု စွမ်းရည်ပြပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ ပြိုင်ကားမောင်းကွင်းတွင် Ford Driving Skills for Life အနေဖြင့် Ford ကားကုမ္ပဏီမှ ဦးစီးကျင်းပကာ အာရှပစိဖိတ် ဒေသအတွင်း ၉ နိုင်ငံမြောက်ပွဲအဖြစ် နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိကျင်းပခဲ့သည်။

အဆိုပါ ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှု စွမ်းရည်ပြပွဲတွင် ရန်ကုန်မြို့ တွင်းမောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ် လိုင်းများမှ ယာဉ်မောင်းများအား သဘာဝ ပတ်ဝန်းကျင်နှင့် လျော်ညီစွာ ဘေးကင်းလုံခြုံစေရန် ယာဉ်မောင်းများ အား ယာဉ်နှင့်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် ယာဉ်မောင်းများ၏ ယာဉ်မောင်းစဉ်အတွင်း ပြုမူဆောင်ရွက် ရမည်များ ဆောင်ရန်၊ ရှောင်ရန်ဗဟုသုတများကို မော်တော်ယာဉ်များ၊ မီဒီယာများမှတက်ရောက်သူများအား လူမှုအကျိုးပြု အစီအစဉ် အနေဖြင့် ဟောပြောပို့ချပေးခဲ့ပြီး လက်တွေ့သရုပ်ပြမောင်းနှင် စေသည်။
ယာဉ်မောင်းများအနေဖြင့် အန္တရာယ်ကင်းဝေးစွာဖြင့် စွမ်းအင်ချွေတာရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီစွာ မောင်းနှင် နိုင်ရေးအနေဖြင့် ယာဉ်မောင်း များအားပညာပေးကာ ၎င်းကုမ္ပဏီ၏ ၂ဝ၁၄ ခုနှစ် ထုတ်မော်တော်ယာဉ် အသစ်များဖြစ်သည့် Ford Tarus ၊ Ford EcoSpot ၊ Ford Explore ၊ Ford Focus ကားများဖြင့် သရုပ်ပြမောင်းနှင် စေခဲ့သည်။
ပါရမီယာဉ်လိုင်းမှ ပါဝင်မောင်းနှင် လေ့လာသူတစ်ဦးက မိမိတို့အတွက် စည်းကမ်းကောင်း ဗဟုသုတကောင်းများ ရရှိသဖြင့် ဝမ်းသာ မိပါကြောင်းပြောသည်။ မော်တော်ယာဉ်များ နှစ်စဉ်တိုးတက် များလာပြီး မော်တော်ယာဉ် အခြေခံ ဗဟုသုတမရှိဘဲ လမ်းမပေါ်တွင် မောင်းနေသူများ ပိုမိုများပြား လာခြင်းကြောင့် ယခုလိုပညာပေးပွဲ ကျင်းပပေးခြင်း ဖြစ်ကြောင်း Ford ကုမ္ပဏီမှ Capital Automotive ၏ အထွေထွေမန်နေဂျာ Mike Peace ကပြောသည်။

ထို့ပြင် Ford မော်တော်ယာဉ်များကို နိုင်ငံတကာသို့ အရည်အသွေးတူ နောက်ဆုံးမော်ဒယ် ကားများကို ဆန်းသစ် တီထွင်မှု များဖြင့် တင်ပို့ရောင်းလျက် ရှိကြောင်းသိရသည်။

No comments:

Post a Comment