ရန်ကုန် နိုဝင်ဘာ ၂၇
၂၀၁၄- ၂၀၁၅ ပညာသင်နှစ်၊ ဒဂုံ တက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့၌ B.Sc (Sport) ပထမနှစ်နှင့် ဒုတိယနှစ်အတွက် အချိန်ဇယား (Time Table) ညှိနှိုင်း အစည်းအဝေးကို
ယနေ့ နေ့လည်(၁၂း၀၀)နာရီက ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်း၊
အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ရာ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဇော်ဝင်း တက်ရောက် အမှာစကား ပြောကြားပြီး အခမ်းအနားသို့ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှဌေးနှင့် ရတနာပုံတက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများ၊
ရန်ကုန်နှင့်မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံမှ ကျောင်းအုပ်ကြီးများနှင့်ဖိတ်ကြား
ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဒဂုံ တက္ကသိုလ်၌ ကျား(၂၇)ဦး၊
မ(၁၈)ဦး စုစုပေါင်း (၄၅)ဦး ပညာ သင်ကြားခဲ့ပြီး
ရတနာပုံ တက္ကသိုလ်၌ ကျား(၃၄)ဦး၊ မ(၂၄)ဦး စုစုပေါင်း (၅၈)ဦး ပညာ သင်ကြားခဲ့ပါကြောင်း၊
၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ ဒဂုံတက္ကသိုလ်တွင် ကျား (၃၅)ဦး၊ မ (၁၆)ဦး စုစုပေါင်း (၅၁)ဦး
ပညာ သင်ကြားမှာ ဖြစ်ပြီး၊ ရတနာပုံ တက္ကသိုလ်တွင် ကျား(၂၄)ဦး၊ မ(၂၃)ဦး စုစုပေါင်း (၄၇)ဦး
တက်ရောက် ပညာ သင်ကြားရန် အတွက် အသစ် ရွေးချယ် ထားပါကြောင်း၊ ယခု အစည်းအဝေးတွင် ပထမနှစ်နှင့် ဒုတိယနှစ်များ၌
ပညာ သင်ကြားမည့် အချိန်ဇယားများကို ညှိနှိုင်း ဆွေးနွေးပြီး ပညာရေးဌာနမှ လိုအပ်ချက်များကို
အားကစား ဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ဖို့ လိုအပ်ပါကြောင်း၊
အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သင်တန်းသားများကို ထားရှိပြီး
အားကစား လေ့ကျင့်ခန်းများကို သက်ဆိုင်ရာ ကွင်းများတွင် ဆက်လက် လေ့ကျင့် သွားမည် ဖြစ်ပါကြောင်း။
အဆင့်မြင့်ပညာ ဦးစီးဌာန၏ ပါမောက္ခချုပ်များ၏ ဆုံးဖြတ်ချက်နှင့် နောက်ဆုံး အခြေအနေအား
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Sport University ဖွင့်၍ မည်သည့် Department တွင် တွဲဖက်ထားရန်
မူတည်ကြောင်းကို ပြည်ထောင်စုဝန်ကြီးထံ တင်ပြသွားမည် ဖြစ်ပါကြောင်း၊ Time Table အရ ဒုတိယနှစ်တွင်
သင်ကြားမည့် ဘာသာရပ် ရွေးချယ်ရန် အားကစား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍
ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ပြီး ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်
ရန်ကုန်နှင့် မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံများ၏ ကျောင်းအုပ်ကြီးများမှလည်း စာတွေ့
လက်တွေ့ သင်ကြားမှုပိုင်း ဆိုင်ရာ အမှတ်ပေး စည်းမျဉ်း ကိုက်ညီမှုများကို ဂရုတစိုက် ဝိုင်းဝန်း
ဆွေးနွေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသော ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခများနှင့်
ဌာနမှူးများ၊ ရတနာပုံ တက္ကသိုလ်မှ ပါမောက္ခ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပထမနှစ်နှင့်
ဒုတိယနှစ်များ အတွက် English,
Applied Mathematics, Sports Science, Fitness & Condition, Aquatic, Chess
& Futsal ဘာသာရပ်များ အပြင် ဒုတိယနှစ် အတွက် Human Biology, Sports Adminastration, Sports
Medicine ဘာသာရပ်များ ထည့်သွင်း သင်ကြားပေးရန် အချိန်ဇယား ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်း
ရေးဆွဲခြင်း ကွန်ပျူတာ ကျွမ်းကျင်ရေး အတွက် ဘာသာရပ် တစ်ခု အနေဖြင့် သင်ကြားပေးရေး၊
အင်္ဂလိပ်စာ ဘာသာရပ်တွင် ကျွမ်းကျင်မှု ရှိစေရေးတို့အား ညှိနှိုင်း ဆွေးနွေးကြပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းသား လက်ခံမည့် နေ့ရက်၊ သင်တန်းသားများ နေထိုင်
စားသောက်ရေး ကိစ္စရပ်များ၊ ရန်ကုန်နှင့် မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများ
အနေဖြင့်လည်း အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနများကြား ပေါင်းကူး အနေဖြင့်
ဆက်သွယ် ဆောင်ရွက်ပေးနိုင်ရန် အပြည်အလှန် ညှိနှိုင်း ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊
သင်ကြားမှုပိုင်း ဆိုင်ရာနှင့် လက်တွေ့ပိုင်း ဆိုင်ရာများတွင် အားကစား ပစ္စည်း လိုအပ်ချက်များအား
ဖြည့်စွက်ရန် ကိစ္စရပ်များ၊ B.Sc (Sport) ပညာရပ်ဆိုင်ရာ ကိစ္စရပ်များ ပုံမှန် ရွေ့လျားခြင်းထက်
သင်တန်းသားများအား ပညာတတ်၍ ထူးချွန်ပြီး ဆက်သွယ်ရေးက အစ အားကစား အောင်မြင်သော လူငယ်များ
ဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်း ပေးကြသော ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့မှ
ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဌာနမှူးများအား အထူး ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့်
တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိ ဝါသနာပါသည့် အားကစားတွင် အောင်မြင်သော
နိုင်ငံ့ လက်ရွေးစင် အားကစား သမားကောင်း ဖြစ်ပြီး ပညာ ထူးချွန်သည့် လူငယ် အားကစားသမား
ဖြစ်စေရေး၊ နိုင်ငံတကာတွင် အားကစားနှင့် ပညာရေး၌ ဆင့်ကဲဆင့်ကဲ တာဝန် ပေးအပ်ရာတွင်
B.Sc (Sport)ဖြင့် အားကစား သမားများကို မွေးထုတ်ပေးသော Sport University ဖြစ်လာစေရေး၊
ထူးချွန်သော အားကစား သမားဖြစ်ပြီး နည်းပြကောင်းလည်း ဖြစ်ရန် လိုအပ်ကာ အုပ်ချုပ်ရေးပိုင်း
ဆိုင်ရာ ထူးချွန်သူများ ဖြစ်ဖို့ လိုအပ်ပါကြောင်း၊ အိုလံပစ် အားကစားတွင် ပါဝင်သော အားကစား
နည်းများ၌ ထူးချွန်သော အားကစား သမားများ ဖြစ်ရန် လိုအပ်ကြောင်း၊ စံချိန်ဖြင့် ပြိုင်သော
အားကစား နည်းများ၊ အသင်းလိုက် ယှဉ်ပြိုင်သော အားကစားနည်းများ၊ တစ်ဦးချင်း ယှဉ်ပြိုင်ရသော
အားကစားနည်းများ၌ Style, Basic နှင့် Technique ပိုင်းဆိုင်ရာ အားလုံးတွင် ကျွမ်းကျင်မှု
(Skill) လိုအပ်ပါကြောင်း၊ တစ်ဖက်မှ အားကစား ရည်မှန်းချက်ကို မပျောက်ဘဲ၊ ပညာရေးတွင်လည်း
ထူးချွန်အောင် ဘ၀ အာမခံချက် ကောင်းဖို့ ကြိုးစားကြရန် လိုအပ်ကြောင်း၊ နည်းပြ/ နည်းစနစ်မှူးများမှလည်း
မိမိ၏ သား/ သမီးများကဲ့သို့ ရင်ဝယ်မခြား တစ်ဦးချင်း အလိုက် ကျန်းမာရေး၊ စားသောက်ရေး၊
နေထိုင်ရေး ကိစ္စရပ်များ၊ အားကစား လေ့ကျင့်မှုနှင့် ယှဉ်ပြိုင်ရေး တို့တွင် တိုးတက်မှုရှိ/
မရှိ အထူး ဂရုစိုက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဗဟုသုတ ပြည့်ဝပြီး ပညာတတ်၍ ထူးချွန်သော
နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment