Friday, November 28, 2014

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် အသစ်လျှောက်ထားခြင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင် သက်သေခံလက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုး လျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက် ရှိပါသည်။


ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၂၈-၁၁-၂၀၁၄)ရက်နေ့ ပြုလုပ်သော ပြန်ကြားရေး ဝန်ကြီးဌာန စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုး ၁၈ ဦးနှင့် ထုတ်ဝေသူ သက်တမ်းတိုး ၁၉ ဦး ပေါင်း သက်တမ်းတိုး (၃၇)ဦးအား လည်းကောင်း၊ ပုံနှိပ်လုပ်ငန်း အသစ်လျှောက်ထားသူ ၉ ဦး၊ ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထားသူ သတင်းစာထုတ်ဝေခွင့် ၁ ဦး၊ ဂျာနယ်ထုတ်ဝေခွင့် ၃ ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် ၇ ဦး၊ အထွေထွေထုတ်ဝေခွင့် ၂၇ ဦး၊ သတင်းအေဂျင်စီလုပ်ငန်း ၂ ဦး ပေါင်း ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် ၄၉ ဦး တို့အား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ ရက်မှစ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး ၃၂ ဦးနှင့် အသစ်လျှောက်ထားသူ ၂၄ ဦးအား လည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် သက်တမ်းတိုး ၅၇ ဦးနှင့် အသစ်လျှောက်ထားသူ ၉၅ ဦးအား လည်းကောင်း စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ ဂျာနယ်ထုတ်ဝေခွင့်အသစ် လျှောက်ထားသူ (၄)ဦး၊ မဂ္ဂဇင်းထုတ်ဝေခွင့် အသစ်လျှောက်ထားသူ (၂)ဦး၊ အထွေထွေထုတ်ဝေခွင့်အသစ် လျှောက်ထားသူ (၁)ဦးနှင့် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုးလျှောက်ထားသူ (၁)ဦးတို့ကို အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment