Friday, November 28, 2014

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အာဆီယံ- ရုရှား လူငယ် အနုပညာ သံစုံတီးဝိုင်း ဖျော်ဖြေပွဲ အခမ်းအနား တက်ရောက် အားပေး


နေပြည်တော် နိုဝင်ဘာ ၂၇
အာဆီယံ- ရုရှား လူငယ် အနုပညာ သံစုံတီးဝိုင်းမှ ဖျော်ဖြေ တင်ဆက်သည့် The Cultural Program to celebrate Myanmar's Chairmanship of ASEAN-2014 ဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ည (၇)နာရီ (၁၀)မိနစ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။
တေးဂီတ ဖျော်ဖြေပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။



ဖျော်ဖြေပွဲတွင် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Vasily Pospelov တို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ထို့နောက် အာဆီယံ- ရုရှား လူငယ်အနုပညာ သံစုံ တီးဝိုင်းအဖွဲ့က ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်၊ တိမ်တမန် မြန်မာ တေးသီချင်းများ အပြင် ရုရှားနိုင်ငံ တေးသီချင်းများဖြင့် တီးခတ် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ယဉ်ကျေးမှု ၀န်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက ခိုင်ပန်းစုံ နှစ်ပါးသွား အကနှင့် ကဗျာ့ ပန်းမြိုင်လယ် ယိမ်းအကဖြင့် လည်းကောင်း၊ ရုရှား Folk Groupက ရုရှား တေးသီချင်းများဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲ အပြီးတွင် ပြည်ထောင်စု ၀န်ကြီး  ဦးအေးမြင့်ကြူနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးတို့က ဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်း စည်းတို့ကို ပေးအပ်ကြပြီး စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

No comments:

Post a Comment