နေပြည်တော် နိုဝင်ဘာ ၂၇
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေး ကောင်စီဝန်ကြီး
မစ္စတာ နီကိုလိုင်းပိ၊ ပက်ထရစ်ရှက်ဖ်အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဒုတိယ သမ္မတနှင့် အတူ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊
ဗိုလ်မှူးချုပ် အောင်သော်၊ ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဧည့်သည်တော် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
ရုရှားနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တိုးမြှင့်ရေးနှင့်
နိုင်ငံတကာ အသိုင်းအ၀ိုင်းပေါ် ကျရောက်နေသည့် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး
ခြိမ်းခြောက်မှု အန္တရာယ်များ တားဆီး ကာကွယ်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment