Saturday, November 29, 2014

အုပ်ချုပ်ရေးယန္တရားများ တိုးတက်ကောင်းမွန်စေရေးလုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး


နေပြည်တော် နိုဝင်ဘာ ၂၈

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ဌာနေ ညွှန်ကြားရေးမှူး Mr.Tolly Kurbanov သည် နိုင်ငံ တော်အစိုးရနှင့် UNDP ပူးပေါင်း ဆောင်ရွက်လျက်ရှိသော တိုင်းဒေသ ကြီး/ပြည်နယ်များ၏ ဒေသန္တရအုပ် ချုပ်ရေး လေ့လာတွေ့ရှိချက်များကို သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းထံသို့ ယနေ့ နံနက်ပိုင်းက လာရောက်တွေ့ဆုံ ရှင်းလင်းဆွေးနွေးသည်။


Mr.Tolly Kurbanov က လေ့လာတွေ့ရှိချက်များအရ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများသည် ဖွဲ့စည်းခါစ အတွေ့အကြုံမရှိမီအချိန်ထက် ယခုအခါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့် စွမ်းဆောင်ရည် တိုးတက်လာ ကြောင်း၊ ဆက်လက်၍ အုပ်ချုပ်ရေး ဖိုရမ်အပါအဝင် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။


ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက အစိုးရအုပ်ချုပ်မှုယန္တရား တိုးတက်ကောင်းမွန်စေရန် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ကို ပြည်သူများနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ရေးလုပ်ငန်း အမြဲတမ်းအတွင်းဝန်ရုံး ဖွဲ့စည်းရေး လုပ်ငန်း၊ မြို့နယ်စုပေါင်းရုံးများဖွဲ့စည်း ရေးလုပ်ငန်း၊ e-Government လုပ်ငန်းများဖြင့် အုပ်ချုပ်မှုယန္တရား ကျစ်လျစ်မှန်ကန် ကောင်းမွန်ရေး စီမံဆောင်ရွက်ရာတွင်လည်း ဖွံ့ဖြိုး မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment