Sunday, November 30, 2014

(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းများအလိုက် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် နိုဝင်ဘာ ၂၉

(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းများအလိုက် အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံ တွင်
ကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းများ အလိုက် အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ သွားလာတည်းခို နေထိုင်ရေးနှင့် အစားအသောက်၊ ကျန်းမာရေး စသည့် ကိစ္စရပ်များတွင် အခက်အခဲမရှိဘဲ အဆင်ပြေ ချောမွေ့စေရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ (၂၈) ကြိမ်မြောက် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အားကစားနည်း ၃၆ နည်း ထည့်သွင်းကျင်းပ မည်ဖြစ်ရာ မြန်မာအားကစားအဖွဲ့အနေဖြင့် လူစုံတက်စုံ သွားရောက်ယှဉ်ပြိုင် လိုစိတ်ရှိသော်လည်း နိုင်ငံတော်မှ ချမှတ်ပေးသည့် ဘဏ္ဍာငွေ အနေအထားကို ခြိုးခြံချွေတာလျက် ဆုတံဆိပ် မျှော်မှန်းနိုင်မည့် အဖွဲ့ချုပ် ၂၃ ဖွဲ့မှ အားကစား နည်းများကိုသာ စေလွှတ်ယှဉ်ပြိုင်ရန် လျာထားကြောင်း ပြောကြားသည်။

No comments:

Post a Comment