Saturday, November 29, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးသည့် အဖွဲ့များ၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင်ဘောလုံးအသင်းတို့နှင့် ပျူရှေး ဟောင်းမြို့ကြီး (၃)မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အောင်မြင်စွာထည့်သွင်း နိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ




နေပြည်တော် နိုဝင်ဘာ ၂၉
 (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအောင် မြင်စွာကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးသည့် အဖွဲ့များ၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ခွင့်ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်း မြို့ကြီး ()မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ ညနေ()နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊  ပြည်ထောင်စုလွှတ် တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ဘောလုံးအသင်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ အလှူရှင်များ၊ အနုပညာရှင်၊ အတတ်ပညာရှင်များ စုစုပေါင်း (၁၃၆၄)ဦးတက်ရောက်ကြသည်။          ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာသော (၂၅)ကြိမ်  မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအောင် မြင်စွာကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးသည့် အဖွဲ့များ၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင်ဘောလုံး အသင်းတို့နှင့် ပျူရှေးဟောင်းမြို့ကြီး()မြို့အား ကမ္ဘာ့အမွေ အနှစ်စာရင်းသို့ အောင်မြင်စွာထည့် သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ဂုဏ်ပြုနှုတ်ဆက်အမှာစကား ပြောကြားသည်။               ထိုသို့ပြောကြားရာတွင် ယခုဧည့်ခံပွဲ သည် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြု ခြင်းဖြစ်သကဲ့သို့ ယူ-၂၀ ကမ္ဘာ့ဘောလုံးအား ကစားပြိုင်ပွဲ၏ ခြေစစ်ပွဲကိုအောင်မြင်ပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှ ယူ-၁၉ ဘောလုံးအားကစား သမားများနှင့် ပျူရှေးဟောင်းမြို့ကြီး()မြို့အား ကမ္ဘာ့အမွေ အနှစ်စာရင်းသို့ အောင်မြင်စွာထည့် သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုခြင်းလည်းဖြစ်ပါကြောင်း။
၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မတိုင်မီ ကတည်းက ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် စည်ကားသိုက်မြိုက်စွာဖြင့် ကြီးကျယ် ခန်းနားစွာလက်ခံကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အောင်မြင်မှုလမ်းကြောင်းကို အစပျိုးနိုင် ခဲ့ကြပါကြောင်း။
ယခုနှစ် ဇန်နဝါရီလမှစတင်၍ တစ်နှစ်တာကာလပတ်လုံး နိုင်ငံတော်အဆင့် အာဆီယံ ထိပ်သီးအစည်း အဝေးများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးများ၊ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီး များအစည်းအဝေး၊ အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးများအပါအဝင် အာဆီယံဝန်ကြီး အဆင့်အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများ၊ လုပ်ငန်းအဖွဲ့အစည်း အဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အောင်မြင်စွာလက်ခံ ကျင်းပပေးနိုင်ခဲ့ကြပါကြောင်း။
ထို့ပြင် အာဆီယံသက်တမ်းတစ်လျှောက်တွင် အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနကို စတင်ထူထောင် နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဦးစီးဦးဆောင်ပြုဆောင် ရွက်နိုင်စွမ်းအားကို အာဆီယံအဖွဲ့ ဝင်နိုင်ငံများအပြင် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများနှင့် ပြင်ပနိုင်ငံများမှ ချီးကျူးထောက်ခံအားပေး ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့အောင်မြင်မှု များသည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု တည်း၏ ဆောင်ရွက်မှုအားဖြင့် ဆောင်ကြဉ်း၍ မရနိုင်ပါကြောင်း။
အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုသည် အာဆီယံထိပ်သီးအစည်းအဝေးကြီးနှစ်ခုကို အောင်မြင်စွာကျင်းပ ခြင်းဖြင့် မပြီးဆုံးပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးက ရာပေါင်းများစွာသော အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြရပါကြောင်း၊  ဤလုပ်ငန်းတွင် မြန်မာနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် ဧည့်ဝတ်ကျေပွန်မှုကို ပြသနိုင်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်အောင် လည်း ဌာနဆိုင်ရာအသီးသီး၊ ပုဂ္ဂလိကကဏ္ဍ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ လူငယ်ထု၊ အမျိုး သမီးထုများ၊ မသန်သော်လည်းစွမ်းသူများ၊ ပြည်သူများနှင့် ပြည်သူ့ အခြေပြု အရပ်ဘက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် စာနယ်ဇင်းပုဂ္ဂိုလ်များက တက်ညီလက်ညီ ပါဝင်ဆောင်ရွက် ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့ကြပါကြောင်း၊ ယင်းသို့ အင်တိုက် အားတိုက်ဆောင်ရွက်ခဲ့ကြသည့်အတွက် ပါဝင်ဆောင်ရွက်ခဲ့သူအားလုံးကို ဂုဏ်ယူဝမ်းမြောက် မှတ်တမ်း တင်ပါကြောင်း။
မိမိတို့သည် အာဆီယံဥက္ကဋ္ဌတာဝန်ကို အာဆီယံအဖွဲ့ဝင်သက်တမ်း (၁၇)နှစ်တာကာ လတွင် ပထမဆုံးအကြိမ် ခက်ခက်ခဲခဲရယူထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး နောင်နှစ်ပေါင်း (၁၀)ကြာ မှသာ ပြန်လည်တာဝန်ထမ်းဆောင်ရ မည်ဖြစ်သည့်အတွက် ယခု ၂၀၁၄ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အစိုးရနှင့်ပြည်သူ လက်တွဲညီညီ ပေါင်းစည်းဆောင်ရွက်မှုကြောင့် ရရှိလာသည့် အောင်မြင်မှုရလဒ်သည် နောင်လာနောင်သားတိုင်းအတွက် အတုယူဖွယ်ရာ စံနမူနာကောင်း တစ်ခုအနေဖြင့် နောင်ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်တည်ရှိနေမည် ဖြစ်ပါကြောင်း။
အာဆီယံဥက္ကဋ္ဌဆောင်ရွက်မှုနှင့်အတူ အားကစားပိုင်းတွင်လည်း မြန်မာနိုင်ငံသည် မိမိ၏ပင်ကိုစွမ်းရည်ကို ပြန်လည်ပြသနိုင်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ အားကစားပွဲကြီးကို အောင်မြင်စွာကျင်းပခဲ့ပြီးသည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံက အားကစားသမားများ၏စွမ်းရည်ကို နိုင်ငံတကာသို့ ပြသနိုင်သည့် အခွင့်အရေး ရရှိခဲ့ပါကြောင်း။
၂၀၁၄ခုနှစ် အာရှဘောလုံးဖက်ဒရေးရှင်း၏ အသက်(၁၉)နှစ်အောက် (၃၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ခြေစစ်ပွဲအောင် မြင်ပြီး ကာတာ၊ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံများနှင့်အတူ ၂၀၁၅ခုနှစ် နယူးဇီလန်တွင်ကျင်းပမည့် နိုင်ငံတကာဘောလုံး ဖက်ဒရေးရှင်း၏ အသက်(၂၀)အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယူ-၁၉ဘောလုံးအဖွဲ့၏ အောင်မြင်မ သည် မြန်မာနိုင်ငံ၏ ဂုဏ်ယူ စရာကောင်းသည့် အောင်မြင်မှုဖြစ်ပါကြောင်း။
နောက်ဆုံးအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဟန်လင်း၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင် ဗိဿနိုးနှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သရေခေတ္တရာ ပျူမြို့ဟောင်း()မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင်ထည့်သွင်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား  ဂုဏ်ပြုစကားပြောကြားလိုပါကြောင်း။
ဤသို့ အဖိုးမဖြတ်နိုင်သည့် မြို့ဟောင်းကြီးများ၊ အဆောက်အအုံကြီးများ၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ခေတ်အဆက်ဆက်က သမိုင်းပညာရှင်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ သုတေသီများက ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာဖြင့် ဖော်ထုတ်ထိန်းသိမ်း လာကြသကဲ့သို့ ဒေသခံပြည်သူ များကလည်း ဝိုင်းဝန်စောင့်ရှောက်ထိန်း သိမ်းခဲ့၍သာ ယခုအချိန်အထိ မျက်ဝါးထင်ထင်တွေ့မြင် လေ့လာနိုင်ကြခြင်းဖြစ်ပါကြောင်း၊ ယင်းအမွေအနှစ် များကို ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းစောင့် ရှောက်ရာတွင်လည်း ယခုကဲ့သို့ အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကျင်းပခဲ့မှု၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်း၏ ပြိုင်ပွဲဝင်မှတ်တမ်းနှင့် ပျူရှေးဟောင်းမြို့ကြီး ()မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အောင်မြင်စွာထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့မှုမှတ် တမ်း ဗီဒီယိုတို့အား ပြသသည်။
ယင်းနောက် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်ယူ-၁၉ လက်ရွေးစင်ဘောလုံးအသင်းကိုယ်စား အသင်းခေါင်း ဆောင်က ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများက ညစာသုံးဆောင်ကြရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့် သံစုံတီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
              

No comments:

Post a Comment