Thursday, November 27, 2014

တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံး မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ်  နိုဝင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ အမှတ်(၁) အခြေခံပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူရုံး မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက်(၀၉၀၀)နာရီ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၊ပညာဗိမာန်ခန်းမတွင်ပြုလုပ် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (ကိုယ်စား) တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ် စတင်တာဝန် ယူပြီးနောက် နိုင်ငံတော်အတွင်း သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ပေါ်လာစေရန် ဦးတည်ပြီး ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ သည် ကျောင်းပညာရေးအချိန်အနေ သာမက ဝေးလံသောဒေသနှင့် ငြိမ်းချမ်းရေးနယ်မြေ အတွင်း နေထိုင်ကြသော ကလေးများ၏ ပညာရေးအချိန်အနေ၊ ကျောင်းမနေသော ကျောင်းပြင်ပကလေးများ၏ အခြေအနေများကို ထည့်သွင်းလေ့လာဆွေးနွေးပြီး ကလေးများအားလုံး အတွက် မြင့်မားဆုံးပညာရေးရရှိစေရန် အကောင်းဆုံး နည်းလမ်းများကို လေ့လာရှာဖွေ ကြရမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း UNICEF အနေဖြင့် ရေဖြူ မြို့နယ်နှင့် သရက်ချောင်းမြို့နယ်များတွင် Quality Basic Education အရည်အသွေးမြှင့် အခြေခံပညာရေးအတွက် (၂၀၁၂)ခုနှစ် ကနေ ယခုနှစ်အထိ ဆောင်ရွက်ပေးနေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပညာရေး နဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများအတွက် UNICEF အဖွဲ့ကြီးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂကလေးများ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံ(UNICEF Myanmar )ရန်ကုန်ရုံးမှ Mr.John Timothy Denny က ပညာရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က လိုအပ်သည်များကို ဖြည့်ဆည်းမှာကြား သည်။

ဆွေးနွေးပွဲတွင် Mr.John Timothy Denny နှင့် တာဝန်ရှိသူများ၊ (ထားဝယ်၊ရေဖြူ၊ သရက်ချောင်း ) မြို့နယ်များ မှ ကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ၊သင်တန်းသား/သင်တန်းသူများက မြို့နယ်ပညာရေး ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ရာတွင် ပညာရေးဌာန၏ အဆင့်အလိုက် အခန်းကဏ္ဍ တာဝန်၊ ၀တ္တရားများနှင့် ပတ်သက်၍ လည်းကောင်း၊ ကျောင်းနယ်မြေအလိုက် အညွှန်းကိန်းများကို ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဗျူဟာမြောက် ရည်မှန်းချက် ပန်းတိုင်းများနှင့် ပညာမျှော်မှန်းချက် ဖော်ထုတ်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက် မှု စီမံကိန်း ဘက်ဂျက်စီမံချက် ရေးဆွဲခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း လေ့လာကြီးကြပ် စစ်ဆေးရေး ပုံစံရေးဆွဲခြင်းနှင့် အစီရင်ခံခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ရှေ့လုပ်ငန်းစဉ် ရေးဆွဲခြင်းနှင့် ဆွေးနွေးပွဲအကြောင်းအရာများ အပေါ်မေးခွန်းလွှာဖြေကြားခြင်းနှင့် ပတ်သက်၍ လည်းကောင်း အုပ်စုဖွဲ့၍ ဆွေးနွေးပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၆)ရက်နေ့မှ(၂၉)ရက်နေ့အထိ (၄)ရက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment